စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခေါင်း ဘယ်နှကြိမ် လျှော်သင့်လဲ


အရေပြားရောဂါအထူးကု ဆရာဝန်တွေနဲ့ ဆံပင်ပညာရှင် တွေက ဆံပင်အမျိုးအစား၊ ဦးရေ ပေါ်မူတည်ပြီး ခေါင်းလျှော်တဲ့အကြိမ်ရေမတူညီနိုင်ဟု ဆိုထား ပါတယ်။ နောက်တစ်ချက်အနေ နဲ့က ဆံပင်ဟာ ဖိုက်ဘာဖြစ်တာ ကြောင့် ခဏခဏလျှော်လေလေ မကောင်းလေလေဖြစ်တာမို့ နေ့ တိုင်းခေါင်းလျှော်ဖို့ မလိုအပ်ဘူး လို့သိရပါတယ်။

မီယာမီတက္ကသိုလ်က သု တေသီတစ်ဦးရဲ့အဆို အရ ဦးရေပြားအဆီဟာ ဆံသားတွေဆီကို မြန်မြန်မရောက်နိုင်တာကြောင့် ဆံသားတွေဟာခြောက် သွေ့နေဆဲဖြစ်လို့ ခေါင်းလျှော် ရည်တွေနဲ့ ခဏခဏလျှော်ပေး စရာမလိုဘူးလို့ သိရပါတယ်။ ဆံလုံးသေးပြီး ဆံပင်လည်းတို မယ်။ ဖြောင့်မယ်ဆိုရင်တော့ ခေါင်းလျှော်ရည်မပါဘဲ လျှော်နိုင်တယ်လို့ဆိုပါတယ်


အကယ်၍ ဦးရေပြား အဆီ ထွက်တာများလွန်းရင်တော့ နေ့တိုင်းခေါင်းလျှော်ရည်နဲ့လျှော်ပေးဖို့လိုအပ်ပါတယ်။ ဦးရေပြားရနံ့မွှေးဖို့ အတွက် ရည်ရွယ်ပြီး နေ့တိုင်း ခေါင်းလျှော်ရည်သုံးပြီး လျှော်တယ်ဆိုရင်တော့ ကြေးချွတ်ဆေး တွေသိပ်မပါတဲ့

 ပေါ့ပေါ့ပါးပါး ခေါင်းလျှော်ရည်လေးတွေပဲရွေး သုံးသင့်ပါတယ်။

ခေါင်းလျှော်ပြီဆိုရင်လည်း အမြှုပ်များများထမှပဲ ဦးရေပြား သန့်သွားတယ်ထင်ကြပေမယ့် တကယ်တမ်းကတော့ အဲဒီလို မဟုတ်ဘဲ ဓာတုဆေးအပြင်း တွေနဲ့ ဆာလဖိတ်ပါနေလို့ ဖြစ်ပြီး ဆံသားရဲ့ရေဓာတ် ကုန်ဆုံးစေတယ်လို့ ဆိုပါတယ်။ 


ဆံပင်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ ကတော့ ခေါင်းလျှော်ရည် တွေဟာ အရေပြားဆဲလ်တွေ နဲ့ဦးရေပြားကအဆီတွေကို ဖယ်ရှားပစ်တာကြောင့် ဆံပင်ကိုနေ့တိုင်းခေါင်းလျှော်ရည်နဲ့လျှော်လေလေ ဆံပင်အားဖြည့်ပစ္စည်း တွေ ပိုသုံးသင့်လေလေလို့ ဆိုပါ တယ်။ နောက်ပြီး ဓာတုဆေးတွေ သိပ်မပါတဲ့ သဘာဝပစ္စည်းတွေနဲ့ထုတ်တဲ့ ခေါင်းလျှော်ရည်တွေပဲသုံးဖို့ အကြံပြုထားကြပါ တယ်။
7day


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...