စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကားနောက်ပိုင်းက အချိုင့်ရာ


                 
တစ်ခါက စီးပွားရေးမှာ အောင်မြင်တဲ့ ဂျော့ခ်ျ ဆိုတဲ့ လူရွယ်တစ်ဦးဟာ သူဝယ်ထားတဲ့ ၂ လမျှသာရှိသေးတဲ့ တန်ဖိုးကြီး ပြိုင်ကားတစ်စီးနဲ့ မောင်းနှင်လာတယ်။ သူသွားမယ့် နေရာကတော့ သူ့မွေးရပ်မြေက အိမ်ကလေးကိုပေါ့။

သူဟာ ပြိုင်ကားကို အရှိန်မြှင့်ပြီး ဟိုင်းဝေးလမ်းတစ်လျှောက်မောင်းနှင်လာတယ်။ တစ်နေရာအရောက်မှာတော့ ကားလမ်းဘေးမှာ ကလေးလေးတစ်ယောက် ထိုင်နေတာကိုတွေ့တယ်။လမ်းချိုးလေးမို့ သူလဲ ကားကို အရှိန်နဲနဲရှော့ပြီးတော့ ကလေးလေးဘေးကနေ ဖြတ်မောင်းလိုက်တယ်။ ကလေးလေးက သူ့ကို လက်ဝှေ့ယမ်းပြီးပြတယ်။ သူထင်တာက သူ့ကားကို ရပ်ခိုင်းပြိး ပိုက်ဆံတောင်းမယ့် ကလေးလေးလို့ထင်လိုက်တယ်။

သူဆက်မောင်းသွားတဲ့အခါမှာ သူ့ကားဘေးဘက်ခြမ်းကို ဒုန်းကနဲထိတဲ့အသံကြားတယ်။ အုတ်နီခဲ ။ဟုတ်တယ် ကလေးလေးပြစ်လိုက်တဲံ အုတ်နီခဲ။

သူကားကို ချက်ချင်းနောက်ပြန်ဆုတ်ပြီး ကားထဲကထွက်က ကလေးလေးရဲ့ လည်ပင်းက အကျီစကို ဆွဲပြီး ကလေးလေးကို လေထဲမြှောက်လိုက်တယ်။ပြိးတော့ အသံကုန်ဟစ်အော်လိုက်တယ်
" မင်းဒီကား ဘယ်လောက်ဈေးကြီးတယ်ဆိုတာ သိလား မင်းဘာလို့ လုပ်တာလဲလို့ပေါ့ "

ကလေးလေးက မျက်ရည်တွေ ကျလာတယ်။" ကျွန်တော် ဒီလိုမလုပ်ရင် ဒီနားကဖြတ်သွားတဲ့ ကားတွေကို ရပ်နိုင်မှ မဟုတ်လို့ပါ "

သူလဲ အရမ်းအံ့သြသွားတယ်။ ဘာလို့ သူဒီလို လုပ်တာလဲ။ အဲဒီအချိန်မှာ လမ်းဘေးက မြောင်းလေးထဲက အသံကြားရတယ်။
" ကျွန်တော့် ညီလေးကို မလုပ်ကြပါနဲ့ " ဆိုတဲ့အသံ။

ဒီအချိန်မှာပဲ သူကိုင်ထားတဲ့ကလေးလေးက " အဲဒါကျွန်တော့်အစ်ကိုပါ သူက ပိုလီယိုဖြစ်ပြီး လမ်းမလျှောက်နိုင်တော့ပါဘူး။ ဒီနေ့ ကသူကျောင်းမှာ စာမေးပွဲဖြေရမယ့် နေ့လေ။ ကျွန်တော် သူ့ ၀ှီးချဲကို တွန်းပြီးအလာ ဒီလမ်းကွေ့ကုန်းဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက မြောင်းထဲကို ကျသွားတာလေ။ ကျွန်တော် ၀ှီးချဲကို သယ်နိုင်ပေမယ့် ကျွန်တော့်အစ်ကိုကိုတော့ ကျွန်တော် မသယ်နိုင်လို့ လမ်းမှာတွေ့တဲ့ကားကို တားမယ်ဆိုတဲ့ အကြံနဲ့ ဒိလိုလုပ်ခဲ့တာပါ။

အရင်ကားတွေကို ဒိတိုင်းလက်ပြတားတော့ တစ်ယောက်မှ မရပ်ပေးကြဘူး။ဒီလိုနဲ့ ကျွန်တော်ကားတွေကို ဒိလိုအကြမ်းနည်းသုံးပြီး တားမှဖြစ်မယ်ဆိုပြီး လုပ်မိတာပါ "

သူ့ပါးစပ်တွေ အဟောင်းသားဖြစ်သွားတယ်။လက်ထဲကိုင်ထားတဲ့ ကောင်လေးကို လဲ မြေပေါ်ချပေးလိုက်တယ်။ မြောင်းထဲဆင်းပြီး သူ့အစ်ကိုကို ပွေ့ချီပြီး သူ့ကားပေါ်တင်လိုက်တယ်။ ညီအစ်ကို နှစ်ယောက်လုံးကို ကားပေါ်တင်ပြီးတော့ ကျောင်းအထိလိုက်ပို့ပေးလိုက်တယ်။ ကျောင်းမှာ စာမေးပွဲက စနေပြီ ဆရာမတွေကတော့ စိတ်ပူလို့ ထွက်ကြည့်နေကြတယ်။

သူကူညီလို့ အပြီးမှာတော့ သူသွားမယ့်လမ်းကို လာခဲ့တယ်။ ရင်ထဲမှာလဲ တစ်ခုခုကျေနပ်နေတယ်။ကားကိုလဲ ဖြေးဖြေးမှန်မှန်မောင်းလာခဲ့ပြီးတော့ လမ်းဘေးကမြင်ကွင်းတွေကိုလဲ ကြည့်လိုက်သေးတယ်။

ခရီးက မထင်မှတ်ဘဲ ရှည်သွားတာကြောင့် ညမိုးချုပ်တော့ စားသောက်ဆိုင်တစ်ဆိုင်ရှေ့ ၀င်လိုက်တယ်။ ကားကို ပါကင်ရပ်နေတဲ့ အချိန်မှာ ဘေးနားက လူတစ်ယောက်က ကြည့်နေတယ်။ ပြီးတော့ " ခင်ဗျားဗျာ ဒီကားအကောင်းစားကြီး ဘော်ဒီ ချိုင့်နေတာ မပြင်ဘူးလား " လို့မေးတယ်။

သူကတော့ " ထားလိုက်ပါ ကိုယ့်လူရာ ဒီအချိုင့်လေးက အမှတ်တရ ထားထားတာ " လို့ပြန်ဖြေရင်း ဆိုင်ထဲကို ၀င်သွားပါတော့တယ်။

မောင်စိုင်း

https://www.facebook.com/myanmar.old.photos/photos/a.500953560031631.1073

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...