စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကံမကောင်းခြင်းကြောင့် ကင်ဆာအမျိုးအစား သုံးပုံနှစ်ပုံအား ဖြစ်ပွားစေနိုင်





ကင်ဆာရောဂါအများအပြားအ တွက် အဓိကဖြစ်ပွားရခြင်းအကြောင်းရင်းမှာ ကံမကောင်းခြင်းကြောင့်ဖြစ် သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ပညာရှင်များကဆိုသည်။ အရွယ်ရောက် သူများတွင် ဖြစ်ပွားသည့် ကင်ဆာ များ၏ သုံးပုံနှစ်ပုံမှာ မျိုးဗီဇကျပန်း ပြောင်းလဲမှုကြောင့်ဖြစ်သည်ဟု ကင် ဆာရောဂါဆိုင်ရာပညာရှင်တစ်ဦးက ဆိုသည်။ ထိုတွေ့ရှ…ိမှုက ကင်ဆာရော ဂါဖြစ်ပွားစေသည့် အကြောင်းရင်း များနှင့်ပတ်သက်သည့် လူအများ၏ ထင်မြင်ယူဆမှုအား ပြောင်းလဲပေး နိုင်မည်ဟု ဂျွန်ဟော့ကင်းမှပညာရှင်များကဆိုသည်။ ထို့အပြင် မျိုးဗီဇ ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာ သည့် ကင်ဆာများအား ကုသနိုင်သည့် ကနဦးအဆင့်တွင် စောစီးစွာရှာဖွေ စမ်းသပ်ကုသနိုင်ရေးအတွက် ပိုမိုအာ ရုံစိုက်လာစေမည်ဟုဆိုသည်။

သို့သော် ယခုတွေ့ရှိချက်မှာ ဆေးလိပ်သောက်ခြင်းဖြင့် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုအကာအကွယ် များနှင့်ပတ်သက်၍မူ ယခင်သတ်မှတ် ချက်များကို ပြောင်းလဲစေမည်မဟုတ် ပေ။ အဆုတ်ကင်ဆာနှင့် အရေပြား ကင်ဆာအပါအ၀င် ကင်ဆာရောဂါ အချို့မှာ နေထိုင်မှုပုံစံနှင့် ပတ်ဝန်း ကျင်သက်ရောက်မှုက အရေးပါသည့် အကြောင်းရင်းဖြစ်သည်။ အချို့ကင် ဆာများတွင်မူ မျိုးရိုးလိုက်သည့်ဗီဇ သက်ရောက်မှုက ပိုမိုအရေးပါသည် ဟုဆိုသည်။ အရွယ်ရောက်သူများ တွင် ဖြစ်ပွားသည့် ကင်ဆာသုံးပုံတစ် ပုံမှာ ပတ်ဝန်းကျင်သက်ရောက်မှုနှင့် မျိုးရိုးလိုက်မှုကြောင့်ဖြစ်သည်။ အမှန် တကယ်အားဖြင့် အကြောင်းအရာ သုံးမျိုးလုံးစုစည်းဖြစ်ပေါ်စေခြင်းဖြစ် သည်ဟု ဆိုသည်။ သုတေသနပညာ ရှင် ဘတ်ဗိုဂယ်စတိန်းက “ကင်ဆာ အားလုံးက ကံမကောင်းခြင်း၊ မျိုးရိုး လိုက်ခြင်းနဲ့ ပတ်ဝန်းကျင်သက်ရောက် မှုတွေ စုပေါင်းပြီးဖြစ်ပေါ်စေတာပါ။ ကင်ဆာဖြစ်ပွားမှုမှာ ဒီအကြောင်းအ ရာ သုံးမျိုးရဲ့သက်ရောက်မှု ပမာဏ ကိုဖော်ပြတဲ့ နမူနာပုံစံတစ်ခုဖန်တီး နေပါတယ်” ဟု ပြောကြားသည်။

ကျန်းမာရေးနှင့် မညီသည့်နေ ထိုင်မှုပုံစံမှာ ကင်ဆာဖြစ်ပွားစေမှုပို မိုမြင့်မားစေသည့်အချက်ဖြစ်သည်။ “နေထိုင်မှုပုံစံနဲ့ အမူအကျင့်တွေပြောင်း လဲတာက ကင်ဆာရောဂါအချို့ကို ကာကွယ်ရာမှာ ကြီးမားတဲ့အထောက် အကူဖြစ်စေပါတယ်။ ဒါပေမဲ့ အခြား အမျိုးအစားတွေမှာတော့ ထိရောက် မှုမရှိပါဘူး” ဟု ကင်ဆာရောဂါဆိုင် ရာပညာရှင်တစ်ဦးဖြစ်သူ ခရစ်ရှန်တို မာဆက်တီကဆိုသည်။ ၎င်းက ကင် ဆာရောဂါအား စောစီးစွာရှာဖွေစမ်းသပ်ကုသနိုင်ရေးအပေါ် အားထား ဆောင်ရွက်ရမည်ဟုဆိုသည်။

ခန္ဓာကိုယ်တွင် ထိခိုက်ပျက်စီးသွားသည့် တစ်သျှူးများအား ပြုပြင်ရန် ပင်မဆဲလ်က ထပ်ကာထပ်ကာ ပွားထုတ်ပေးလျက်ရှိသည်။ တစ်ခါတစ်ရံတွင် ဒီအန်အေပုံတူပွားရာ၌ အ မှားအယွင်းဖြစ်ပေါ်ကာ မျိုးဗီဇပြောင်း လဲစေသည်။ ထိုသို့ပြောင်းလဲသွား သည့် မျိုးဗီဇအချို့ ကင်ဆာဖြစ်ပွား စေသည်။ မျိုးဗီဇပြောင်းလဲမှု ပိုမိုများ ပြားလျှင် ကင်ဆာဖြစ်ပေါ်စေမှု ပိုမို မြင့်မားသည်ဟု ဗိုဂယ်စတိန်းကဆို သည်။ ထိုအချက်အား သိပ္ပံပညာရှင် များက ယခင်ကတည်းက သိရှိပြီး ဖြစ်သော်လည်း လွှမ်းမိုးသက်ရောက်မှုပမာဏကြီးမားသည်ကို ယခုမှဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...