စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျက်စိအတွင်းတိမ်ရောဂါ


- နေခြည်၊ (ဆေး -၁)။

စာရေးသူက မျက်လုံးမှုန်ပါတယ်။ ဝေးဝေး ဆိုရင် မမြင်ရတော့ပါဘူး။ စာရေးသူတို့ခေတ်မှာတော့ နည်းပညာတွေတိုးတက်လာတော့ စာရေးသူတို့ အဘိုး အဘွားတို့ခေတ်တုန်းကလို ပုံဟောင်းမျက်မှန်ကိုင်းကြီး တွေနဲ့ မှန်ထူထူကြီးတွေနဲ့ ဂိုက်ပဲ့ရတဲ့အဖြစ်မျိုးတော့ မရောက်ကြတော့လို့ တော်သေးတယ်လို့ပဲ ဆိုရမှာပါ။

ဒါပေမဲ့ မျက်စိမှုန်တဲ့သူရော၊ မမှုန်တဲ့သူရော စက္ခုနှစ် ကွင်းရဲ့တန်ဖိုးကိုတော့ အားလုံးသိကြမှာဖြစ်လို့ မျက် လုံးအကြောင်းနဲ့ပတ်သက်ပြီး ဒီတစ်ပတ် မျှဝေချင်တာ ကတော့ အသက်ကြီးတဲ့သူတွေမှာဖြစ်လေ့ရှိတဲ့ သက် ကြီးအိုအတွင်းတိမ် Senile Cataract ပါပဲ။

ဘာကြောင့် Senile Cataract အကြောင်းသိဖို့ လိုတာလဲ
*********************************************************
သက်ကြီးအိုအတွင်းတိမ်တွေဟာ မျက်လုံး အတွင်းထဲက မှန်ဘီလူးခေါ် Lens လေးဟာ နှစ်ရှည် လများ တဖြည်းဖြည်းနဲ့ထူထူလာရာကနေ ဖြစ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အချိန်မှီကုသမှုခံယူရင် ပြန် ကောင်းနိုင်တဲ့ Reversible Disease ဖြစ်ပေမဲ့လို့ အ ကြောင်းအမျိုးမျိုးကြောင့် ကုသမှုနှောင့်နှေးကြတဲ့ အ တွက် တစ်ကမ္ဘာလုံးနဲ့ယှဉ်လိုက်ရင်တော့ ဒီရောဂါဟာ ပဲ ထိပ်ဆုံနားကနေ မျက်စိကွယ်ရခြင်းအကြောင်းရင်း တွေထဲမှာ ပါနေပြန်ပါတယ်။

ဒီလိုမျိုးမဖြစ်သင့်ဘဲ မျက် လုံးကွယ်တယ်ဆိုတာမျိုးမဖြစ်ရလေအောင် စောစီးစွာ စစ်ဆေးကုသနိုင်ဖို့အတွက် မျက်လုံးဝေဒနာရှင်တွေဟာ ဒီရောဂါနဲ့ပတ်သက်ပြီး အခြေခံဗဟုသုတလေးတွေ ရှာ မှီးထားသင့်ပါတယ်။

Senile Cataract အတွင်းတိမ် ဘယ်ကနေ စဖြစ်တတ်သလဲ
***********************************************************
စာရေးသူတို့မျက်လုံးရဲ့ အလင်းဝင်ပေါက် Pupil ကနေဝင်လာတဲ့ အလင်းတန်း အားလုံးဟာ မျက် လုံးမှန်ဘီလူး Lens ကို ဖြတ်ကျော်ရပါတယ်။ အဲဒီလို အလင်းတန်းတွေ ဝင်ရောက်တဲ့ မှန်ဘီလူးလေးဟာ ပုံ မှန်အားဖြင့်ဆိုရင် ခရစ်စတယ်လ် လိုပဲ ကြည်လင်နေပါတယ်။

