စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ထိခိုက်ရတဲ့ လီကွမ်ယု စကားများ -




ဆုံးသွားတဲ့ ငါ့ဇနီးနဲ့ ကောင်းကင်ဘုံမှာရော အခြားနေရာမှာရော ပြန်လည်တွေ့ဆုံမယ်လို့ မထင်မိပါဘူး။ ဒါပေမယ့် ငါတို့ အရိုးပြာအိုးလေတွေတော့ တစ်ခုနဲ့ တစ်ခု နီးနီးကပ်ကပ် ရှိစေချင်တယ်။
ငါသေရင် ငါ့ရဲ့ မွမ်းမံပြင်ဆင်မှု မရှိတဲ့ အိမ်ကို ဖျက်ပစ်လိုက်ကြပါ။

ဒီမှာ ငါ့အိမ်ရှိနေတာ့ ကျန်တဲ့အိမ်တွေ အထပ်မြင့် တွေ ဆောက်လို့ မရကြဘူး၊ ငါ့အိမ်မရှိတော့မှ အထပ်မြင့်တွေ အကုန်ဆောက်ကြ၊ မြေဈေးတွေလဲ အများကြီး တက်သွားမယ်၊ ဒီအိမ်ရဲ့ သက်တမ်းက တစ်ရာကျော်နေပြီ၊ ပြင်ဆင်စရိတ်လည်း နည်းမှာ မဟုတ်ဘူး၊ ဖောင်ဒေးရှင်း လည်း မရှိဘူး၊ နံရံတွေမှာ ရေညှိတွေနဲ့၊ တံတိုင်းတွေလဲ အက်ကွဲနေပြီ။ ငါ့ သားသမီးတွေ သတိရရင်ကြည့်ဖို့ ဓာတ်ပုံ အဟောင်းလေးတွေ ရှိရင်တော်ပြီ။

ငါက နိုင်ငံရေးသမားကို မဖြစ်ချင်ခဲ့တာ။ အခြေအနေတွေက တွန်းပို့ခဲ့တယ်။ ဗြိတိသျှတွေ အရေးနိမ့်ပြီး ဂျပန်တွေ ရက်စက်မှုတွေ ခံခဲ့ရတယ်။ လူတွေ စိတ်ဓါတ်တွေ ပျက်လာတယ်။ နောက်တော့ ကွန်မြူနစ်တွေလက်ထဲ အာဏာ မရောက်အောင်လုရပြန်ရော၊ အဲဒီ အခြေအနေတွေက လီကွမ်ယု ဖြစ်အောင် စေ့ဆော်ခဲ့တာပဲ။

ဒေါက်တာ ကေကေတန်နဲ့တွေ့တယ်။ သူက ဗုဒ္ဓဘာသာထဲက ထင်ရှားတဲ့ ပညာရှင်ပေါ့၊ သူ့နည်းက ရောဂါ အကြောင်းတွေးပြီးကြောက်နေတာထက် “ငါသေရမယ်၊ ငါသေရမယ်” ဆိုပြီး နှလုံးသွင်းခိုင်းတယ်၊ အစပိုင်းတော့ တော်တော်ခက်တယ်၊ တဖြေးဖြေးနဲ့ အဆင်ပြေလာတယ်၊ အသက်ရှုတာ ညင်သာလာတယ်၊ မှတ်ရတာ ကောင်းပြီး ငြိမ်းချမ်းလာတယ်။

 တခါတရံ တတိယ မျက်လုံးနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်တယ်။ စကြာဝဠာကြီးထဲမှာ ငါဆိုတဲ့ ကောင်ဟာ တကယ့်ကို အသေးအမွှားလေးပဲလို့ မြင်တဲ့အထိပဲ။ တရားထိုင်တာဟာ တကယ်ကို ငြိမ်းချမ်းတယ်၊ ကျောင်းတွေမှာတောင် ကလေးတွေကို သင်ကြားပေးသင့်တယ်လို့ထင်တယ်
ငါ့ ဇနီးကော ငါကိုယ်တိုင်ကော ငါ့ ကလေးတွေ အတွက် ဂုဏ်ယူတယ်၊ ဝန်ကြီးချုပ်ကလေးတွေဆိုပြီး ပျက်စီးနေသူ တွေ လူလိမ် လူညာတွေ မဟုတ်ကြဘူး။

