စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူသားတွေလို နမ်းရှုံ့ချစ်ကြိုးသွယ်နေတာ မြင်ခဲ့ရတဲ့ အာဖရိကတိုက် က ဆင်နှစ်ကောင်

 
 



ဆင်တွေလည်း လူတွေလိုပါပဲ။ သူတို့ ချစ်တဲ့သူနဲ့ ခုလို နမ်းတာ၊ ချစ်ကြည်နူးတာ၊ တစ်ကောင်ဘေးနားမှာ တစ်ကောင် ပွတ်သီးပွတ်သပ်လုပ်တာမျိုးတွေက မြင်ရတဲ့သူတွေကို ကြည်နူးစေမှာပါပဲ။ ခုလည်း အမှတ်မထင်ဆိုသလို တောင်အာဖရိက ဓာတ်ပုံဆရာ Jacques Matthysen ရဲ့ ရိုက်ချက်တွေမှာ ခုလို ချစ်ကြိုးသွယ်နေတဲ့ ဆင်နှစ်ကောင်ပုံကို ထူးထူးခြားခြား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံဆရာက အဲ့ဒီနေ့က မြင်ကွင်းအကြောင်း ပြန်ပြောပြသွားတာကတော့ "ဆင်ပုံတွေ ဓာတ်ပုံရိုက်ချင်လို့ဆိုပြီး ရိုက်နေတုန်းမှာပဲ ဆင်အကောင် ၃၀လောက်ထဲမှာ အဲ့ဒီနှစ်ကောင်က ခုလို တစ်ကောင်နဲ့တစ်ကောင် နမ်းနေတဲ့ပုံမျိုးတွေ၊ ကြင်နာနေတဲ့ပုံတွေ တွေ့ခဲ့ရတော့ အမိအရရိုက်ဖြစ်ခဲ့တာပါ။ အစတုန်းကတော့ တစ်ကောင်နဲ့တစ်ကောင် ဆော့နေကြတဲ့ပုံတွေချည်းပဲ ရိုက်နေခဲ့တာ။ အဲ့ဒီအချိန်မှာမှ ဒီဆင်နှစ်ကောင်ရဲ့ ထူးဆန်းတဲ့အပြုအမူကို တွေ့လိုက်ရပြီး ရသလောက် ထပ်ရိုက်ဖြစ်ခဲ့ပါတယ်"တဲ့။
အစပိုင်းက တစ်ကောင်နောက် တစ်ကောင်ကပ်လိုက်နေသလို ပြုမူရင်းကမှ နောက်ပိုင်းမှာတော့ သူတို့နှစ်ကောင်ရဲ့ နှာမောင်းတွေကို ချိတ်ဆက်ပြီး ချစ်ကြိုးသွယ်နေတဲ့အပြုအမူတွေကို လုပ်ဆောင်တော့တာပါ။ တစ်ကောင်နဲ့တစ်ကောင် နမ်းနေသလိုပါပဲ။

အသက် (၃၇)နှစ်ရှိပြီဖြစ်တဲ့ ဓာတ်ပုံဆရာက ခုလိုဓာတ်ပုံတွေ ရိုက်နေချိန်အတွင်း သူကိုယ်တိုင်လည်း ဒီမြင်ကွင်းကြောင့် စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဖွင့်ဟပါတယ်။ သူတို့ရဲ့ယှက်နွယ်ထားတဲ့ နှာမောင်းတွေဟာ လူတွေလက်တွဲထားသလိုဖြစ်ပြီး တစ်ကောင်နဲ့တစ်ကောင် ခေါင်းချင်းတွန်းလိုက်၊ ပြန်ပူးကပ်လိုက် လုပ်နေတာကလည်း တကယ့်ကို ချစ်သူတွေ ကျီစယ်နေသလို ထင်ရတယ်လို့ ဆိုသွားပါတယ်။

Ref:dailymail.co.uk

https://www.facebook.com/royalheromedia/posts/934961276534741 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...