စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျောက်ဘူဖေး



မျောက်ဘူဖေးဆိုလို့ မျောက်သားစားတဲ့ ဘူဖေး မဟုတ်ပါဘူး။ မျောက်များကို စားစရာများ ပေါပေါသီသီကျွေးတဲ့ ပွဲ ဖြစပါတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း Lopburi Province မှာ မျောက်အင်မတန်ပေါပါတယ်။ စုစုပေါင်း အကောင်ရေ ၂၀၀၀ မက ရှိပြီး သူတို့ကို လမ်းမတွေပေါ်မှာ ဒီတိုင်းလွတ်ထားပါတယ်။

မြို့ခံများအနေနဲ့ သူတို့ကြောင့် စီးပွးတက်၊ လာဘ်တိုးတယ်လို့ ယူဆထားတာ ကြောင့်ပါ။ ဒါကြောင့်မို့ ၁ နှစ်ကို ၁ခါတော့ မျောက်များအတွက် ဘူဖေးပွဲ လုပ်ပေးပါတယ်။ ရင်ပြင်တစ်နေရာမှာ မျောက်ကြိုက်တတ်တဲ့ အသီး အစုံကို တောင်လိုပုံ ခင်းထားပြီး မျောက်များက တစ်နေကုန် ထိုင်းစားပါတော့တယ်။ စပိန်မှာ ကလေးပေါ် ခုံတဲ့ ပွဲပြီးရင် ယင်း မျောက်ဘူဖေးကို ဒုတိယ အထူးဆန်းဆုံးပွဲအဖြစ် ယူကေ အခြေဆိုက် မီဒီယာအချို့က ဖော်ပြ ပါတယ်။

တစ်နှစ်မှာတစ်ခါ နှစ်ကုန်ခါနီးတိုင်း ပြုလုပ်တဲ့ ပွဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘူဖေး စားသုံးလိုသူများ. (အဲလေ) လေ့လာချင်သူများ သွားရောက် နိုင်ပါတယ်... smile emoticon

Ref: wiki
အောင်ခမ်း (ရိုးရာလေး) 

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...