စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးချွန်အောင်မြင်သူများတွင်မတွေ.ရသော အားနည်းချက်များ


               
၁။ နုံအခြင်း
- အလုပ်ကိစ္စအကြောင်းအရာတစ်ခုခုကို စဉ်းစားဆင်ခြင်တာတို.၊ လေ့လာသုံးသပ်တာတို.မလုပ်ဘဲ နားမလည်ပါးမလည်နဲ. လုပ်တတ်တဲ့အပြုအမူမျိုးကိုပြောတာပါ။

၂။ ထိတ်ထိတ်ပျာပျာနိုင်ခြင်း
- အလုပ်တွေအရမ်းများလာပြီး စိတ်ဖိစီးမှုတွေကြုံလာရတာမျိုးကတော့ လုပ်ငန်းတိုင်းမှာရှိပါတယ်။ တခါတရံမှာဆိုရင်ထင်မထားတဲ့ အကြောင်းအရာကိစ္စတွေ ဖြေရှင်းရတာမျိုးတွေလည်းကြုံလာရတတ်ပါတယ်။ အဲ့လိုကြုံလာတဲ့အခါမျိုးမှာကိုယ်ကပါ ထိတ်ထိတ်ပျာပျာနဲ. ဘာလုပ်လို. ဘာကိုင်ရမှန်းမသိ ကြောက်လန်.နေရင်တော့ သေချာပါတယ် အမှားတွေတောက်လျောက်ကြုံတော့မှာပါအဲ့လိုအခြေအနေမျိုးမှာ စိတ်ကိုငြိမ်ငြိမ်ထားပြီး ဆောင်ရွက်ဖြေရှင်းနိုင်မှအဆင်ပြေနိုင်မှာပေါ့။

၃။ အယူသည်းခြင်း
- ကိုယ့်အလုပ်ကို ကိုယ်ထင်ရာမြင်ရာ ကိုယ်သိထားမှတ်ထားတာကိုချည်းပဲစံထားပြီး အယူသည်းလုပ်ကိုင်တာမျိုး ဘယ်အောင်မြင်တဲ့လုပ်ငန်းရှင်မှမလုပ်ပါဘူး။

၎။ အပျင်းထူခြင်း
- အလုပ်ကြိုးစားမှအောင်မြင်မှုရနိုင်မယ်ဆိုတာလူတိုင်းသိပါတယ်။ ပျင်းတိပျင်းရွဲ.နေတတ်တဲ့သူကတော့ ဘယ်တော့မှအောင်မြင်လာမှာ မဟုတ်ပါဘူး။

၅။ အပြောင်းအလဲလွယ်ခြင်း
- Steve Jobs ပြောခဲ့သလိုပါပဲ။ အလုပ်ကိုအစလုပ်ကိုင်တဲ့သူတွေမှာတောင် ကိုယ့်အလုပ်ကိုကျွမ်းကျင်ရုံတင်မဟုတ်ဘဲ ကိုယ့်အလုပ်အပေါ် ခင်တွယ်တဲ့စိတ်ပြင်းပြတဲ့သူမျိုးတွေကသာ အောင်မြင်လာနိုင်တာပါတဲ့။ အဲ့စကားကိုအခြေခံပြီးမှ ကိုယ့်အလုပ်အပေါ်စိတ်နှစ်ပြီး တစိုက်မတ်မတ်လုပ်ချင်စိတ်မရှိဘဲ စိတ်အပြောင်းအလဲလွယ်ပြီး ဟိုအလုပ်ပြောင်းလုပ်ချင် ဒီအလုပ်လည်းပြောင်းလုပ်ချင် ဖြစ်နေတာကတော့ လုံးဝမကောင်းတဲ့စိတ်ဓါတ်နဲ.အပြုအမူမျိုးပါပဲ။

