စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကြံပေးအရာရှိအလုပ်ဆိုတာ



နောက်ပိုင်း လုပ်ငန်းတွေမှာဆိုရင်လည်း ကိုယ့် Company အတွက်အကြံပေးအရာရှိဆိုတာသီးသန်.ရှိကြသလို၊ တခြားအကြောင်းကိစ္စတွေရှိလာရင်လည်း သက်ဆိုင်ရာ အကြံပေးအရာရှိပုဂ္ဂိုလ်မျိုးတွေနဲ. တွေ.ဆုံတိုင်ပင်ပြီးမှ စဉ်းစား ဆုံးဖြတ်ကြတာမျိုးတွေ ရှိလာပါပြီ။

ဒါဆို အကြံပေးအရာရှိတစ်ယောက်က အခြေခံအားဖြင့်ဘယ်လိုအချက်တွေပြည့်စုံရမလဲ ???

- သတ်မှတ်ထားတဲ့ပညာအရည်အချင်းတစ်ခုရှိရပါမယ်။
- စိတ်ရှည်သည်းခံနိုင်ရပါမယ်။
- လူကဲခတ်ကျွမ်းကျင်ပြီး လူတွေရဲ.စိတ်အကြမ်းဖျင်းသဘောသဘာဝတွေကို သိရပါမယ်။
- စကားအပြောအဆိုကျွမ်းကျင်ရပါမယ်။
- ဖျောင်းဖျပြောဆိုမှုနဲ. နားလည်သဘောပေါက်လွယ်အောင် ရှင်းပြနိုင်ခြင်းမျိုးရှိရပါမယ်။
- ခေတ်မီရေစီးကြောင်းအလိုက် Update သတင်းအချက်အလက်တွေကိုလည်း သိသင့်သလောက်သိရပါမယ်။
- လေ့လာမှုအားကောင်းရပါမယ်။

အကြံပေးအရာရှိဆိုတာက အဓိကအားဖြင့်တော့ ကိုယ့်ဆီကိုပြသနာတစ်ခုခုကြုံနေရတဲ့သူ ဒါမှမဟုတ်လည်း ဝေခွဲမရ၊ ဆုံးဖြတ်ရခက်နေတဲ့ကိစ္စတစ်ခုခုကိုကြုံနေရတဲ့သူမျိုးတွေကို ထိတွေ.ဆက်ဆံရတာများပါတယ်။
အရင်ဆုံးတော့ ကိုယ့်ဆီရောက်လာတဲ့သူက ဘာအခက်အခဲမျိုးကိုကြုံနေတဲ့လူလဲဆိုတာ တိတိကျကျသေသေချာချာသိအောင် လုပ်ရပါတယ်။ နောက်ပြီး သူတွေ.ကြုံနေရတဲ့အခက်အခဲက ဘယ်လောက်အဆင့်ရောက်နေပြီဆိုတာလဲ သိရပါမယ်။ ပုံမှန်လက်ခံဆွေးနွေးအကြံပေးလို. အဆင်ပြေနိုင်တဲ့ပြသနာမျိုးလား၊ အချိန်တိုတိုနဲ. အကောင်းဆုံး အဖြေတစ်ခုကို ပေးနိုင်မှဖြစ်မှာလားဆိုတာလည်းသေချာဖို.လိုပါတယ်။
ကိုယ့်ဆီကိုလူတစ်ယောက်ရောက်လာတာနဲ. အဲ့ဒီ့လူရဲ. သွင်ပြင်လက္ခဏာတွေကိုလည်း အကဲခတ်ပါ။ စိတ်ခံစားမှုလွယ်တဲ့သူမျိုးလား၊ စိတ်တိုဒေါသထွက်လွယ်တဲ့သူမျိုးလား၊ စိတ်ဓါတ်ကျနေတဲ့လူလား၊ အောင်မြင်မှုကို ရှာဖွေနေတဲ့လူမျိုးလား စသဖြင့် အကဲခတ်ပြီးမှစကားတွေကိုစတင်ပါ။
တတ်နိုင်ရင်သူပြောချင်သမျှအကုန်လုံးကို လုံးဝကုန်စင်သွားတဲ့အထိအရင်နားထောင်ပေးလိုက်ပါ။ သူ.ကိုစိတ်သက်သာရာအရင်ရသွားစေတဲ့သဘောပါပဲ။ သူ.အခက်အခဲအကြပ်အတည်းတွေကိုလည်း အကုန်သဘောပေါက်အောင် ဂရုတစိုက်နားထောင်ဖို.လည်းလိုပါတယ်။
သူ.ဘက်ကစကားတွေကုန်သွားပြီဆိုမှ သူ.ပြသနာနဲ. ပတ်သက်တဲ့အချက်အလက်တွေကို စတင်ဆွေးနွေးရပါမယ်။ ဆွေးနွေးနေတဲ့အချိန်မှာလည်း ကိုယ်ကချည်းပဲ မပြောရပါဘူး။ အပြန်အလှန် စကားပြောကြတဲ့ပုံစံမျိုးဖြစ်ရပါမယ်။ သူ.အခက်အခဲအတွက် အဖြေကိုမပြောခင်မှာလည်း သူဒီအခက်အခဲကိုကျော်ဖြတ်ချင်စိတ်များနေလား၊ လက်လျှော့အရှုံးပေးဖို.ပဲ ဆန္ဒရှိနေတာလားဆိုတာလည်းသေချာသိရပါမယ်။ ပြီးမှကိုယ်က ဘယ်လိုပုံစံနဲ.အကြံပေးရမလဲဆိုတာကိုဆုံးဖြတ်ပါ။