ဒါ ပေမဲ့ အသက်ကြီးလာတဲ့အခါ တ ဖြည်းဖြည်းနဲ့ မှန်ဘီလူးအတွင်း မှာရှိတဲ့ မှန်ဘီလူးမျှင် Lens Fibres တွေကြားမှာ အရည်တွေ စုဆောင်းလာရာကနေ ကြည်လင် နေတဲ့မှန်ဘီလူးဟာ နောက်ကျိ ပြီး Opaque ဖြစ်လာပါတယ်။

အတွင်းတိမ်မှာ ဘယ်လိုလက္ခ ဏာတွေပြတတ်သလဲ
****************************************************
တိကျပြတ်သားစွာ မြင်နိုင်စွမ်းကျဆင်းခြင်း (Decreased Visual Acuity) ဟာ အသက်ကြီးလို့ဖြစ် တဲ့အတွင်းတိမ်တွေထဲက အပြောအများဆုံးလက္ခဏာ တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကြည့်လို့မကောင်း တိုင်း အတွင်းတိမ်ပါလို့ပဲ လှေနံဓားထစ်တွက်ထားလို့ တော့ မရပါဘူး၊ အသက်ကြီးလို့ဖြစ်တဲ့ မျက်လုံးရောဂါ တွေထဲမှာ ထည့်သွင်းစဉ်းစားထားတဲ့အနေနဲ့ပဲ အရင် မှတ်သားထားသင့်ပါတယ်။

Senile Cataract ဖြစ်တဲ့သူရဲ့အမြင်အာရုံ ဟာ တစ်မဟုတ်ချင်း မှုန်သွားတာထက် တဖြည်းဖြည်း ချင်းချို့ယွင်းလာတာဖြစ်လို့ Gradual progressive deterioration လို့ပြောလို့ရပါတယ်။ မျက်စိကြည့်လို့ မကောင်းဘူးဆိုတာမျိုးဖြစ်ပြီး ဖြစ်တတ်တဲ့တိမ်အမျိုး အစားအလိုက် လက္ခဏာပုံစံလေးတွေတော့ ကွာခြား နေနိုင်ပါတယ်။

ဥပမာအားဖြင့်ပြောရရင် Posterior sub-capsular cataract လို့ခေါ်တဲ့ မှန်ဘီလူးနောက်ဘက် ခြမ်းမှာဖြစ်တဲ့တိမ်ဆိုရင် မျက်လုံးကြည့်မကောင်းဘူး လို့ပြောရမှာ အဝေးထက်အနီးကို အရင်ထက် ပိုမမြင်ရ တော့တာကို တွေ့ရပါမယ်။ မှန်ဘီလူးရဲ့အလယ် Nucleus မှာဖြစ်တတ်တဲ့ Nuclear cataracts မှာဆိုရင်တော့ အ ဝေးထက်အနီးက သိသိသာသာ ပိုမှုန်လာမှာ ဖြစ်ပါတယ်။

Senile Cataract မှာတွေ့ရလေ့ရှိတဲ့ တ ခြားလက္ခဏာတွေကတော့ အလင်းစူးတဲ့ဒဏ်ကို ခါတိုင်း ထက်ကိုပိုပြီး မခံမရပ်နိုင်တာမျိုး ဖြစ်လာ တတ်ပါတယ်။ တစ်ခါတလေကျရင်တော့ ဒီလိုအတွင်းတိမ်ဖြစ်ခါမှ အစ က မျက်လုံးမှုန်နေတာလေးတွေ ပြန်ကောင်းသွားတတ် ပါတယ်။ ဒါကြောင့် အစတုန်းက အနီးကပ်ရင်မမြင်ရ တဲ့ အနီးမှုန်ဖြစ်နေတဲ့သူတစ်ယောက်မှာ အတွင်းတိမ် လည်းဖြစ်ရော အနီးမှာရှိတဲ့အရာတွေ၊ စာတွေကိုကြည့် လို့ ပြန်ကောင်းသွားတာမျိုးဖြစ်တတ်ပါတယ်။

