စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တတိယအကြိမ်မြောက် Miss Farmer ပြိုင်ပွဲ ကျင်းပ


              
 မြန်မာနိုင်ငံရှိ လယ်တောသူမလေးများ၏ အလှကို ဖော်ထုတ်သည့်အနေဖြင့် တတိယ အကြိမ်မြောက် Miss Farmer ပြိုင် ပွဲကို မတ် ၂၁ရက်က UMFCCI တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံဆန် စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ လယ်ယာ ကဏ္ဍတွင်မပါမဖြစ်အရေးပါလှသော လယ်တောသူလေးများ၏ ဘဝနေထိုင်မှုစရိုက်ပုံစံလေးများကို ဖော် ထုတ်သည့် အနေဖြင့် ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲနှင့်ပတ်သက်၍ မြန် မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးစိုးဝင်းက''မြန်မာလယ်ယာကဏ္ဍမှာ လယ်တောသူတွေရဲ့အခန်းကဏ္ဍ ကအလွန်ပဲအရေးပါတာတွေ့ရပါ တယ်။ သူတို့တစ်ယောက်ချင်းစီရဲ့ လုပ်အား၊ အတွေ့အကြုံတွေဟာ၊ သူ့မိသားစုကနေ တစ်ဆင့် တစ်တိုင်း ပြည်လုံးအတိုင်းအတာတစ်ခုအနေ နဲ့ အထောက် အကူပြုပါတယ်။ ဒါကို အန်ကယ်တို့အနေနဲ့ပြန်လည် ဖော် ထုတ်ချင်တဲ့ သဘောပါ။ ပြီးတော့ ဒီ ကလေးတွေကိုလဲ မြေတောင်မြှောက် ပေးချင်တယ်''ဟု ပြောသည်။

အဆိုပါပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေး တိုင်း၊ ရှမ်းပြည်နယ်အစရှိသော တိုင်း နှင့်ပြည်နယ်များမှ အမျိုးသမီးများပါ ဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် မစန္ဒီ ဖြိုးက ''ညီမဒီပြိုင်ပွဲလေးကိုစိတ်ဝင်စား လို့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ ဒီ ပြိုင်ပွဲလေးက တခြားသောပြိုင်ပွဲလေး တွေနဲ့မတူဘူး။ အရမ်းထူးခြားပါတယ်။ တောသူမလေးလိုဝတ်စားပြီးတော့ တကယ့်ကို တောဓလေ့ထုံးစံအတိုင်း သနပ်ခါးလေးတွေပန်းလေးတွေနဲ့ ယှဉ် ပြိုင်ရတယ်။ ညီမကအင်္ဂလိပ်စာနဲ့ ကျောင်းပြီးထားတာပါ။ အလုံမြို့နယ် ကလာရောက်ယှဉ်ပြိုင်တာပါ။ ဒီနှစ် တော့ Top10 ဝင်အောင်ယှဉ်ပြိုင် သွားမှာပါ''ဟုပြောသည်။

တတိယအကြိမ်မြောက်ကျင်း ပသော Miss Farmer ကို ဝင် ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသူ ၇ဝနီးပါးရှိပြီး၊ အဆိုပါပြိုင်ပွဲဝင်များ အား ဆန်ခါတင်အဆင့်ဆင့်ရွေးချယ် ကာ နောက်ဆုံးဖိုင်နယ်ပွဲကို မတ် ၂၉ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း သိ ရသည်။

PP

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.33411

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...