
စေတနာအကျိုးပေးတယ်ဆိုတာ အမှန်ပါပဲ။ ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးဟာ စားသောက်ဆိုင်က သာမန် ဝန်ထမ်း တစ်ဦး ဖြစ်ပြီး ဆိုင်ကို ပုံမှန်လာစားသူများက သူမ အတွက် ခရစ်စမတ် လက်ဆောင် အဖြစ် ကားတစ်စီးကို ငွေစုလို့ ဝယ်ပေးခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု North Carolina ပြည်နယ်က Raleigh မြို့က စားသောက်ဆိုင် တစ်ခုမှာ ဖြစ်ပါတယ်။ ယင်းဆိုင်မှာ အလုပ်လုပ်တဲ့ Shirley Ratliff လို့ အမည်ရတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးဟာ သူမ အလုပ်ကို ရောက်ဖို့အတွက် ဘတ်စ်ကား သုံးဆင့် စီးပါတယ်။ သူမဟာ ကားဝယ်စီးဖို့ စိတ်ကူး အိပ်မက် ရှိပြီး ယင်းအတွက် ငွေလည်း နှစ်အတော်ကြာ စုနေခဲ့ပါသတဲ့။ တစ်နေ့တော့ ကင်ဆာရောဂါ ဝေဒနာ ကို ကုသဖို့ အတွက် မမျော်လင့်ပဲ သုံးလိုက်ရ ပါတယ်။
သူမဟာ ဆိုင်မှာ လာရောက် စားသုံးသူတို့ကို အင်မတန် ဖော်ရွေးပြီး ကောင်းမွန်စွာ ဆက်ဆံပါတယ်။ ဆိုင်မှာ လာစားသူတိုင်း သူမကို မချီးမွမ်းပဲ မနေရလောက်အောင် လူပြောများ သတဲ့။ သူ့ကို ဆိုင်ရဲ့ အိမ်ဂျယ်မလေးလို့တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။ သူ့ကြောင့်လည်း ဆိုင်က အင်မတန် ရောင်းကောင်းပါတယ်။ သူမဟာ ကျန်းမာရေးအတွက် ငွေသုံးလိုက်ရတာကို သိတဲ့ လာရောက် စားသုံးသူ တစ်ဦးက ခရစ်စမတ် မတိုင်မီမှာ ဆိုင်လာစားနေကြ အမှာခံ စားသုံးသူများကို စုစည်းလို့ သူမအတွက် ကားဝယ်ပေးဖို့ ကြိုးစားပါတော့တယ်။
လူချစ်လူခင်ပေါတဲ့ အမျိုးသမီး ဖြစ်နေတော့ သိပ်မကြာပါဘူး။ ခရစ်စမတ်မတိုင်မှီ မှာပဲ ကားတစ်စီး ဝယ်ပေးလိုက်နိုင်ပါတယ်။ ဆိုင်ရှေ့ကို ခေါ်ထွက်ပြီး ကားကို ပြတော့ သူမဟာ ယခုလို အံ့သြနေခဲ့ ပါတယ်။ ကားဟာ သိပ် အကောင်းစားကြီး မဟုတ်ပေမယ့် သာမန် ကားလေး တစ်စီး ဖြစ်ပါတယ်။
ဒါကြောင့်မို့ စေတနာကောင်း ထားပြီးတော့ အလုပ်လုပ်ရင် ဘဝမှာ ပျော်ရွှင်ရသလို၊ တန်ပြန် အကျိုးကျေးဇူးလည်း နည်းမှာ မဟုတ်ဘူးဆိုတာ Shirley Ratliff က သက်သေပြသွားခဲ့ပါတယ်။
.
Ref: Huffingspot
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171
No comments:
Post a Comment