စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စာချစ်သူတို့အတွက် သီးသန့်ကမ္ဘာ

ဓာတ်ပုံ− နစ်ကီ

တစ်ပတ်လုံး ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ရင်း ရုံးပိတ်ရက်မှာတော့ အပြင်ကိုထွက်ပြီးလည်ပတ်ကာ အပန်းဖြေသူများလည်းရှိသလို အိမ်မှာပဲ အိမ်အလုပ်တွေလုပ်ရင်း နားနေတတ်သူတွေလည်း ရှိပါတယ်။
ပိတ်ရက်အိမ်မှာနားနေပြီး ရုပ်ရှင်ကြိုက်တဲ့သူတွေကတော့ ဇာတ်ကားကောင်းလေးတွေ လိုအပ်သလို  စာဖတ်ဝါသနာပါသူတွေအတွက် စာအုပ်ကောင်းတွေ လိုအပ်ပါတယ်။

အိမ်မှာ အေးအေးဆေးဆေးနားပြီး စားဖတ်နိုင်ဖို့ ကိုယ့်စိတ်ကြိုက်စာအုပ်လေးတွေကို ရွေးချယ်ပြီးတော့ပိတ်ရက်မရောက်ခင်မှာ ၀ယ်ဖို့ လိုပါလိမ့်မယ်။
ဒါကြောင့် ဒီတစ်ပတ် ပိတ်ရက်မှာတော့ အိမ်မှာပဲ နားနေမယ့်သူတွေအတွက် စာအုပ်ကောင်းတွေ စုံစုံလင်လင်ရနိုင်မယ့်ရန်ကုန်မြို့တွင်းက  နေရာအချို့ကို  ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးညွှန်ပြချင်တဲ့ဆိုင်ကတော့  ရွှေတိဂုံအနောက်ဘက်မုခ်အနီးမှာရှိတဲ့ Myanmar Cultural Valley ထဲက Tab Book Center စာအုပ်အရောင်းဆိုင်ပဲ ဖြစ်ပါတယ်။ အဲဒီဆိုင်က စာရေးဆရာမျိုးစုံတို့ရဲ့ သုတရသ၊ သမိုင်း၊ ၀တ္ထု၊ ရုပ်ပြ၊ ဘာသာရေး၊ စီးပွားရေး စသည့်စာအုပ်တို့ကို စုံစုံလင်လင် ရနိုင်တာကြောင့် လူသိများတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ ပြီးတော့ ပြည်လမ်းတော်ဝင်စင်တာမှာလည်း တစ်ဆိုင်ရှိပါတယ်။
အဲဒီဆိုင်မှာ သုတရသစာအုပ်တွေကအစ၊ သမိုင်းစာအုပ်တွေ၊ ပညာရပ်ဆိုင်ရာစာအုပ်တွေကို စာရေးဆရာပေါင်းများစွာက ရေးသားထားတဲ့ စာအုပ်တွေကို စုံစုံလင်လင်ရနိုင်ပါတယ်။

ပြီးတော့ ဗေဒင်ပညာနဲ့ဆိုင်တဲ့ စာအုပ်တွေကအစ စုံစုံလင်လင်ရနိုင်ပါတယ်။ Tab Book Center စာအုပ်ဆိုင်မှာ ထူးခြားချက် တစ်ခုကတော့ စာကြည့်တိုက်လေးတစ်ခုကို ဖန်တီးပေးထားပါတယ်။ စာအုပ်ချစ်သူများဆိုင်ကို စာအုပ်လာဝယ်ရင်းစာကြည့်တိုက်က စာအုပ်တွေကိုလည်း ဖတ်ရှုနိုင်မှာပါ။ ပြီးတော့ ဆိုင်ထဲမှာ စာအုပ်အမြည်းဖတ်လို့ရမယ့် နေရာလေးတွေကိုလည်း သီးသန့် စီစဉ်ပေးထားတာကြောင့် စာအုပ်ဝယ်မယ့်သူတွေအတွက် အဆင်ပြေမယ့် နေရာကောင်းလေးလို့ ဆိုချင်ပါတယ်။

ကလေးငယ်များပါလာရင်လည်း သူတို့အတွက် ကလေးစာ ဖတ်ခုံလေးတွေကိုလည်း စီစဉ်ပေးထားတာရှိပါတယ်။

နောက်ပြီး Tab Book Center စာအုပ်ဆိုင်က ဖတ်စရာစာအုပ် တစ်ခုတည်းရောင်းပေးရုံသာမက သီချင်းခွေတွေကိုလည်း ရောင်း ပေးပါတယ်။ နိုင်ငံခြားသံစဉ်၊ မြန် မာသံစဉ်တို့ကအစ ကိုရီးယားသီ ချင်းအခွေတွေကိုလည်း စုံစုံလင် လင်ရနိုင်ပါတယ်။

Tab Book Center ရဲ့ထူးခြား ချက်ကတော့ စာအုပ်အဟောင်း တန်းကိုလည်း စီစဉ်ပေးထားတာ ကြောင့် စာအုပ်အဟောင်းနှစ် သက်တဲ့ သူတွေအတွက် တကယ် ကို အဆင်ပြေစေတဲ့ အစီအစဉ် တစ်ခုပါ။ အဲဒီအဟောင်းတန်းမှာ တော့ အပြင်မှာရှာဝယ်လို့မရတဲ့ စာအုပ်တွေ၊ နောက်ထပ်မထုတ် တော့တဲ့ စာအုပ်တွေကို စုဆောင်း ပြီး ရောင်းပေးတာလို့ ဆိုပါတယ်။