နောက်တစ်မျိုးကတော့ လမ်းကြောင်းရွေးချယ်မှုပိုင်းနဲ. ဆိုင်တဲ့အကြံဥာဏ်မျိုးပေးရတာပါ။ ပညာရေးပိုင်းနဲ.ပတ်သက်တာပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ရွေးချယ်မှုပိုင်းနဲ.ပတ်သက်တာပဲဖြစ်ဖြစ် အကြံပေးရတာမျိုးကျတော့ လာတဲ့သူရဲ.စိတ်ကိုဖတ်နိုင်ဖို.က အဓိကကျလွန်းသွားပါပြီ။ သူကဘာကိုဝါသနာပါလဲ၊ သူက ဘယ်လိုအရာတွေကိုစိတ်ဝင်စားတာလဲ၊ သူ.ပုံစံစိတ်ထားမျိုးက ဘယ်လိုနေရာမှာဆိုထူးချွန်နိုင်မလဲဆိုတာတွေကို သိရပါမယ်။ ဒါမှကိုယ်ပေးလိုက်တဲ့အကြံဥာဏ်ကိုသူလက်ခံအကောင်အထည်ဖော်တဲ့အခါမှာလည်း ပိုပြီးတွင်ကျယ်အရာရောက်ပါတယ်။
နောက်ပြီး အကြံပေးအရာရှိတစ်ယောက်စကားပြောတဲ့နေရာမှာ အရေးအကြီးဆုံးတွေက ဥပမာပေးနှိုင်းယှဉ် ပြတာမျိုးနဲ. ကောင်းကျိုးဆိုးကျိုးတွေကိုမြင်သာ ထင်သာအောင်ပြောပြတာမျိုးပါပဲ။
ဒီအချက်တွေကတော့ အကြံပေးအရာရှိတစ်ယောက်အတွက် အရေးကြီးတဲ့အချက်တွေဖြစ်တဲ့အပြင် နားလည်သဘောပေါက်ထားမှ အဆင်ပြေနိုင်မယ့်အခြေခံသဘောတရားတွေလည်းဖြစ်ပါတယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...