“အမျိုးသမီးအင်္ဂါက တဖြည်းဖြည်း စေ့သွားပြီး အမျိုးသား အင်္ဂါက ရှည်ထွက်လာတယ်။ ကိုယ်ကလည်း ဘာမှနားမလည်တော့ အဲဒါကို ထွက်မလာအောင် လက်နဲ့ ခဏ ခဏ ဖိနေတာ”
“သူ့ကိုရွာဦး ကျောင်းဆရာတော်ကပါ လက်ခံတယ်။ အခုဆို သူက ဆွမ်းခံရင်း ဆွမ်းတော်ဗျို့ တောင် လိုက်အော်နေတာ”
----- ----- ----- ----- ----- -----
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆူးပိတ်ကျေးရွာရှိ အဖ ဦးရွှေထွန်း၊ အမိ ဒေါ်ယဉ်သိန်းတို့၏ သမီး မစိုးစန္ဒာထွန်း (ခ)ထွန်းထွန်းသည် သဘာဝအတိုင်း အမျိုးသမီးဘ၀မှ အမျိုးသားဘ၀သို့ အလိုအလျောက် ပြောင်းလဲလာခဲ့သည်ဟု ၎င်း၏ မိခင်က News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။
မစိုးစန္ဒာထွန်း အသက် (၉)နှစ်သည် အသက် (၆)နှစ်အရွယ်မှစတင်၍ အမျိုးသားအင်္ဂါ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်ဟု ၎င်း၏ မိခင်ကပြောသည်။ “အမျိုးသမီးအင်္ဂါက တဖြည်းဖြည်း စေ့သွားပြီး အမျိုးသား အင်္ဂါက ရှည်ထွက်လာတယ်။ ကိုယ်ကလည်း ဘာမှနားမလည်တော့ အဲဒါကို ထွက်မလာအောင် လက်နဲ့ ခဏ ခဏ ဖိနေတာ”ဟု ပြောကြားသည်။
၎င်းသည် ကျောင်းတွင်လည်း မိန်းကလေးများနှင့်အတူထား၍မ
မစိုးစန္ဒာထွန်း(ခ)ထွန်းထွန်
၎င်းကိုယ်တိုင်အနေနှင့်မူ သဘာဝအတိုင်း အမျိုးသမီးအဖြစ်မှ အမျိုးသားအဖြစ်သို့ လိင်ပြောင်းလဲမှုအတွက် နှစ်သက်ခြင်းရှိသော်လည်း သာမန်မဟုတ်သည့် ဝေဒနာများ ခံစားနေရသည်ဟု ဆိုသည်။ “သူက ခေါင်းလည်း ခဏခဏ ကိုက်တယ်။ အခု (၉)နှစ်ပဲရှိသေးတယ်။ ဆံပင်ဖြူပေါက်လာတဲ့အပြင် ပြောင်းလဲလာတဲ့အင်္ဂါကနေ အမွေးတွေထွက်နေတယ်”ဟု ဒေါ်ယဉ်သိန်းက ပြောသည်။
ယင်းကဲ့သို့ ဝေဒနာခံစားနေရသော်လည်း ဆင်းရဲနွမ်းပါးမှုကြောင့် မည်သည့်ဆေးခန်းကိုမျှ မပြသနိုင်ဟု ဆိုသည်။ “သူ့အဖေက ကုန်ထမ်းတယ်။ မိသားစုက ခြောက်ယောက်ဆိုတော့ ဆေးခန်းပြဖို့ နေနေသာသာ စားဖို့တောင် အနိုင်နိုင်ရယ်”ဟု ရှင်းပြခဲ့သည်။
ယခင်က ဟယ်ပင်ကလေးဆေးရုံသို့ သွားရောက်ပြသခဲ့ဖူးသော်လည်း
မစိုးစန္ဒာထွန်း(ခ)ထွန်းထွန်
ယင်းနှင့် ပတ်သက်၍ ဒေါ်လေးလေးမြင့်က “ကျွန်မက အဲဒီရွာကို ဈေးသွားရောင်းရင်း အသိအကျွမ်းတွေ ဖြစ်နေ တာကြာပြီ။ ကိုယ်ကလည်း ကူညီချင်ပေမယ့် မတတ်နိုင်ဘူး။ ဒါကြောင့် ဒီကိုခေါ် လာပြီး အကူအညီရနိုင်မလားဆိုပြီး သတင်းမီဒီယာနဲ့ ဆက်သွယ်တာပါ”ဟု ပြောကြားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ ငါးဆူတောင်ကျေးရွာ ဆရာမက “သူက မိန်းကလေးကနေ ယောက်ျားလေးဖြစ်လာတာမှန်ပေမ
လက်ရှိ ငပုတောမြို့နယ် ဆူးပိတ်ကျေးရွာမှ လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာသို့ရောက်
မစိုးစန္ဒာထွန်း(ခ)ထွန်းထွန်
ထိုသို့် မိန်းကလေးဘ၀မှ ယောက်ျားလေးဘ၀သို့ သဘာဝအလျှောက် ပြောင်းလဲမှုကြောင့် ဝေဒနာအချို့ ခံစားနေရမှုအပေါ်ကို စိုးရိမ်မှုရှိနေကြောင်း၊ နားလည်တတ်ကျွမ်းသည့် ဆရာဝန်၊ ဆေးရုံဆေးခန်းတို့တွင် ပြပေးနိုင်ရန်အတွက် အကူအညီလိုအပ်နေမှုကြောင့် ယခုကဲ့သို့ သတင်းမီဒီယာများသို့ ဆက်သွယ်အသိပေးရခြင်းဖြစ်ကြေ
ကိုခက်
https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.3
No comments:
Post a Comment