ကဲ..နောက်ထပ် စာအုပ်ဝယ် လို့ကောင်းမယ့် ဆိုင်တစ်ဆိုင်ကို လည်း ထပ်ပြီးညွှန်ပြပေးချင်ပါ တယ်။ အဲဒီဆိုင်ကတော့ စာပေ လောက စာအုပ်ဆိုင်တွေအများ ကြီးရှိတဲ့အထဲကမှ ပန်းဆိုးတန်း လမ်းနဲ့ ဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ စာပေလောက ၅ စာအုပ်ဆိုင် ပဲ ဖြစ်ပါတယ်။
စာပေလောက ၅ စာအုပ် ဆိုင်ကတော့ စာအုပ်ကောင်းများ စွာနဲ့ စာအုပ်အမျိုးအစားပေါင်းစုံကို ရနိုင်ပါတယ်။

စာပေလောက ၅ မှာလည်း လစဉ်အသစ်ထွက်ရှိတဲ့ စာအုပ်သစ်များ၊ မဂ္ဂဇင်းများ၊ ကဏ္ဍအ လိုက်စာအုပ်များကို စုံစုံလင်လင် ရနိုင်ပါတယ်။ ကလေးငယ်တွေ အတွက်လည်း ပုံပြင်စာအုပ်တွေ၊ အင်္ဂလိပ်စာလေ့ကျင့်ခန်းစာအုပ် တွေ၊ ပုံဆွဲစာအုပ်တွေကို စုံစုံလင်လင်ရနိုင်ပါတယ်။

စာပေလောက ၅ မှာ ဇန်န၀ါရီ ၁ ရက်ကနေ ၁၅ ရက်အထိ စာအုပ်အမျိုးအစားအလိုက် ၅၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ ရောင်းမယ့်အစီအစဉ်လည်း ရှိနေ တာကြောင့် ဒီတစ်ပတ်ရဲ့ ပိတ် ရက်မတိုင်ခင်မှာ စာအုပ်အ၀ယ် ထွက်မယ်ဆိုရင်တော့ ရွေးချယ် သင့်တဲ့ဆိုင်လို့ ပြောချင်ပါတယ်။

နောက်ပြီး ပန်းဆိုးတန်းတစ် လျှောက်မှာ စာပေလောကဆိုင် တွေအပြင်၊ အင်းဝ၊ ရာပြည့်စတဲ့ စာအုပ်ဆိုင်ကောင်းတွေရှိနေတာ ကြောင့် စာအုပ်ကောင်းဝယ်မယ် ဆိုရင် ပန်းဆိုးတန်းသွားတာ မမှားပါဘူး။ အောက်ဘလောက်မှာဆိုရင်လည်း စာအုပ်အဟောင်းတန်းဆိုင်တွေအများကြီးရှိနေပါ တယ်။

ထပ်ပြီး ညွှန်ပြချင်တဲ့နေရာ ကတော့ လမ်း ၃၀ တစ်ဝိုက်မှာရှိ နေတဲ့ ၀တ္ထုစာအုပ်၊ ကာတွန်းစာ အုပ်အဟောင်းတွေကို ရောင်းပေး တဲ့ ဆိုင်တွေပါပဲ။ အဲဒီမှာ ရသစာ ပေဖြစ်တဲ့ ၀တ္ထုစာအုပ်တွေ၊ မဂ္ဂ ဇင်းစာအုပ်တွေ၊ ကာတွန်းရုပ်ပြ စာအုပ်တွေကို အသစ်ရော အ ဟောင်းပါ ရောင်းပေးပါတယ်။
အရင်တုန်းကတော့ အဲဒီနား မှာ စာအုပ်ဆိုင်တွေ အများကြီးရှိနေခဲ့ပါတယ်။ အခုမှ ကာ တွန်းနဲ့ ရုပ်ပြဖတ်တဲ့သူတွေနည်း လာတာကြောင့် အဲဒီတစ်ဝိုက်မှာ စာအုပ်ဆိုင်လေးတွေ နည်းသွားပါ တယ်။

ဒါပေမဲ့ တော်သင့်သ လောက်တော့ ဆိုင်လေးတွေကျန် သေးပါတယ်။ ဈေးသက်သာပြီး ၀တ္ထုစာအုပ်တော်တော်များများ ရနိုင်ပါတယ်။

အဲဒီဆိုင်လေးတွေကတော့ စာဖတ်ရှင်တွေအတွက် စာအုပ် ကောင်းတွေကို စုံစုံလင်လင်ရနိုင် မယ့် နေရာတွေအများကြီးရှိတဲ့အထဲက ၀ယ်လို့ကောင်းမယ့်ဆိုင်တချို့ပါ။
ကဲ .. ဒီတစ်ပတ်ရဲ့ ပိတ်ရက် မတိုင်ခင်မှာ  စာအုပ်ကောင်း ကောင်းတွေကို ၀ယ်ယူစုဆောင်း ပြီးတော့ အိမ်မှာပဲ အေးအေးဆေးဆေးအနားယူနိုင်ဖို့ရာအတွက် ညွှန်ပြလိုက်ပါတယ်။          ။

http://7daydaily.com/story/28981#.VK_qlnvdXhA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...