စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်ခြမ်းကို ဂျာမနီပိုင်၊ တစ်ခြမ်းကို နယ်သာလန်ပိုင်တဲ့မြို့





နယ်သာလန်နိုင်ငံရဲ့ အရှေ့ပိုင်းမှာ Dinxperlo လို့ အမည်ရတဲ့ မြို့ငယ်လေး တစ်ခု ရှိပါတယ်။ ယင်းမြို့မှာ လူသီးရေ ၇ထောင်ကျော်၊ ၈ထောင်နီးပါး နေထိုင်ပြီး မြို့တစ်ခြမ်းကို နယ်သာလန်ပိုင်လို့ တစ်ခြမ်းကို ဂျာမနီ ပိုင်ပါ တယ်။

အမှန်တကယ်ကျတော့ နယ်သာလန်ဘက်က နည်းနည်းသာသာ ပိုပိုင် ပါတယ်။ Branding အရလည်း ကြည့်မယ်ဆိုရင် မြို့အမည်ပြောတဲ့အခါ နယ်သာလန်နိုင်ငံထဲက မြို့ငယ်တစ်ခုအဖြစ် ပြောဆိုပါတယ်။ ဒါပေမယ့် ဂျာမနီ နယ်စပ်မှာ တည်ထားတဲ့မြို့ဖြစ်တာကြောင့် လမ်းရဲ့ တစ်ဖက်ခြမ်းကို ဂျာမနီက အပြည့်အဝ ပိုင်ပါတယ်။ ဒီတော့ ယင်းမှာ နေထိုင်တဲ့ သူများ အနေနဲ့ လမ်းတစ်ဘက်ခြမ်းနဲ့ တစ်ဘက်ခြမ်း နိုင်ငံသားခြင်း မတူပါဘူး။ ဒါပေမယ့် အလုပ်ကတော့ အတူတူ အလုပ်လုပ်ကြ ပါတယ်။ ပြောတဲ့စကားကလည်း ယင်း ဒေသမှာ ရှိတဲ့ လူမျိုးများ ပြောတဲ့စကား သီးသန့် ရှိပါတယ်။ ပြီးတော့ ဒတ်ခ်ျနဲ့ ဂျာမန် စကားလည်း ပြောပါတယ်။

မြို့ကို နယ်သာလန်နဲ့ ဂျာမနီ တို့ ပူးပေါင်းထားတဲ့ ရဲဌာနက လုံခြုံရေး တာဝန်ယူထား ပါတယ်။ ဒါကြောင့်မို့ ဂျာမနီနဲ့ နယ်သာလန် ရဲများကိုလည်း တစ်နေရာတည်းမှာ မြင်နိုင်ပါတယ်။ အမှန်တော့ နယ်သာလန်နဲ့ ဂျာမနီရဲ့ ခင်မင် ရင်းနှီးမှုဟာ အခြေအေန ကောင်းပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလုပ်သွားရောက် လုပ်ကိုင်မှု၊ ခရီးသွားလည်ပတ်မှုများ လွယ်တကူ ပြုလုပ်လို့ ရပါတယ်။ တိုက်ရိုက် ဆက်သွယ်ထားတဲ့ ရထားလမ်းလည်း ရှိပါတယ်။

Dinxperlo မြို့လေးရဲ့ လမ်းတစ်ဖက်ခြမ်းဆီ ပိုင်ဆိုင်မှု ခွဲထားတာလေး ကတော့ ထူးဆန်းပြီးတော့ ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်စေပါတယ်။ အချို့နေရာမှာဆိုရင စားသောက်ဆိုင်ကို နှစ်နိုင်ငံ စည်းမျဉ်းတည့်တည့်မှာ ခွပြီး ဆောက်ထား ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...