စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျေးရွာ ၁၀၀၀ ခန့်ကို ရေရရှိအောင် စွမ်းဆောင်ပေးသော အိန္ဒိယအမျိုးသား .နိုဘယ်လ်ဆုရရှိ






အိန္ဒိယနိုင်ငံ ရာဂျာစတန်ပြည်နယ်ရှိ ကျေးရွာ ၁၀၀၀ ခန့်ကို ရေရရှိစေရန် ဆောင်ရွက်ပေးခဲ့သည့် အိန္ဒိယ အမျိုးသားတစ်ဦးအား ဆွီဒင်အစိုးရက နိုဘယ်လ်ဆုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

ရာဂျင်ဒရာဆင်းဂ်ျ၏ ရေရရှိရေးနည်းလမ်းများသည် ရေကြီးမှုဘေးကို ကာကွယ်နိုင်သည့် အပြင် မြစ်ချောင်းများကို မပျက်စီး အောင် ထိန်းသိမ်းပေးနိုင်ကြောင်း စတော့ဟုမ်း ရေအရင်းအမြစ်စွမ်းဆောင်နိုင်ရည်ဆု၏ အကဲဖြတ်အဖွဲ့က ဆိုပါတယ်။ 

ရာဂျင်ဒရာဆင်းဂ်ျကို အိန္ဒိယရဲ့ရေလူသား ဟု အိန္ဒိယဘာသာစကားဖြင့် တင်စားခေါ်ဆို ကြပါတယ်။ ရာဆင်းဂ်ျက အိန္ဒိယ လူမျိုးများ၏ ရှေးဟောင်းနည်းလမ်းတစ်ခုဖြစ်သည့် မိုးရေကို သိုလှောင်သောနည်း စနစ်ကို ခေတ်မီနည်း ပညာဖြင့် ပေါင်းစပ်အသုံးပြုပါတယ်။သူ၏ နည်းလမ်းသည် ရိုးရှင်းပြီး ငွေအကုန်အကျ သက်သာစေသည်ဟု အကဲဖြတ်အဖွဲ့က ဆက်လက်ပြောကြားခဲ့ပါတယ်။ 

ရာဆင်းဂ်ျက ရာဂျာစတန်ပြည်နယ်အတွင်းရှိ မြစ်ငါးစင်းကို ပျက်စီးယိုယွင်းမှုမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ရွာသားများ၏ အကူအညီဖြင့် ဆည်များနှင့် မိုးရေလှောင်ကန် ၈၆၀၀ခန့်ကို တည်ဆောက်ခဲ့ပါတယ်။ ရာဆင်းဂ်ျ၏ လုပ်ဆောင်ချက်များ ပိုမိုအထမြောက်စေရန်အတွက် ဆွီဒင်ဘုရင်က အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ ကို သြဂုတ် ၂၆ ရက်တွင် ဆုငွေအဖြစ်ပေးအပ်မည်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနမှ သိရပါတယ်။
-----------------------------
ကြေးမုံ

https://www.facebook.com/padamyarfm/posts/882089821849260

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...