စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကင်တွေက ကင်ဆာရောဂါဖြစ်စေသလား

              

အကင်တိုင်းကတော့ ကင်ဆာရောဂါမဖြစ်စေပါဘူး။

သို့သော် အသားတွေကို ကင်လိုက်တဲ့အခါ ထွက်လာတဲ့ Heterocyclic Amines လို့ခေါ်တဲ့ ဓာတ်ပေါင်းပစ္စည်းတစ်မျိုးဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ Carcinogen ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

American Institute for Cancer Research ရဲ့ အကြံပြုချက်အရ အကင်တွေကို ကျန်းမာရေးနှင့်ညီညွတ်အောင် အချဉ်တစ်ခုခုနဲ့ တွဲစားသင့်ကြောင်း အကြံပြုထားပါတယ်။

အချိုအကင်ဆိုင်များနှင့် ကျန်းမာရေးကို သေချာစိစစ်တဲ့ဆိုင်များကတော့ အကင်တုတ်ချောင်းများကို သံပုရာကွင်းများ အသင့်ချိတ်ပေးထားတတ်ပါတယ်။ အကြောင်းကတော့ သံပုရာသီး၊ ရှောက်သီးနှင့် ရှာလကာရည်တို့မှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်ဟာ အကင်များမှ ထွက်ရှိတဲ့ ကင်ဆာဖြစ်စေတဲ့ အရာများကို ချေပစ်ပေးနိုင်စွမ်း ရှိနေလို့ပါပဲ။

ဒါ့ကြောင့် အကင်များကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ မရှောင်နိုင်လို့ စားတော့မယ်ဆိုရင် ကင်ဆာမဖြစ်အောင် တူးနေတဲ့ နေရာများကို ဖယ်ပစ်ပြီးမှ စားပါ။ သံပုရာသီးကဲ့သို့သော အချဉ်တစ်ခုခုနှင့်အတူ တွဲ၍ စားသုံးကြပါလို့ အကြံပြုလိုက်ပါရစေ။

ကင်ဆာရောဂါကင်းဝေး၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ American Institute for Cancer Research

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...