စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ အပျော်ရွှင်ဆုံးနှင့် ကမ္ဘာ့ မပျော်ရွှင်ဆုံး နိုင်ငံများ






Gallup လို့ အမည်ရတဲ့ ကမ္ဘာ့ သုတေသန အဖွဲ့မှ ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံများ စာရင်းနဲ့ ကမ္ဘာ့ မပျော်ရွှင်ဆုံး နိုင်ငံများ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အမှန်တကယ်ကျတော့ လူတွေရဲ့ အကောင်းမြင်နိုင်မှုကို Survey ကောက်လို့ သုတေသန စီခြင်း ဖြစ်ပြီး ငယ်စဉ်ကြီးလိုက် စီတဲ့အခါ အပေါ်ဆုံး နိုင်ငံ ၁၀ နိုင်ငံကို အပျော်ရွှင်ဆုံး ၁၀ နိုင်ငံလို့ သတ်မှတ်ပြီး အောက်ဆုံး ၁၀ နိုင်ငံကို မပျော်ရွှင်ဆုံး နိုင်ငံလို့ သတ်မှတ်ခြင်း ဖြစ်ပါတယ်။

အပေါ်ဆုံး ဆယ်နိုင်ငံ (အပျော်ရွှင်ဆုံး ၁၀ နိုင်ငံ) ကတော့ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ အားလုံးက လက်တင် အမေရိက မှ နိုင်ငံများ ဖြစ်ပြီး အချို့ နိုင်ငံဟာ ဆိုရင် ရာဇဝတ်မှုများ၊ မှုခင်းများ အမြဲ ဖြစ်နေတဲ့ နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဘဝမှာ ပျော်ပျော်နေတတ်ပြီး စိတ်ညစ်စရာကိုတောင် ဟာသ လုပ်သတဲ့။ အချင်းချင်းလည်း အပြန်အလှန် လေးစားကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အမြင်ကို မေးတဲ့အခါ များသောအားဖြင့် အကောင်းမြင်မှု များခြင်းကြောင့် ပျော်ရွှင်မှုမှာ ထိပ်ဆုံးရောက်နေခြင်း ဖြစ်ပါတယ်။ ပါရာဂွေး၊ ကိုလီဘီယာ၊ အီကွေဒေါ အစရှိသဖြင့် မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

အောက်ဆုံး ၁၀ နိုင်ငံကို ကြည့်လိုက်တဲ့အခါ အများစုက အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံများ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်က စိတ်အဆင်းရဲဆုံး ထိပ်ဆုံးမှာ ရှိနေပါတယ်။ အသေးစိတ်ကို http://metro.co.uk/2015/03/22/these-are-the-worlds-happiest-countries-5115847/?ito=v-a မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...