စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အချစ်ရေး အဆုံးထိ ခိုင်မြဲမှု ရှိမလားဆိုတာ ခန့်မှန်းကြည့်ဖို (၃)ချက်


အချစ်ဆိုတာ ဘယ်လိုအဆုံးသတ်မယ်မှန်းမသိတဲ့ အန္တရာယ်ခပ်ပြင်းပြင်း ဂိမ်းတစ်ခုလို့ဆိုရင် မမှားပါဘူး။ လူတွေဟာ ငါတို့နှစ်ယောက် တစ်နေ့ကျရင်တော့ ဘယ်လိုဆိုတာမျိုး အမြဲတွေးတတ်ကြပါတယ်။ တစ်ယောက်အသည်း တစ်ယောက်မခွဲပဲ တစ်သက်လုံး လက်တွဲသွားမယ်လို့လည်း ကတိတွေ ပေးတတ်ကြပါတယ်။ နှစ်ဦးစလုံး သိပ်ချစ်နေကြပြီဆိုရင် အဆုံးသတ်က ဘယ်လိုများဖြစ်နိုင်ပါသလဲ။ ဒါကို သိပ္ပံနည်းကျ တွက်ချက်ခန့်မှန်းဖို့ အချက်(၃)ပဲ လိုပါတယ်။ Experimental Social Psychology ရဲ့ ဂျာနယ်မှာ အဲ့ဒီအချက်(၃)ချက်ကို ဖော်ပြထားတာကတော့

၁။ သင်တို့နှစ်ဦးရဲ့မျှော်လင့်ချက်တွေဟာ အမြဲတမ်းနီးပါး တူညီနေကြမယ်ဆိုရင်

နှစ်ဦးစလုံး ဖြစ်ချင်တာတွေ၊ မျှော်လင့်ချက်တွေဟာ ပုံမှန်အားဖြင့် တူညီနေကြမယ်၊ လုပ်ဆောင်မှုတွေမှာ အတူတူနီးပါးရှိနေကြမယ်ဆိုရင် ဒီအတွဲဟာ ပြတ်ဖို့သိပ်မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ထားတဲ့ နားလည်မှုကလည်း ညီညီမျှမျှလေးရှိပြီး၊ နှစ်ယောက်သားတွေ့ဆုံတိုင်း ခံစားရတဲ့ ပျော်ရွှင်မှုကလည်း လျော့မသွားဘူးဆိုရင် ဒီအချက်ပေါ် အခြေခံပြီး တွက်လို့ရနေပါပြီ။ တစ်ယောက်လိုအပ်တဲ့အချိန် တစ်ဖက်ကလည်း လိုအပ်နေတာမျိုး၊ တစ်ယောက်က အထီးကျန်နေပြီလို့ ခံစားရရင် တစ်ဖက်ကလည်း ပစ်ထားတာမျိုး မလုပ်တတ်ပဲ ဘေးမှာရှိပေးတာမျိုးတွေကလည်း ရေရှည်ဆက်ဆံရေးအတွက် အရေးကြီးပါတယ်။

၂။သင်တို့နှစ်ဦးစလုံးမှာ ဒီ့ထက်ကောင်းတဲ့ ရွေးချယ်မှုမျိုး မရှိတော့ဘူးဆိုရင်

ဒီအချက်က နည်းနည်းတော့ကြမ်းတမ်းတယ်လို့ ထင်ချင်ထင်နေပါလိမ့်မယ်။ ဒါပေမယ့် ဒါတကယ်ပါပဲ။ နှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာ ငါဟာ သူ့လောက်ငါ့အပေါ်ကောင်းတဲ့သူမျိုး မရှိနိုင်ဘူး ဆိုတဲ့ စိတ်မျိုးရှိနေတယ်ဆိုရင် ဒီနှစ်ယောက်ဟာ ပြတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အဲ့ဒီလိုမှ မဟုတ်ပဲ ငါ သူနဲ့အတူ တွဲနေရတာထက်စာရင် တစ်ယောက်တည်း နေရတာ ပိုပျော်စရာကောင်းတယ်၊ ဒါမှမဟုတ် ငါ့မှာ သူ့ထက် ငါ့ကို ချစ်နိုင်၊ တန်ဖိုးထားနိုင်မယ့်သူတွေရှိနေပါရက်နဲ့ ဆိုတာမျိုး တွေးမိနေပြီဆိုရင်တော့ ဒီဆက်ဆံရေးဟာ အဆုံးထိသွားဖို့ မဖြစ်နိုင်တော့ပါဘူး။

၃။ဒီအချစ်ရေးမှာ သင်မြှပ်နှံထားတဲ့အရာတွေက သိပ်များနေပြီဆိုရင်

ဒီလိုပြောလိုက်လို့ ငါသူ့ကို ၀ယ်ပေးထားတဲ့၊ သူ့အတွက်ကုန်ကျထားတဲ့ အရာတွေချည်း ပြေးမမြင်စေချင်ပါဘူး။ ဒီအချက်က ဥပမာ နှစ်ဦးစလုံး ငွေအတူစုတာမျိုး၊ နှစ်ယောက်အတူသုံးဖို့ ၀ယ်ထားတဲ့ ပစ္စည်းတွေ တော်တော်များများရှိနေတာမျိုး စတာတွေအပြင် အခြားခံစားချက်တွေလည်း ပါဝင်နေပါသေးတယ်။ အရင်ထားဖူးသမျှ ရည်းစားတွေနဲ့ မတူ သူ့ကိုပဲ ပုံအောချစ်မိနေတာမျိုး၊ ယုံကြည်နေတာမျိုးတွေကိုလည်း ထည့်ပြောရပါလိမ့်မယ်။ ဒီလိုသာ နှစ်ဦးစလုံးခံစားနေရရင် သင်တို့အချစ်ရေးဟာ အမြဲတမ်းတည်တံ့နေမှာ သေချာပါတယ်။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...