စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးတွေကို ကိုယ်ခံအားကောင်းစေမယ့် နည်းလမ်းများ



မိဘတွေဟာ မိမိတို့ရဲ့ကလေးငယ်တွေကျန်းမာရွှင်လန်းစွာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတာကိုမြင်ရရင် အင်မတန် စိတ်ထဲကြည်နူးချမ်းမြေ့ကြရပါတယ်။အလုပ်လုပ်နေကြရတဲ့ မိခင်များအနေနဲ့လည်း မိမိတို့ရဲ့ ကလေးကျန်းကျန်းမာမာ ရှိနေရင် အလုပ်ထဲမှာ စိတ်အေးလက်အေးအလုပ်လုပ်နိုင်ကြပါတယ်။ဒီလို ကလေးတွေ ကျန်းမာရွှင်လန်းစွာဆော့ကစားနိုင်ခြင်းဟာ ကိုယ်ခံအားစနစ်ကောင်းလို့ဘဲဖြစ်ပါတယ်။ဒါကြောင့် မိဘတွေအတွက် မိမိတို့ရဲ့ကလေး များ ကိုယ်ခံအားစနစ်ကောင်းစေဖို့ ဂရုတစ်စိုက် ပြုစုစောင့်ရှောက်တတ်ဖို့လိုပါတယ်။

သိုးမွှေးထည်နဲ့နွေးနွေးထွေးထွေးသိပ်ပါ

ကလေးတွေကို သိုးမွှေးထည်တွေ ဒါမှမဟုတ် သိုးမွှေးထည်လိုမျိုး နွေးထွေးမှုကိုပေးတဲ့ တိရိစ္စာန်အမွှေးတွေနဲ့ပြုလုပ်ထားတဲ့ အိပ်ယာခင်းလေးတွေနဲ့ နွေးနွေးထွေးထွေးသိပ်ခြင်းဟာ ကလေးရဲ့ကိုယ်ခံအားစနစ်ကိုကောင်းစေဖို့ အထောက်အကူတစ်ခုဖြစ်ပါတယ်။ဂျာမနီနိုင်ငံမှ လေ့လာတွေ့ရှိချက်အရ မွေးကင်းစ ၃ လသားအရွယ်ကပင် ဒီလို တိရိစ္စာန်အမွှေးတွေနဲ့ပြုလုပ်ထားတဲ့ အိပ်ယာလေးနဲ့ နွေးနွေးထွေးထွေးအိပ်စက်ရတဲ့ကလေးတွေဟာ အသက် ၆ နှစ် အရွယ်ရောက်တဲ့အခါ ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားမှု ၈၀ % နည်းပါးတာကို တွေ့ရှိရကြောင်းဖော်ပြထားပါတယ်။

အာဟာရပြည့်ဝစေတဲ့ အစားအစာတွေ၊အသီးအနှံဓာတ်စာတွေကိုကျွေးပါ

အာဟာရပြည့်ဝစေတဲ့အစားအစာတွေဟာ ကလေးတို့ရဲ့ကိုယ်ခံအားစနစ်ကို အဓိကမြှင့်တင်ပေးပြီး ကလေးတွေအတွက် အသင့်တော်ဆုံးအဖြစ် ယခုအခါ လူတွေ အပြောများပြီးလက်ခံကျင့်သုံးကြပြီဖြစ်ပါတယ်။( ဥပမာ- ငှက်ပျောသီး၊ လိမ္မော်သီး၊ပန်းသီး၊ စပျစ်သီး နဲ့ အခြား အစရှိတဲ့ အရည်ရွှမ်းအသီးမျိုး)။ Paediatrics ဂျာနယ်မှ လေ့လာတွေ့ရှိထားတာမှာ အစာအိမ်၊အူရောင်နာရှိတဲ့ကလေးတွေ ကို အာဟာရပြည့်ဝတဲ့ သဘာဝအသီးအနှံဓာတ်စာတွေကို ကျွေးလိုက်ခြင်းဖြင့် လျင်မြန်စွာ သက်သာ ပျောက်ကင်းလာတာကိုတွေ့ရကြောင်းဖော်ပြထားပါတယ်။ကိုယ်ခန္ဓာ မှာ ဓာတ်မတည့်လို့ ယားယံတာတွေ၊ နှင်းခူရောဂါတွေ အစရှိတာတွေကိုလည်း လျော့ကျပျောက်ကင်းစေကြောင်းကို the Swansea Baby Trial မှာ သုတေသနပြုချက်အရ သိရပါတယ်။

