စၾကာဝဠာအနႏၵ၌ရွိၾကကုန္ေသာ လူ၊နတ္၊ျဗမၼာ၊သတၱဝါအားလံုးတိုသည္ ကိုယ္စိတ္နွစ္ျဖွာခ်မ္းသာၾကပါေစ၊ေကာင္းက်ဳိးလိုရာစႏၵ ျပည္ဝၾကပါေစ...







ေခြးစာ စားျပီး အသက္ရွင္ရသူ



ေခြးစား စားျပီး အသက္ရွင္ရသူဆုိလုိ႔ တစ္မ်ိဳးမထင္လိုက္ပါနဲ႔။ ပံုမွာ ျမင္ေတြ႔ ေနရတဲ့ အသက္ ၃၈ႏွစ္အရြယ္ Lucy Postins အမည္ရ အမ်ိဳးသမီးဟာ The Honest Kitchen လို႔အမည္ရတဲ့ အေမရိက နဲ႔ ဥေရာပက နာမည္ၾကီး ေခြးအစားအစာ ထုတ္လုပ္ေရာင္းခ်ေရး ကုမၸဏီ ပိုင္ရွင္ ျဖစ္ပါတယ္။ သူမဟာ ကုမၸဏီရဲ႕ ပိုင္ရွင္၊ စီအီးအို ျဖစ္သလို ေခြးစာ အစားအစာကို စမ္းသပ္ ျမည္းဆန္းသူ လည္း ျဖစ္ပါတယ္။

ယင္းကို dog food human taster ရာထူးလုိ႔လည္းေခၚျပီး သူမဟာ ဆုိရင္ ယင္း အသက္ေမြးဝမ္းေက်ာင္းလမ္းေပၚမွာ အဆင့္အျမင့္ဆံုး ကြ်မ္းက်င္ထားျပီးသူ ျဖစ္ ပါတယ္။ သူမ တစ္ေယာက္တည္းတင္ မဟုတ္ပဲ ေခြးစားကို စမ္းသပ္ျမည္းစမ္းစားသံုးတဲ့ အလုပ္္အကိုင္ဟာ ဝင္ေငြေကာင္းတဲ့ အလုပ္အျဖစ္လည္း ပါဝင္ေနျပီး အေတြ႔အၾကံဳမရွိပဲ စလုပ္ရင္ေတာ့ တစ္ႏွစ္ကို ဝင္ေငြအားျဖင့္ အေမရိကန္ေဒၚလာ ၃ေသာင္း ရႏိုင္ပါတယ္။ ဝါရင့္သြားျပီ ဆုိရင္ တစ္လကို အေမရိကန္ေဒၚလာ ၆ေသာင္း၊ ၇ ေသာင္းေလာက္ ရရွိျပီး တစ္ႏွစ္ဝင္ေငြ အေမရိကန္ေဒၚလာ ၈ သိန္းနား ကပ္ပါတယ္။

ယင္းအလုပ္ကို လုပ္မယ္ဆုိရင္လည္း ခိုင္မာျပီး က်န္းမာတဲ့ သြားရွိဖို႔လိုအပ္ပါတယ္တဲ့။ ေခြးစာမ်ားကို လူသားတို႔ စမ္းသပ္ စားသံုးၾကည့္ရတဲ့ အဆင့္ တစ္ခုထားရွိထားျပီး ယင္းအဆင့္ေအာင္ျမင္မွသာ ထုတ္လုပ္မွု ေနာက္တစ္ဆင့္ကို သြားတာ ျဖစ္ပါတယ္။ လူသားကိုလည္း ဆုိးက်ိဳးမျဖစ္ေစပါဘူး။ ေခြးေတြ စားခ်င္စိတ္ ရွိမရွိ၊ အရသာ သူတို႔အတြက္ ေကာင္းမေကာင္း စမ္းစစ္ရတာ ျဖစ္ပါတယ္။ ယင္း အဆင့္ကို ေက်ာ္လြန္ျပီးမွလည္း သူတို႔ႏိုင္ငံက FDA ဟာ ေရာင္းခ်ဖို႔ ခြင့္ျပဳ ပါသတဲ့။

