စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကန့်အသတ်



တစ်နေ့သ၌ ကျွန်ုပ်နှင့် သူငယ်ချင်း ကျောင်းဆရာလေးတို့သည် မိတ်ဆွေတစ်ဦး၏ အိမ်တက်မင်္ဂလာသို့ ရောက်ရှိနေကြလေ၏ ။ အိမ်တက်သို့ အခြားမိတ်ဆွေများလည်း စုံလှ၏၊ အိမ်ရှင်မှ ဧည့်ခံ သော ဆရာတော်အကျ ဆွမ်းဟင်းပွဲနှင့် ထမင်းစားပြီး အချိုပွဲဖြင့် ရေနွေးကြမ်းသောက်ရင်း စကားဆွေးနွေးကြလေရာ မိတ်ဆွေ တစ်ဦးမှ "လောကတွင် အရာရာတိုင်းအတွက် အကန့်အသတ် တွေရှိနေတတ်ပါတယ် "ဟု ပြောင်းရင်း စကားဝိုင်းအား ခေါင်းစဉ် တတ်လေတော့သည်။

လေကတွင် အရာတိုင်း အဖြစ်အပျက်တိုင်း အကြောင်းအရာ တိုင်းအတွက် ထိုက်တန်သော အကန့်အသတ်တို့က ရှိစမြဲပင်ဖြစ် သည် ။ အချိန်ကန့်သတ်ချက် ၊လူမှု့ရေးကန့်သတ်ချက် ၊ ဥပဒေ ကန့်သတ်ချက် စသည့် ကန့်သတ်ချက်များစွာတို့က ကျွန်ုပ်တို့အား ဘောင်တစ်ခု ချမှတ်ထားခြင်းပင်ဖြစ်သည်။ လူ့ဘဝသည်လည်း အသက်အရွယ် ကန့်သတ်ချက်များဖြင့် တခဏတာ လူ့ဘဝကို ဖြတ်သန်းနေသည် မဟုတ်ပါလား၊ ထိုကန့်သတ်ချက်ပေါင်းများစွာ ဖြင့် တည်ဆောက်ထားသော အဖွဲ့အစည်းကိုပင် လူ့အဖွဲ့အစည်း ဟု ခေါ်သည်ပင်ဖြစ်ရာ၏။ ကန့်သတ်ချက်များသည့် အချို့ကောင်း ပါ၏ စည်းကမ်းဆိုင်ရာ ကန့်သတ်ချက်များဖြစ်လည်း ရှိသင့်ပါ၏ သို့သော်လည်း အချို့သောကန့်သတ်ချက်များမှာ လူနေမှု့ဘဝ၏ မွေးရာပါ မူ့လအခွင့်အရေးများကို ထိခိုက်စေသည့် မူဘောင် များလည်း ရှိလေ၏။သို့သော် အကန့်အသတ်မဲ့သောအရာက လောကတွင် မရှိသလောက်ပင် ဖြစ်သည်၊ ကျွန်ုပ်တို့အားလုံးသည် အကန့်အသတ် ဘောင်ထဲမှ လူလောက ဟူသော မူဘောင် အကန့်အသတ်အတွင်းရှိ စက်ရုပ်ဆန်သည့်လူများ ပင်ဖြစ်သည်။

အကန့်အသတ်တို့ဖြင့် တည်ဆောက်ထားသော လောကကြီး တွင် ချမ်းသာသူက ဆင်းရဲသူအားလည်းကောင်း အာဏာကြီး သူက ငယ်သူအားလည်းကောင်း ပညာတတ်သူက ပညာနည်းသူ အားလည်းကောင်း အနိုင်ယူ ဗိုလ်ကျစိုးမိုးခြင်းများက လောကတွင် တစ်စတစ်စ အကန့်သတ်မဲ့၍ လာပြီဖြစ်ကြောင်း မိတ်ဆွေများ ဆွေးနွေးကြပြန်၏၊ လူချင်းတူသော်လည်း အကန့်သတ်မဲ့သော စိတ်တို့မတူညီကြသဖြင့် ဖြစ်ပေါ်လာသောကိစ္စများ ဖြစ်ဟန် တူလေသည်။ သို့သော် ထိုလူတို့ ချမ်းသာခြင်း ရာထူးအာဏာ ပညာတို့သည် အကန့်အသတ်ဖြင့် ဖြစ်တည်နေသည် ဆိုသော အချက်အား ထိုသူတို့မေ့နေခြင်းသာဖြစ်မည် ဟုဆွေးနွေး ကြပြန်၏။အကန့်သတ်မဲ့ မည်သို့ပင်လုပ်ဆောင်နေပါစေ ထိုလုပ်ဆောင်ချက်တိုင်းသည် အကန့်အသတ်ရှိလေ၏။

အချိန်အတော်ကြာသွာပြီဖြစ်ရာ အိမ်တက်မင်္ဂလာမှာ မိတ်ဆွေများလည်း လမ်းခွဲကြရလေသည်။ သူငယ်ချင်း ကျောင်းဆရာလေးမှာ ကျောင်းသွားချိန် ကန့်သတ်ချက်ရှိသဖြင့် ကျောင်းသို့သွားလေပြီ။ တွေ့ဆုံစကားပြောချိန်မှအစ အရာရာ တို့သည် အကန့်အသတ်ဖြစ်သာ ဖြစ်သည် မဟုတ်ပါလား ။ ကျွန်ုပ်လည်း လောကအရာရာတို့၏ သတိမထားမိသော အကန့်အသတ်ဖြင့် တည်ရှိ ခြင်းအား အကန့်အသတ်မဲ့ စိတ်တို့ဖြင့် သတိထား တွေးခေါ်ကြည့်နေ မိလေတော့၏ . . . . .

Lazy Cat (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...