စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖေ့စ်ဘွတ်ခ်သုံးခြင်းရဲ့ ဆိုးကျိုးများ


ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုမကြာခဏ refresh လုပ်ပြီးနောက်ဆုံးရသတင်းတွေ၊ notification တွေကိုတစ်ခုမှာလက်လွတ်မခံလိုက်ကြည့်ဖြစ်နေကြပြီလား။ သန်းခေါင်းကျော် တစ်ရေးနိုးလဲဖေ့စ်ဘွတ်ခ်ထဲဝင်ကြည့်ပြီး မိုးလင်းပေါက်တဲ့အထိဖေ့စ်ဘွတ်ခ် အသုံးပြုနေလို့  အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ ဘယ်လောက်များပြီလဲ။ အခုလိုဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ စွဲလန်းနေခြင်းကြောင့် အောက်ပါ အချက်တွေကိုခံစားနေရပါလိမ့်မယ်။

၁) ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုများလျော့နည်းလာခြင်း။

Status တစ်ခုတင်လိုက်ပြီးတစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းပြီးမှ like လေးခု၊ ငါးခုလောက်ပဲရနေချိန်မှာ၊ သူငယ်ချင်းတွေရဲ့  Status က like တွေအများကြီးရနေတာကို မြင်တွေ့ နေရင် စိတ်ထဲမှာမတင်မကျနဲ့ လျစ်လျှူရှုခံရသလို၊ အထီးကျန်ဆန်နေသလိုခံစားနေရတတ်ပါတယ်။ ဆိုရှယ်လ်နက်ဝေါ့ခ်ပိုင်းကို လေ့လာခဲ့သူတွေရဲ့ တွေ့ ရှိချက်ကတော့ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုသူ တော်တော်များများက မိမိရဲ့ အွန်လိုင်းပေါ်ကရုပ်သွင်သဏ္ဍာန်ကိုတခြားသူတွေနဲ့  ယှဉ်နှိုင်းဝေဖန်ခံရပြီး မကောင်းတဲ့အမြင်နဲ့ ရှုံချပြောဆိုခံရတာကို မလိုလားကြပါဘူး။ ဒီလိုရှုံချဝေဖန်ခံရတာများလို့  ဖေ့စ်ဘွတ်ခ်ပေါ်မှာထင်တိုင်းကြဲလုပ်ချင်တာလုပ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတတ်ကြတော့တဲ့ သူတွေဖြစ်လာကြတာလဲမနည်းတော့ပါဘူး။

၂) လူအများရဲ့  အာရုံစိုက်မှုဖြင့် လွှမ်းမိုးခံလိုခြင်း။

ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်နေပါတယ် ဆိုတဲ့အကြောင်းကို status အဖြစ်တင်ပြီး ၁၀မိနစ်ခြားတစ်ခါလောက် notification တတ်မတတ်စောင့်ကြည့်နေပြီးနာရီဝက်လောက်ကြာမှ notification တစ်ခုတတ်လာတာကိုဝမ်းသာအားရဖြစ်နေတတ်ကြပါတယ်။ အလားတူပါပဲ။ ညဘက်အိပ်ရာဝင်ချိန်တွေမှာလည်း အွန်လိုင်းတက်ပြီး status တစ်ခုမဟုတ် တစ်ခုတင်၊ လူအများရဲ့ အာရုံစိုက်မှုကိုရယူဖို့  စောင့်ဆိုင်းပြီးအချိန်ကုန်လွန်နေတတ်ကြတာဆယ်ကျော်သက်လူငယ်တွေ အများဆုံးဖြစ်တတ်ပါတယ်။

၃) ကိုယ်ရေးကိုယ်တာအချက်အလက် နှင့် ဆက်စပ်သောသောကများ။

မိဘနဲ့ သားသမီး၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူရည်းစားနဲ့ လင်မယားတွေအကြား ဆက်ဆံရေးတွေကို ပုဂ္ဂလိကအတွင်းရေးအနေနဲ့ ထားရှိကြပြီးအပြန်အလှန် ရိုသေနားလည်မှုတွေ အရင်ကရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ ကျေးဇူးတွေကြောင့် ကိုယ်ရေးကိုယ်တာတွေဆိုတာမရှိတော့ပါဘူး။ လူကြီးမိဘတွေကဘယ်လိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ချစ်သူရည်းစားက ဘယ်လိုဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာတွေ၊ သူငယ်ချင်းကနောက်ကွယ်မှာဓားထိုးတယ်ဆိုတဲ့ status တွေကို လူအများသိအောင် ဖေ့စ်ဘွတ်ခ်မှာကြေညာချက်တွေထုတ်နေကြပါတယ်။ အားပေးအားမြောက်လုပ်သူတွေက like လုပ်၊ comment ပေးတာတွေလုပ်ပြီး မြှောက်ထိုးပင့်ကော်တွေလုပ်ပြီးတကယ့်လက်တွေ့ ပြဿနာတွေကို ဝိုင်းကူရှင်းပေးနိုင်ကြတာ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြားမှာတော့ Password (စကားဝှက်) ကိုပေးလိုက်ခြင်းကအဆိုးဆုံးပါပဲ။ မျိုးစုံသောနည်းလမ်းတွေနဲ့ အချိန်တိုင်းထောက်လှမ်းစစ်ဆေး
တာတွေကို ကြုံတွေ့ နေကြရပြီး၊ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆိုတာ ပျောက်ပျက်စပြုနေပါပြီ။

၎) အွန်လိုင်းပေါ်ကရန်ငြိုးဟောင်းများ။

အွန်လိုင်းပေါ်က တချို့ လူတွေကစိတ်အနှောက်အယှက်အရမ်းဖြစ်စေပါတယ်။ အလုပ်မရှိအလုပ်ရှာ၊ အွန်လိုင်းမှာ လာခေါ်ပြီးစကားပြန်မပြောရင် ဆဲရေးတိုင်းထွာလုပ်သွားတတ်ကြပါတယ်။ အဖက်လုပ်ပြီး ပြန်ပြောမိရင်းစကားများရန်ဖြစ်ပြီးအညှိုးအတေးထားရှိပြီးအပြင်လောကမှာကိုယ်ထိ
လက်ရောက် အနာတရရ အောင်ပြုလုပ်တဲ့အမှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မလို့ အွန်လိုင်းပေါ်မှာမသိတဲ့သူတွေနဲ့ စကားမပြောပဲနေတာကပိုပြီး လုံခြုံစိတ်ချရပါတယ်။

၅) စွဲလန်းမှု။

ဖေ့စ်ဘွတ်ခ်ကြောင့် ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိနေနိုင်လို့  ဖေ့စ်ဘွတ်ခ်ကတချို့ လူတွေအတွက် နေ့ စဉ်ဘဝမှာ
မရှိမဖြစ်လိုအပ်လာတာကိုတွေ့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေကဖေ့စ်ဘွတ်ခ်ကိုသူတို့ ရဲ့ ကမ္ဘာအမှတ်နဲ့ စွဲလန်းရူးသွပ်ပြီးအချိန်တွေကိုဒီဆိုရှယ်လ်နက်ဝေါ့
ခ်မှာ ဖြုန်းတီးနေရတာကို နှစ်သက်သဘောကျနေကြပါတယ်။ ဖေ့စ်ဘွတ်ခ်စွဲလန်းခြင်းကြောင့် ဘဝပျက်ရတဲ့ လူငယ်တွေ အများကြီးပါပဲ။

Credit : ဆူးချိုး

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...