စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖုန်း Interview ဖြေနည်း !!!


                            

၁။ အလေးထားပါ။
- ဒါကလည်း အင်တာဗျူးတစ်ခုပါပဲ။ လူချင်းတွေ.ပြီးဗျူးရတဲ့အင်တာဗျူးလိုပဲဒီအင်တာဗျူးကိုလည်း အလေးထားရပါမယ်။ သင့်ကို Interview တဲ့သူအထင်ကြီးသဘောကျအောင် လည်းကြိုးစားဖို.လိုပါတယ်။ ဒီလိုမှမဟုတ်ရင်နောက်တဆင့်ကို တက်ဖို.ခက်နေပါလိမ့်မယ်။ အဲ့တော့အလေးထားဖြေဆိုဖို.လည်းလိုပါတယ်။

၂။ ကြိုတင်ရှာဖွေပြင်ဆင်မှုတွေလည်းပြုလုပ်ပါ။
- ကိုယ့်ကို အင်တာဗျူးမယ့် Company အကြောင်း၊ လုပ်ငန်းနယ်ပယ်အကြောင်း၊ အလုပ်တာဝန်တွေအကြောင်းနဲ. သင့်ရဲ.အလုပ်လျှောက်လွှာနဲ.ပတ်သက်သမျှတွေကို ယုံကြည်မှုရှိရှိနဲ. ချက်ကျကျလက်ကျကျဖြေနိုင်အောင်လည်း ကြိုတင်ရှာဖွေလေ့လာလေ့ကျင့်ဖို. လိုအပ်လှပါတယ်။

၃။ မေးခွန်းကောင်းတွေမေးနိုင်ဖို.လည်းပြင်ဆင်ထားပါ။
- သင့်ကိုအင်တာဗျူးတဲ့သူကို သင်ကလည်းပြန်ပြီးတော့မေးခွန်းထုတ်နိုင်အောင် ကြိုးစားပါ။ သင်သိချင်တာ၊ သင်သိသင့်တာ၊ သင်မရှင်းမလင်းဖြစ်နေတာတွေကို ကောင်းကောင်းမေးနိုင်အောင်ကြိုတင်စဉ်းစားလို.ရရင်စဉ်းစားထားပါ။

၎။ တိတ်ဆိတ်ငြိမ်သက်ပြီး အနှောင့်အယှက်ကင်းတဲ့အခန်းတစ်ခန်းကိုရွေးချယ်ပါ။
- ကော်ဖီဆိုင်၊ လူသွားလူလာများတဲ့လမ်းတွေ၊ လူထူတဲ့တခြားနေရာတွေကိုရှောင်ပါ။ ဖုန်းကောင်းကောင်းပြောလို.မရတာမျိုး၊ အသံကောင်းကောင်းမကြားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

၅။ ဖုန်းကိုအားသွင်းထားပါ။
- အိမ်ဖုန်းဆိုရင်ပြသနာမရှိပေမယ့် Hand Phone ဆိုရင်တော့ဖုန်းကိုအားအပြည့်သွင်းထားဖို.လိုပါတယ်။ နောက်ပြီး ဖုန်းလိုင်းမိမယ့်နေရာမျိုးကိုလည်းရွေးချယ်ပြောဆိုဖို.လိုပါတယ်။

၆။ မတ်တပ်ရပ်၊ ပြုံးရင်းနဲ.စကားပြောပါ။
- အသံကြည်ကြည်လင်လင်နဲ. ယုံကြည်မှုရှိရှိပြောနိုင်အောင်ဖြစ်ပါတယ်။

၇။ သင့်ရဲ.အသံကို သင့် Body Language အဖြစ်အသုံးပြုပါ။
- သင့်ရဲ.ကိုယ်ခန္ဓာကိုလှုပ်ရှားပြုမူပြီး Body Language သုံးစကားပြောသလိုမျိုး သင့်ရဲ.အသံကို အနိမ့်အမြင့်အတက်အကျသုံးပြီး စိတ်ဝင်စားမှုရှိအောင် နားထောင်လို.ကောင်းအောင်ပြောဆိုသင့်ပါတယ်။

၈။ လိုတာထက်ပိုပြီးအများကြီးမပြောပါနဲ.။
- သင့်ကို Interview တဲ့သူကိုသင်ကမြင်ရတာမဟုတ်တဲ့အတွက် ခရားရေလွှတ်ပြောနေလို.မရပါဘူး။ လိုရင်းနဲ. ထိထိမိမိပြောနိုင်ဖြေနိုင်ဖို.ကသာအဓိကကျပါတယ်။

၉။ အချိန်ပိုကြာသွားနိုင်တာကိုသတိပြုပါ။
- ဖုန်းနဲ.အင်တာဗျူးတယ်ဆိုတာ ထင်တာထက် ပိုကြာသွားနိုင်တာကိုသိထားရပါမယ်။ အချိန်ကိုပိုတွက်ပြီး ကြိုအချိန်ဇယားချထားဖို.လိုအပ်ပါတယ်။

၁၀။ မှတ်စုလေးလုပ်ထားပါ။
- သင်အမေးခံရတဲ့မေးခွန်းတွေ၊ သင့်ကိုပေးတဲ့ထင်မြင်ချက်တွေနဲ. အခြားအရေးကြီးတွေစကားတွေကိုစာအုပ်လေးနဲ.ဖြစ်ဖြစ်မှတ်ထားပါ။ ဒါမှသင်ဖြေခဲ့တဲ့အင်တာဗျူးအပေါ်သင်ပြန်သုံးသပ်လို.ရနိုင်ပါလိမ့်မယ်။

Wilson Chan (YK)

Credit : Pinterest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...