




နေစွမ်းအင်နဲ့ ကမ္ဘာ့ ပထမဆုံး ကမ္ဘာပတ် ခရီးစဉ်ကို ပျံသန်းနေတဲ့ Solar Impulse-2 လေယာဉ်ဟာ အိန္ဒိယ နိုင်ငံ ဗာရာဏသီ မြို့ကနေ တဆင့် မြန်မာနိုင်ငံ မန္တလေးမြို့ကို ရောက်ရှိလာပါပြီ။
ကမ္ဘာပတ် ခရီးစဉ်ရဲ့ ၄ ခုမြောက် အပိုင်း ဖြစ်တဲ့ ဗာရာဏသီ မြို့ကနေ
မန္တလေးမြို့အထိ ပျံသန်းခဲ့တဲ့ ခရီးမှာ ဘင်္ဂလား ပင်လယ်အော်ကို
ဖြတ်ကျော်ခဲ့ရသလို မြင့်မားတဲ့ ရိုးမ တောင်တန်းကိုပါ ဖြတ်ကျော်ခဲ့ရပြီး
စုစုပေါင်း အကွာအဝေး ကီလိုမီတာ ၁၄၀၀ လောက် ရှိခဲ့ပါတယ်။
ဆွစ်နိုင်ငံလုပ် Solar Impulse-2 လေယာဉ်ဟာ မတ်လ ၉ ရက်နေ့က ယူအေအီး နိုင်ငံ အဘူဒါဘီ မြို့ကနေ ကမ္ဘာပတ် ခရီးစဉ် စတင်ခဲ့ပြီးနောက် ခုချိန်အထိ ကီလိုမီတာ ၄၅၀၀ လောက် ခရီးပေါက်ခဲ့ပြီ ဖြစ်ပါတယ်။
ခရီးစဉ် နောက်တစ်ဆင့် အဖြစ် မန္တလေးကနေ တရုတ်နိုင်ငံ ချုံချင်းမြို့ကို ပျံသန်းမှာ ဖြစ်ပါတယ်။
https://www.facebook.com/kokyaw.thu.3/posts/671388486317564
ဆွစ်နိုင်ငံလုပ် Solar Impulse-2 လေယာဉ်ဟာ မတ်လ ၉ ရက်နေ့က ယူအေအီး နိုင်ငံ အဘူဒါဘီ မြို့ကနေ ကမ္ဘာပတ် ခရီးစဉ် စတင်ခဲ့ပြီးနောက် ခုချိန်အထိ ကီလိုမီတာ ၄၅၀၀ လောက် ခရီးပေါက်ခဲ့ပြီ ဖြစ်ပါတယ်။
ခရီးစဉ် နောက်တစ်ဆင့် အဖြစ် မန္တလေးကနေ တရုတ်နိုင်ငံ ချုံချင်းမြို့ကို ပျံသန်းမှာ ဖြစ်ပါတယ်။
No comments:
Post a Comment