စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိဘ ၂ ပါးစလုံး နှစ်ခြား ကွယ်လွန်သွားမှု အပေါ် ငိုကြွေးရာမှတစ်ဆင့် အမျိုးသမီး တစ်ဦး မျက်လုံးပြူးထွက်ခဲ့



ဆေးကုသရန် ငွေကြေးမတတ် နိုင်ခဲ့သည့် အတွက် ဖခင်သေဆုံး သွားခဲ့သည်ဟု ဆိုကာ ဆက်တိုက် ငိုကြွေးရာမှ တစ်ဆင့် မျက်လုံးပြူး ထွက်လာသော အသက် ၂ဝ ကျော် အမျိုးသမီးငယ်၏ ရောဂါကို ရန်ကုန် ဆေးရုံကြီး၌ ရှေ့အပတ် တွင် စတင် ကုသပေးတော့မည် ဟု သတင်း ရရှိသည်။
လွန်ခဲ့သည့် ၄ နှစ်ခွဲကျော် ကာလ သူမအသက် ၁၇ နှစ် အရွယ် တက္ကသိုလ်ဝင်တန်း တက် ရောက်နေချိန်၌ အသက် ၇၅ အရွယ်ရှိ ဖခင်ဖြစ်သူမှာ လူကြီး ရောဂါဖြင့် ကွယ်လွန် သွားခဲ့ရာမှ စကာ ဘယ်ဘက် မျက်လုံး တဖြည်း ဖြည်း ကြီးလာခဲ့ပြီး ထိုအတိုင်း လက်ရှိ အချိန်အထိ နေလာခဲ့ပြီး ယခုမှ လာရောက် ကုသခြင်းဖြစ် သည်ဟု ကာယကံရှင် အမျိုးသမီး ငယ်က ပြောသည်။


”မိဘနှစ်ပါးစလုံး မရှိတော့ တဲ့အတွက် စီးပွားရေး ကလည်း မပြေလည်တော့ပါဘူး။ ဒါကြောင့် ဆေးမြီးတိုလေးတွေ နဲ့ ဒီလိုပဲ ကု လာခဲ့တာ။ ခု မျက်လုံးက သိပ် လည်း မမြင် ရတော့ဘူး။ ကိုက် လည်း ကိုက်လာတယ်”ဟု ၄င်းက ဆိုသည်။


သူမနေထိုင်ရာ ဟင်္သာတ မြို့နယ် ကန်ကြီးထောင့် ကျေးရွာ မှ ဟင်္သာတ မြို့နယ် ဆေးရုံသို့ ယခင်က သွားရောက် ပြသခဲ့ဖူးပြီး လည်ပင်းကြီး ရောဂါဟု ဆေးရုံက အမည် တပ်ကာ ဆေးဝါး ကုသ ခဲ့သော်လည်း မပျောက်ခဲ့ဟု ၄င်း က ဝေဒနာ ဖြစ်ဖြစ်ချင်း သွား ရောက် ကုသခဲ့ပုံ ကို ပြန်ပြောပြ သည်။
နယ်ဆေးရုံသို့ သွားပြပြီး မပျောက်သည့် အတွက် မကုသဘဲ ဆက်လက် နေထိုင်နေရာ နောက်ဆုံး တွင် ရန်ကုန်သို့ တက်ရောက် ကုသဖို့ရန် အလှူရှင် ပေါ်လာ၍ လာရောက် ခြင်း ဖြစ်သည်ဟု သူမ အဒေါ် ဖြစ်သူ ဒေါ်မာရီက ပြော သည်။


”အပျိုပေါက်လေး ဆိုတော့ ရှက်တာပေါ့။ သူ့ခမျာ အိပ်လည်း မျက်စိ မှိတ်လို့ မရ။ ရှက်ပြီး ကျောင်းလည်း မနေတော့ဘူး။ ဒီလိုနေ လာရင်းကနေ ပြည်ခိုင်ဖြိုး က ဦးဌေးဦး ရွာလာရင်း ရွာခံတွေ က ပြောပေးကြ ရာကနေ ဒီရောက် လာတာ” ဟု ဒေါ်မေရီက ဆက် ပြောသည်။


ရန်ကုန် ဆေးရုံကြီးမှ ပါမော က္ခဌာနမှူး ဒေါက်တာမြတ်သူ က ”ဒါက အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါပါ။ မျက်လုံး အနောက်မှာ ရှိတဲ့ အရိုးကြီး လာတာ။ ဒါခွဲစိတ် ကုသ ရမယ်”ဟုပြောသည်။
အဆိုပါ အမျိုးသမီးငယ် ခံစားနေ ရသော ဝေဒနာ မျိုးသည် ဖြစ်လေ့ ဖြစ်ထ ရှိပြီး ခွဲစိတ် ကုသမှု ခံယူပါက ပျောက်ကင်းရန် ၈ဝ ရာခိုင်နှုန်း သေချာသည်ဟု ၄င်း က ပြော သည်။ ဇန်နဝါရီလ ၆ ရက်နေ့ က သူမ၏ မျက်လုံးနှင့် ဦးနှောက်ကို ဓာတ်မှန် ရိုက်ခဲ့သည် ဟု ပါမောက္ခ ဌာနမှူး ဒေါက်တာ မြတ်သူက ပြောသည်
ကုသမှု ကြာမြင့်ချိန် အပါ အဝင် ရောဂါ အသေးစိတ် အချက် အလက် များကို စစ်ဆေးဆဲ ဖြစ်၍ ရန်ကုန် ဆေးရုံကြီးဘက်က အတိ အကျ ထုတ်ဖော် မပြောသေးပေ။
P-News
Popular


https://www.facebook.com/myanmakyaymon/photos/a.623687667672709.1073741828.612

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...