စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ထဲ ဒါတွေခံစားနေရပြီဆိုရင် သင့်ချစ်သူနဲ့ လမ်းခွဲဖို့ အချိန်ရောက်ပြီလို့သာ မှတ်ပါ


 

 နှစ်ဦးသားရဲ့ အချစ်ဇာတ်လမ်း ပြီးဆုံးသွားပြီဆိုတာ သေချာသွားစေမယ့် အချက်ကလေးတွေ ရှိပါတယ်။ ဒီအရာတွေကို သင်ကိုယ်တိုင် ခံစားနေရတာပါ။ အချစ်ရေးကို အဆင်မပြေတာတွေ ရှိပေမယ့် တစ်ချို့အရာတွေက နှစ်ဦးသား လက်တွဲပြီး ဖြေရှင်းကျော်လွှားသွားနိုင်ပါတယ်။ တစ်ချို့အရာတွေကတော့ သင်တို့နှစ်ဦး ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားစေတာပါပဲ။ ဒါ့အကြောင့် သင့်ချစ်သူနဲ့ လမ်းခွဲဖို့ ဘယ်လိုအရာမျိုးတွေက သင့်ကို ဆုံးဖြတ်ချက်ပြတ်သားစေမလဲဆိုတာ ကြည့်ရအောင်။

၁။သင့်ဟာ သင့်ချစ်သူရဲ့ နှိပ်စက်တာမျိုး၊ ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားတာမျိုးတွေ ခံရဖူးတယ်။

ချစ်သူနဲ့လမ်းခွဲဖို့ အသင့်တော်ဆုံး အချက်ပါပဲ။ ဒါကိုသည်းခံပြီး တစ်သက်လုံးအတူ လက်တွဲဖို့သာ ဆုံးဖြတ်လိုက်ရင် သင့်ရဲ့အနာဂတ်ဟာ နာကျင်စရာတွေနဲ့သာ ပြည့်နေပါလိမ့်မယ်။

၂။သင်ကိုယ်တိုင် ပျောက်ဆုံးနေတယ်လို့ အမြဲခံစားနေရတယ်။

သင့်ချစ်သူဟာ သင့်အပေါ် နားလည်မှုမရှိသလို၊ သင့်ကို သူ့ခံစားချက်တွေ ဝေမျှတာမျိုး၊ သင့်ခံစားချက်တွေ နားထောင်ပေးတာမျိုးတောင် မရှိသလောက်ရှားပါတယ်။ နှစ်ဦးသားပျော်ရွှင်ရတဲ့ နေ့ရက်ဆိုတာကလည်း မရှိသလောက်ပါပဲ။

၃။အချစ်ရေးနဲ့ ပတ်သက်ပြီး ပျော်ရွှင်ရတာထက် ၀မ်းနည်းကြေကွဲနေရတာ ပိုများတယ်။

နှစ်ဦးသားအမြဲတမ်းနီးပါး ပြသနာတွေတက်တယ်။ ပျော်ရတဲ့အချိန်ဆိုတာ မနည်းကို ပြန်စဉ်းစားယူနေရတယ်။ ငိုရတဲ့အချိန်ကသာ သင့်အတွက် ပိုများနေတယ်။ သူငယ်ချင်းတွေနဲ့ရှိတဲ့အချိန်၊ မိသားစုဝင်တွေနဲ့ ရှိချိန်တွေကတောင် ချစ်သူနဲ့အတူရှိရချိန်ထက် ပိုပျော်စရာကောင်းနေသေးတယ်။

၎။အမှန်တရားဆိုတာကို သင့်ချစ်သူဆီက ဘယ်တော့မှ မကြားရဘူး။

လိမ်တာ၊ ညာတာ သင့်ချစ်သူရဲ့ အကျင့်လား။ ဒါဆိုလည်း ခေါက်လိုက်ပါတော့။ ကတိပေးပြီး အမြဲဖျက်တတ်တဲ့သူ၊ အမြဲတမ်းလိမ်ညာနေတဲ့သူ၊ မုသားပြောရတာကို ၀ါသနာပါနေတဲ့သူဆိုရင်တော့ ရှေ့ဆက်ဖို့ ဘယ်ဖြစ်နိုင်တော့မှာလဲ။

၅။သင်ဖြစ်ချင်၊ ကိုယ်လိုချင်နေတဲ့အရာတွေကို သင့်ချစ်သူက အမြဲဆန့်ကျင်တယ်၊ ဝေဖန်တယ်။

သင့်အိမ်မက်တွေအကြောင်း ပြောရင် သူက ပြက်လုံးတစ်ခုကြားရသလို ရယ်နေမယ်။ သင့်အားနည်းချက်ကိုသာ ထောက်ပြအပြစ်ပြောမယ်။ သင်ဖြစ်ချင်နေတဲ့အရာတွေဆို သူက ဘယ်တော့မှ မလိုချင်ဘူး။ နောက်ဆုံး အိမ်ထောင်ပြုလို့ ကလေးယူမယ်ဆိုရင်တောင် ကလေးမချစ်ဘူးဆိုပြီး ငြင်းဆန်မယ်။ ကဲ ဒါဆို ဘာများတွယ်ငြိနေလို့ အကျိုးထူးဦးမှာလဲ။

၆။နှစ်ဦးကြား တွဲလိုက်၊ ပြတ်လိုက်နဲ့ အခါပေါင်းများစွာ ဖြစ်နေပြီ။

ပြသနာတွေ အကြီးအကျယ်တက်ပြီး လမ်းခွဲခဲ့ပြီးကာမှ သူက ပြန်တောင်းပန်လို့ ပြန်တွဲတယ်။ မကြာဘူး ပြန်ပြတ်တယ်။ သိပ်မကြာဘူး ပြန်တွဲတယ်။ ဒီသံသရာဇာတ်လမ်းက ဘယ်တော့မှ ပြီးပြတ်မှာလဲ။ ခုလို ရေရှည်သွားခြင်းဟာ နှစ်ဦးစလုံးအတွက် ကောင်းမွန်တဲ့ ရလာဒ်မရနိုင်ဘူးဆိုတာ သိထားရပါလိမ့်မယ်။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...