စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘီလျံနာသူဋ္ဌေးတစ်ယောက်ဖြစ်ဖို့ ဘာဘွဲ့တွေရဖို့ လိုသလဲ




ကမ္ဘာပေါ်က အောင်မြင်နေကြတဲ့ ဘီလျံနာသူဋ္ဌေးကြီးတွေကို လေ့လာခဲ့တဲ့ စစ်တမ်းတစ်ရပ်က သူတို့တွေ ဘယ်လိုပညာရေးမျိုး လေ့လာလိုက်စားပြီး အောင်မြင်မှု ရယူနိုင်ခဲ့သလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော် တင်ပြခဲ့ပါတယ်။

ဒီစစ်တမ်းအရ ချမ်းသာကြွယ်ဝပြီး အောင်မြင်နေတဲ့ ဘီလျံနာသူဋ္ဌေးကြီးတွေ ဘယ်လိုဘွဲ့တွေ ယူခဲ့သလဲဆိုတာ လေ့လာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ စစ်တမ်းမှာ ငါးရာခိုင်နူန်းကျော် ဒါမှမဟုတ် ၂၂ ရာခိုင်နူန်းသော ဘီလျံနာကြီးတွေက အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရခဲ့ကြပြီး ၁၂ ရာခိုင်နူန်းက စီးပွားရေးလုပ်ငန်းဘာသာရပ်၊ ၉ ရာခိုင်နူန်းက အနုပညာဘာသာရပ်တွေနဲ့ ဘွဲ့ယူခဲ့ကြပြီး စီးပွားရေးနှင့်ဆိုင်တဲ့ဘွဲ့တွေ၊ သင်္ချာဘာသာရပ်ဘွဲ့ ယူကြတာ နည်းပါးတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ကျောင်းတွေရှိတဲ့ သင်ကြားမှုဘာသာရပ်တွေကို အားပေး ထောက်ခံတဲ့ အင်ဂျင်နီယာဘာသာရပ်တွေကနေ ဘီလျံနာသူဋ္ဌေးကြီးတွေ မြောက်မြားစွာ မွေးထုတ်ပေးနိုင်ခဲ့ တယ်လို့လည်း စစ်တမ်းက ကောက်ချက်ချထားပါတယ်။

ဒီစစ်တမ်းဟာ ဖိုဘီးစ်မဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ ကမ္ဘာအချမ်းသာဆုံး သူဋ္ဌေးအယောက် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့တဲ့ သူတွေကို စီးပွားရေးလုပ်ငန်း အချင်းချင်း တိုက်ရိုက်ဆက်သွယ်ဝယ်ယူတဲ့ နည်းဗျူဟာကို အခြေခံပြီး ရလဒ်ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ တချို့ဘီလျံနာသူဋ္ဌေးတွေဟာ ငွေရှာဖို့အတွက် တက္ကသိုလ်ပညာရေးကို လက်လွှတ်ခဲ့ရသလို တချို့ဆိုရင်လည်း ကျောင်းက ထွက်ခဲ့ရတာတွေတောင် ရှိခဲ့ပါတယ်။

ဖိုဘီးစ်မဂ္ဂဇင်းရဲ့ အချမ်းသာဆုံးစာရင်းမှာ ဘီလီဂိတ်က နံပါတ် ၁ နေရာမှာ ရပ်တည်နေပြီး ဖေ့ဘွတ်ဝက်ဆိုက် တည်ထောင်သူ မာ့ခ်ဇူကာဘတ်ဆိုရင်လည်း အယောက် ၁၀၀ စာရင်းမှာ အငယ်ဆုံးဖြစ်ခဲ့သလို သူတို့နှစ်ဦးစလုံး ဟားဘတ်တက္ကသိုလ် တက်ရောက်ခဲ့ပေမယ့် ပညာရေး ဆုံးခန်းမတိုင်ခဲ့ကြပါဘူး။

စစ်တမ်းက နောက်ထပ်ပြောတဲ့ အချက်တစ်ချက်ကတော့ အချမ်းသာဆုံး အယောက် ၁၀၀ ရဲ့ သုံးပုံတပုံဟာ ဘွဲ့မရခဲ့သလို ဒီလူတွေရဲ့ ပျမ်းမျှချမ်းသာကြွယ်ဝမှုကတော့ အင်ဂျင်နီယာနဲ့ ဘွဲ့ရခဲ့သူတွေထက် ပိုနည်းပါးတာပဲ ဖြစ်ပါတယ်။

PlanetMyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...