 ကောင်းတာလုပ်တယ်။ ရိုးသားတယ်။ ကျောင်းကို လိုက်မပို့နိုင်တဲ့ နေ့တွေဆို သူတို့ ဘတ်စ်ကား စီးပြီးသွားကြတယ်။ သူတို့ကို သာမန်ကလေးတွေလိုဖြစ်ဖို့လည်း ငါတို့က မျှော်လင့်ထားတယ်။
အခမ်းအနားတွေမှာ လူတွေက ထရပ်ပေး၊ အရိုအသေပေး ပန်းကုံးတွေစွပ် ဒါတွေကို ငါဂရုမစိုက်ဘူး၊ မရှိလဲ ဖြစ်တယ်၊ တချို့ နိုင်ငံ ခေါင်းဆောင်တွေကတော့ ဒါမျိုးတွေ မပါရင် သိပ်သဘောမတွေ့ဘူး၊ ဒါပျော့ညံ့မှု တစ်မျိုးလို့ ငါယုံကြည်တယ်။

 မြန်မာနိုင်ငံအပေါ် အမြင်
--------------------------
မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ ထုံထုံအအနဲ့ မိုက်မိုက်မဲမဲ လူမျိုးတွေပဲ။ သူတို့နဲ့ ပြောရတာဟာ လူသေကောင်တွေကို ပြောနေရသလိုပဲ။
မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုပင် အောင်မြင်အောင် စီမံခန့်ခွဲ နိုင်စွမ်း မရှိရှာကြဘူး၊
မြန်မာနိုင်ငံပြောင်းလဲဖို့က လူငယ်စစ်ဗိုလ်တွေဆီရောက်သွားမှာ၊ ထိုင်းတိုးတက်လာတာကို လှမ်းမြင်နေရတယ်၊ သူတို့ဟာ အထီးတည်း ကျန်ရစ်ခဲ့ကြတယ်၊ လူကြီးတွေက ချမ်းသာပြီးရင် ချမ်းသား နိုင်ငံ မွဲပြီးရင်းမွဲ အရည်အသွေး မမှီတဲ့ ဒေါက်တာတွေ ဆေးမရှိတဲ့ ဆေးရုံတွေ မစွံတဲ့ပညာရေး နိုင်ငံကို ဘယ်သူက ဒီလို မြင်ချင်မလဲ။
သူတို့မှာ ဦးနှောက်နဲနဲလေးရှိရင်တောင် တံခါးဖွင့်ရမှာ၊ တံခါးဖွင့်ရင် လူထုကို ပညာသင်ပေးရတော့မယ်၊ လိုက်လာ မယ့် အကျိုးဆက်တွေကလည်း အများကြီး၊
ကမ္ဘာ့ခေါင်းဆောင်များမှတ်ချက်
---------------------------------
အိုဘားမား
-----------
စင်ကာပူလွတ်လပ်ရေး ရပြီး အမြင်ထက်သန်စွာနဲ့ဦးဆောင်ခဲ့ပြီး ဒီနေ့ ကမ္ဘာပေါ်မှာ အကြွယ်ဝ အစည်ပင်ဆုံး နိုင်ငံတစ်ခု ဖြစ်အောင် တည်ဆောက်ပေးခဲ့သူပါ။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ
---------------------
အရှည်ကို တွေးတတ်တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်၊ ခြင်္သေ့လို ရဲရင့်တဲ့သူမျိုး၊ လူတိုင်းအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ပေးခဲ့ပါတယ်။
ဗြိတိသျှဝန်ကြီးချုပ်ကင်မရွန်း
-------------------------
စင်ကာပူကို လူနည်းနည်းလေးပဲ တတ်နိုင်လောက်တဲ့ နည်းလမ်းမျိုးနဲ့ တစ်ကိုယ်တော် ပုံသွင်းတည်ဆောက်ခဲ့သူ၊ ကမ္ဘာမှာ အအောင်မြင်ဆုံး ရာဇဝင်တွေ ဖန်တီးနိုင်ဖို့ လုပ်ဆောင်ပေးခဲ့သူဖြစ်တယ်၊
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
------------------------
အာရှတိုက်က အထူးချွန်ဆုံး ခေါင်းဆောင်တစ်ယောက်၊ သူရဲ့ ဦးဆာင်မှု စွမ်းရည် အမြင်ထက်သန်မှုတွေဟာ နှိုင်းယှဉ်ပြစရာမရှိပါဘူး၊ သူဟာ တစ်ကမ္ဘာလုံးက လေးစားအတုယူရသူတစ်ယောက်ပါ၊
တရုတ်သမ္မတ ရှီကျင်းပင်
----------------------
နိုင်ငံတကာက ကျယ်ကျယ်ပြန်ပြန့်လေးစားရသူ၊ တကယ့်ကို ထူးချွန်တဲ့ မဟာဗျူဟာသမား၊ နိုင်ငံရေးသမားကောင်း တစ်ယောက်၊ ပြီးတော့ တရုတ် စင်ကာပူ ဆက်ဆံရေးကို အခြေချပေးခဲ့တဲ့ စံပြ ပုဂ္ဂိုလ်ကြီးဖြစ်တယ်။

https://www.facebook.com/moe.hein.129794/posts/798116936937323 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...