ဒီလိုပြန် ကောင်းလို့ ဒုတိယအမြင်လွှာရလိုက်တာပဲ Second Sight ရတယ် ဆိုပြီး ဝမ်းသာအားရ ရှိတတ်ပါတယ်။ ဒါ ပေမဲ့ ဒီလိုပြန်ကောင်းတာမျိုးဟာ တစ်ခဏသာဖြစ်တတ် ပြီး ရောဂါရင့်လာတဲ့အခါ မှန်ဘီလူးရဲ့အခြေအနေဟာ ပိုဆိုးလာတာမို့ ဒီလိုမြင်နေရတာလေးပါ ပြန်ပျောက် သွားပါတော့တယ်။

ဒါပေမဲ့လည်း ဒီလက္ခဏာဟာ လူ တိုင်းဖြစ်တဲ့လက္ခဏာ တစ်ခုတော့ မဟုတ်ပါဘူး။ ဖြစ် တတ်တာလေးတွေကို ထောက်ပြခြင်းသာဖြစ်ပါတယ်။

အတွင်းတိမ်မဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲ
******************************************************
အတွင်းတိမ်မဖြစ်စေဖို့ အတွင်းတိမ်နဲ့ဆက် နွှယ်နေတဲ့ Associated factors တွေကို အတတ်နိုင် ဆုံး ဂရုပြုပေးသင့်ပါတယ်။ ဆီးချို၊ သွေးချိုရောဂါရှိသူ တွေဆိုရင် သွေးအချိုဓာတ်ကို မြင့်တက်မနေအောင် ရောဂါစဖြစ်ကတည်းက ဂရုတစိုက်ဆေးကုသမှုခံယူ သင့်ပါတယ်။

မျက်လုံးကိုထိခိုက်ဒဏ်ရာမဖြစ်အောင် ဂရုစိုက်ရပါမယ်။ သွေးတွင်းမှာ အဆီဓာတ်များပြားတာ ကိုလည်း ဂရုစိုက်ဆေးကုရမှာဖြစ်ပြီး အရက်အလွန် အကျွံသောက်ခြင်းဟာလည်း အတွင်းတိမ်နဲ့ ဆက်စပ် နေတာကိုတွေ့ရပါတယ်။

ယခုခေတ်ဆိုရင်တော့ ခရမ်းလွန်နေရောင် ခြည် Ultraviolet Radiations တွေ အင်မတန်အဆ မတန်မြင့်မားတဲ့အတွက် နေချစ်ချစ်တောက်ပူချိန်တွေ မှာ မဖြစ်မနေအပြင်ထွက်ရတော့မယ်ဆိုရင်တော့ မျက်လုံး ကိုဂရုတစိုက်နဲ့ နေကာမျက်မှန်တပ်ပေးရပါမယ်။ နေ ကာမျက်မှန်ဆိုရာမှာလည်း ကြုံသလိုဝယ်တပ်တာထက် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မှု ပါမပါဆိုတာကို ဆိုင်မှာ သေချာမေးမြန်းသင့်ပါတယ်။

ဥပမာအားဖြင့် နေကာကိုင်းကြီးကြီးကို UV 400 protection ပါ ပါ တယ် ဆိုတာမျိုးကို ဦးစားပေးရွေးချယ်သင့်ပြီး လှပမှုအ တွက်လို့မြင်တာထက် ကာကွယ်ရေးကို အသားပေးစဉ်း စားသင့်ပါတယ်။

ဒါကြောင့် အနှစ်ချုပ်ရမယ်ဆိုရင်တော့ အ သက်ကြီးလို့ မျက်လုံးတိမ်ဖြစ်တာဟာ အနည်းနဲ့အများ ဖြစ်ကြတာပေမယ့်လို့ ဂရုစိုက်ရင် စိုက်သလို ဖြစ်ပွားမှု နှုန်း အချိန်နောက်ကျနိုင်သလို ကုသမှုလည်း အလျဉ်မီ နိုင်တာမို့ ကာကွယ်ရေးဟာ ကုသမှုထက် ကောင်းပါ တယ်လို့ပဲ တိုက်တွန်းပြီး Senile Cataract နဲ့ပတ်သက် ပြီး ဒီတစ်ပတ်ဆောင်းပါးအကျဉ်းချုပ်ကို နိဂုံးချုပ်လိုက် ပါတယ်။

References; Medscape. WebMd.

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...