ပံုမွာ ျမင္ေတြ႔ရတဲ့ အမ်ိဳးသမီး Lucy Postins ဟာ တစ္ဘဝစာလံုး ေခြးစားကို စမ္းသပ္စားသံုးမွုနဲ႔ ၾကိဳးစားလာျပီး ၾကီးပြားေအာင္ျမင္တဲ့ စီးပြားေရး လုပ္ငန္း တစ္ခု ျဖစ္လာခ့ဲပါတယ္။ တစ္ခါတစ္က်ေတာ့ စီးပြားေရး လုပ္တဲ့အခါ၊ အလုပ္လုပ္တဲ့ အခါ သမာအာဇီဝ မွန္ရင္၊ လူကဲ့ရဲ႕မွာ မေၾကာက္ရင္ အေျခအေန ေနရာ တစ္ခုေတာ့ ေရာက္ႏိုင္ေၾကာင္းကို သူမက သက္ေသျပခဲ့ ပါတယ္။
.
Ref: dailymail
  ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#news_yyl
www.yoyarlay.com

(Unicode version)

ခွေးစာ စားပြီး အသက်ရှင်ရသူ

ခွေးစား စားပြီး အသက်ရှင်ရသူဆိုလို့ တစ်မျိုးမထင်လိုက်ပါနဲ့။ ပုံမှာ မြင်တွေ့ နေရတဲ့ အသက် ၃၈နှစ်အရွယ် Lucy Postins အမည်ရ အမျိုးသမီးဟာ The Honest Kitchen လို့အမည်ရတဲ့ အမေရိက နဲ့ ဥရောပက နာမည်ကြီး ခွေးအစားအစာ ထုတ်လုပ်ရောင်းချရေး ကုမ္ပဏီ ပိုင်ရှင် ဖြစ်ပါတယ်။ သူမဟာ ကုမ္ပဏီရဲ့ ပိုင်ရှင်၊ စီအီးအို ဖြစ်သလို ခွေးစာ အစားအစာကို စမ်းသပ် မြည်းဆန်းသူ လည်း ဖြစ်ပါတယ်။

ယင်းကို dog food human taster ရာထူးလို့လည်းခေါ်ပြီး သူမဟာ ဆိုရင် ယင်း အသက်မွေးဝမ်းကျောင်းလမ်းပေါ်မှာ အဆင့်အမြင့်ဆုံး ကျွမ်းကျင်ထားပြီးသူ ဖြစ် ပါတယ်။ သူမ တစ်ယောက်တည်းတင် မဟုတ်ပဲ ခွေးစားကို စမ်းသပ်မြည်းစမ်းစားသုံးတဲ့ အလုပ်အကိုင်ဟာ ဝင်ငွေကောင်းတဲ့ အလုပ်အဖြစ်လည်း ပါဝင်နေပြီး အတွေ့အကြုံမရှိပဲ စလုပ်ရင်တော့ တစ်နှစ်ကို ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၃သောင်း ရနိုင်ပါတယ်။ ဝါရင့်သွားပြီ ဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ ၆သောင်း၊ ၇ သောင်းလောက် ရရှိပြီး တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ သိန်းနား ကပ်ပါတယ်။

ယင်းအလုပ်ကို လုပ်မယ်ဆိုရင်လည်း ခိုင်မာပြီး ကျန်းမာတဲ့ သွားရှိဖို့လိုအပ်ပါတယ်တဲ့။ ခွေးစာများကို လူသားတို့ စမ်းသပ် စားသုံးကြည့်ရတဲ့ အဆင့် တစ်ခုထားရှိထားပြီး ယင်းအဆင့်အောင်မြင်မှသာ ထုတ်လုပ်မှု နောက်တစ်ဆင့်ကို သွားတာ ဖြစ်ပါတယ်။ ခွေးတွေ စားချင်စိတ် ရှိမရှိ၊ အရသာ သူတို့အတွက် ကောင်းမကောင်း စမ်းစစ်ရတာ ဖြစ်ပါတယ်။ ယင်း အဆင့်ကို ကျော်လွန်ပြီးမှလည်း သူတို့နိုင်ငံက FDA ဟာ ရောင်းချဖို့ ခွင့်ပြု ပါသတဲ့။

ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီး Lucy Postins ဟာ တစ်ဘဝစာလုံး ခွေးစားကို စမ်းသပ်စားသုံးမှုနဲ့ ကြိုးစားလာပြီး ကြီးပွားအောင်မြင်တဲ့ စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်လာခဲ့ပါတယ်။ တစ်ခါတစ်ကျတော့ စီးပွားရေး လုပ်တဲ့အခါ၊ အလုပ်လုပ်တဲ့ အခါ သမာအာဇီဝ မှန်ရင်၊ လူကဲ့ရဲ့မှာ မကြောက်ရင် အခြေအနေ နေရာ တစ်ခုတော့ ရောက်နိုင်ကြောင်းကို သူမက သက်သေပြခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...