ကလေးကို ဝဝဖြိုးဖြိုးလေးဖြစ်အောင် ဂရုစိုက်ပေးပါ

ကလေးတွေကို ဝဝဖြိုးဖြိုးလေးဖြစ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆီများစေတဲ့ ၊ဝစေတဲ့အက်ဆစ်မှာ ကလေးရဲ့ကိုယ်ခံအားစနစ်ကို ကောင်းစေတာကိုတွေ့ရပါတယ်။ ကူးစက်ရောဂါတွေတိုက်ဖျက်ပေးတဲ့သွေးဖြူဥတွေကို လည်း များစွာ အထောက်အကူပြုတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ရှုလမ်းကြောင်းပြသနာရှိတဲ့ ကလေးကို အဆီပါတဲ့ဖြည့်စွက်စာတွေကျွေးလိုက်တဲ့အခါ လျင်မြန်စွာသက်သာပျောက်ကင်းသွားကြောင်းကို လည်း Journal Immunology မှာ လေ့လာတွေ့ရှိချက်အဖြစ်ဖော်ပြထားကြပါတယ်။ ဥပမာ-အဆီများတဲ့ ငါးတွေမှာ ဝစေတဲ့အက်ဆစ်အရင်းအမြစ်တွေများစွာပါဝင်ပါတယ်။

နေရောင်အနွေးဓာတ်ကိုရယူပေးပ

ကလေးတွေအတွက် နေရောင်ခြည်အနွေးဓာတ်ကို လိုအပ်ပါတယ်။ဒီလို နေရောင်ခြည်နုနုအနွေးဓာတ်တွေထိတွေ့မှု လုံးဝမရှိတဲ့ကလေးတွေဟာ ဗီတာမင် D ဓာတ်ကို အလုံအလောက် မရရှိနိုင်ပါ။ ဗီတာမင် D ဟာ ကလေးတွေရဲ့ သွားများနဲ့ အရိုးများခိုင်မာစေဖို့ ကယ်လစီယမ်စုပ်ယူမှုမှာ အထောက်အကူပြုသလို ကျန်းမာတဲ့ကိုယ်ခံအားစနစ်ရရှိဖို့အတွက်လည်း အထောက်အကူပြုပါတယ်။အသက် ၆ လသားမှ ၅ နှစ်အရွယ်ထိ ကလေးတွေအားလုံးဟာ နေ့စဉ်ဗီတာမင် D အလုံအလောက်လိုအပ်ကြောင်း NHS မှ ထောက်ခံပြောဆိုထားပါတယ်။

ဘယ်ရီသီးတွေကျွေးပေးပါ

ကလေးတွေအတွက် ကိုယ်ခံအားစနစ်ကိုကောင်းစေတဲ့ အသီးအနှံတွေပေါများစွာ ရှိပါတယ်။ ဒီလို အသီးအနှံတွေထဲမှာ အနက်ရောင်ဘယ်ရီသီးဟာ လမ်းလျောက်တတ်ခါစကလေးများအတွက် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။ Blue berries မှာ သဘာဝအလျောက် antioxidant ၂ ဆ ပေါများစွာ ပါဝင်ပြီး cranberries မှာပါဝင်တဲ့ antioxidant ထက် ၅၀ % ပိုများတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေဖို့ များစွာ အထောက်အကူပြုခြင်းဖြစ်ပါတယ်

Yangon Life


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...