၆။ ခံစားချက်ကိုဖော်ပြလွန်းခြင်း
- မနာလိုတာ၊ ရှက်ရွံ.တာ၊ လိုချင်စိတ်များတာ၊ ခံပြင်းတာ အစရှိသဖြင့်ကိုယ်ခံစားနေရတဲ့ခံစားချက်ကိုထုတ်ဖော်ပြပြီး ကိုယ်နဲ.အလုပ်အတူတူလုပ်နေသူတွေကိုပါ ကူးစက်ခံစားရအောင်လုပ်တာတို.၊ ကိုယ့်ခံစားချက်ကြောင့် တခြားသူတွေကိုဒေါသနဲ.ဆက်ဆံလိုက်တာမျိုးတို.က သင့်အလုပ်ရော သင့်လုပ်ငန်းဖော်တွေကိုရောဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။

၇။ တကိုယ်ကောင်းဆန်ခြင်း
- ကမ္ဘာကြီးကသင်တစ်ယောက်တည်းအတွက်လည်ပတ်နေတာမဟုတ်ပါဘူး။ အလုပ်အကိုင်လုပ်ငန်းဆိုတာကလည်း သင်တော်လွန်းတိုင်း အဆင်ပြေနေမှာမဟုတ်ပါဘူး။ တခါတရံမှာ ကိုယ့်ကိုယ်ကိုယ်တော်လွန်းတယ်လို. တကိုယ်ကောင်းဆန် အထင်ကြီးနေတာက သင့်စွမ်းဆောင်ရည်တွေကိုထိခိုက်စေနိုင်ပါတယ်။ သင်သိဖို.ကသင်အလုပ်လုပ်နေရင် သင့်အလုပ်ရှင်ဆိုတာရှိနိုင်သလို၊ သင့်လုပ်ဖော်ကိုင်ဖက်နဲ. သင်ဆက်ဆံရမယ့် Customer တွေလည်း ရှိနေသေးတယ်ဆိုတာပါပဲ။

၈။ အတိတ်ကိုအစွဲထားလွန်းခြင်း နှင့် အနာဂါတ်ကိုကြိုအတွေးလွန်ခြင်း
- အတိတ်ကအတွေ.အကြုံတွေကို ပြန်လည်သုံးသပ်အသုံးချနိုင်ပေမယ့် တသမတ်တည်းအသေမှတ်မထားသင့်ပါဘူး။ အဲ့လိုပဲအနာဂါတ်ကို ကြိုတင်စဉ်းစားပြင်ဆင်ထားတာကောင်းပေမယ့် လက်ရှိပစ္စုပ္ပန်ကိုအဓိကထားစဉ်းစားလုပ်ကိုင်ရမှာပါ။ ပစ္စုပ္ပန်မှာကောင်းကောင်းလုပ်နိုင်မှ အနာဂါတ်အတွက်အောင်မြင်မှုက သေချာနိုင်မှာပါ။

၉။ ဖြစ်ကတတ်ဆန်းလုပ်ခြင်း
- "အဆင်ပြေရင်ပြီးရော" "ဘယ်လိုဖြစ်ဖြစ်ကောင်းပါတယ်" ဆိုတဲ့စကားမျိုးတွေကို တကယ်အောင်မြင်ထူးချွန်တဲ့သူတွေ ဘယ်တော့မှ မပြောပါဘူး။

၁၀။ စိတ်ထိခိုက်လွယ်လွန်းခြင်း
- ဘယ်အရာကိုမှလွယ်လွယ်ကူကူမခံစားပါနဲ.။ ကိစ္စသေးသေးလေးကိုထိခိုက်ခံစားလွယ်နေရင် သင်တကယ့်လုပ်ငန်းလောကမှာ ဘယ်လိုမှ အဆင်ပြေချောမွေ.နိုင်မှာမဟုတ်ပါဘူး။ အဲ့တာကြောင့်ပဲ တကယ်အောင်မြင်နေတဲ့သူတွေဟာ ဟာသဥာဏ်နဲ. အရာရာကိုဖြေရှင်းတတ်ကြတာပါ။

Wilson Chan (YK)

Credit : Entrepreneur

https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.32

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...