စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငါ့ Boss ကင့ါကိုအလုပ်မလုပ်ဘူးလို.ထင်နေတယ်။



တော်တော်များများကြုံဖူးကြမှာပေါ့။ ကိုယ့် Boss ကကိုယ့်ကို အလုပ်မလုပ်ဘဲ အပျင်းကြီးတဲ့လူ၊ အပါးခိုပြီးတက်တက်ကြွကြွ မရှိတဲ့လူလို. အထင်ခံရတာမျိုးတွေ ကြုံဖူးကြမှာပါ။ ပိုဆိုးတာက ကိုယ်က အလုပ်ကြိုးစားနေလျက်နဲ. အေးဆေးတည်ငြိမ်ပြီး စကားနည်းတတ်တဲ့ အကျင့်တွေကြောင့် အများအမြင်မှာတက်တက်ကြွကြွမရှိဘူး၊ အလုပ်မကြိုးစားဘူးလို. ထင်နေကြတော့ ပိုခံစားရ၊ စိတ်ညစ် စိတ်ဓါတ်ကျရပါတယ်။ 


ဒါဆိုဘယ်လိုလုပ်ရမလဲ ???
အဓိကကတော့ စကားပြောဖို.ပါပဲ။ ကိုယ့် Boss ကို ကိုယ်တိုက်ရိုက်သွားပြီးတော့ဘာလုပ်ပါတယ် ညာလုပ်ပါတယ်ပြောဖို. မလွယ်ရင်တောင်မှ အပတ်စဉ်ကိုယ့်ရဲ.လုပ်ဆောင်မှုတွေကို E-mail ဖြစ်ဖြစ်ပို.ပြီးအသိပေးပါ။ စကားပြောဖို.ဆိုတာက လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ်လုပ်နေတဲ့အလုပ်တွေနဲ.ပတ်သက်ပြီး အတွေ.အကြုံလေးတွေဝေမျှသလိုနဲ. ကိုယ်ဘာတွေ ဘယ်လိုတွေလုပ်နေတယ်၊ ဘာတွေဘယ်လိုတွေလုပ်ပြီးသွားတယ်၊ ဘာတွေဘယ်လိုတွေလုပ်ဖို.ရှိသေးတယ်ဆိုတာကို ပြောပြောပြပါ။ 


Boss ရှေ.ရောက်မှ၊ ဒါမှမဟုတ်ရင် Boss ရောက်လာမှ အသည်းအသန်အလုပ်လုပ်ပြတာမျိုးလည်းမလုပ်ပါနဲ.။ လုပ်ဖော်ကိုင်ဖက်တွေရော၊ Boss ကိုယ်တိုင်ပါကြာရင် အမြင်ကပ်လာပါလိမ့်မယ်။ အလုပ်ဆိုတာ ပုံမှန်နဲ. တာဝန်ကျေအောင် လုပ်တာမျိုးကအကောင်းဆုံးပါပဲ။
အရမ်းမဟုတ်ပေမယ့် နည်းနည်းပါးပါးညည်းပြပါ။ အများ နားညည်းစိတ်ညစ်သွားအောင်မဟုတ်ဘဲ ကိုယ့်အလုပ်က ဘယ်လိုပင်ပန်းတာလေးတွေရှိတယ်၊ ဘယ်နေရာမှာ ဘာအခက်အခဲတွေနဲ.စိတ်ပင်ပန်းရတယ်ဆိုတာ ကြားကောင်းအောင် ညည်းပြပါ။ 


ကံဆိုးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူကလည်း အလုပ်ရှုပ်လို.ကိုယ့်ကိုမကြည့်နိုင်တဲ့အချိန်မျိုးကျတော့ ကိုယ်ကလည်း အလုပ်တွေအသားကုန်လုပ်ရ၊ သူကကိုယ့်ကိုလာ Check တော့မှ ကိုယ်ကလည်းလုပ်စရာကိစ္စတွေပြီးပြတ်နေတော့ ကိုယ်အလုပ်မလုပ်တာပဲမြင်နေရပါရော..... ဒါကတော့ ဘယ်လိုမှမတတ်နိုင်ပါဘူး။ ကိုယ့်ဘာသာ Schedule ချပြီး အချိန်မျှမျှထား အလုပ်လုပ်ရင်တော့ ဒီလိုဖြစ်လာတာမျိုးနည်းသွားပါလိမ့်မယ်။ 


သင်ဒီလိုနားလည်မှုလွဲတာမျိုးတွေမရှိအောင် နောက်တစ်နည်းကတော့ အလုပ်က HR နဲ.စကားမကြာခဏပြောဖို.ပါပဲ။ သင့်ကိုသင့် Boss ကနားလည်မှုလွဲနေတာကိုပါပြောပြပါ။ သင်အလုပ်တွေ ဘယ်လိုလုပ်နေတယ်ဆိုတာကိုသိအောင် Boss မမြင်တာတောင်မှ HR ကသက်ဆိုင်တဲ့သူတစ်ယောက်ယောက်ကို နားလည်အောင်ပြောပြပြီး စစ်ဆေးလိုစိတ်ရှိရင်လာရောက် ကြည့်ရှုပါလို.လည်း ဖိတ်ခေါ်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်အလုပ်လုပ်ကြောင်း အကြီးအကဲတစ်ယောက်ယောက်က သိထားတော့ တကယ်တမ်းစကားအခြေအတင်ပြောတဲ့အခါမှာ သက်သေသာဓကပါ ရှိပြီးသားဖြစ်သွားပါတယ်။ 


အလုပ်ကိုအလိမ္မာသုံးပြီးလုပ်နိုင်ရင်တော့ လူအမြင်လည်းကောင်း နားလည်မှုလည်းရ ကိုယ်လည်းတာဝန်ကျေပြီးသားဖြစ်သွားပါမယ်။

Wilson Chan (YK)

https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...