စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက် ၉၅ နှစ်ပေမယ့် အပြေးသန်သေးသူ





ပုံမှာ မြင်တွေ့နေရတဲ့ အဘိုးအိုဟာ အသက် ၉၅ နှစ်ရှိပြီဖြစ်ပြီး အသက် ၉၀ တန်းမှာ ကမ္ဘာ့အသက်အကြီးဆုံး အပြေး ချန်ပီယံအဖြစ် စံချိန်တင်ခဲ့ပါတယ်။ သူဟာ မီတာ ၂၀၀ ကို ၅၅.၄၈ စက္ကန့်နဲ့ စံချိန်ချိုးပြီး ယခင်က စံချိန်ချိုးဖူးသူထက် ထက် ၃ စက္ကန့်နီးပါး ပိုမြန်လို့ ဖြစ်ပါတယ်။

အသက်အားဖြင့်ကြီးရင်လည်း သူဟာ အကြီးဆုံးပါ။ အသက် ငယ်စဉ်တုန်းက သွား ဆေးကု ဆရာဝန် ဖြစ်ပြီး အသက်ကြီးလာမှ ကျန်းမာရေး ဆိုင်ရာ အားကစားများကို လိုက်စားခြင်း ဖြစ်ပါတယ်။ အသက် ၈၀ ပြည့်ခါနီးကနေ ကိုယ်ကာယံ ကြံ့ခိုင်ရေးအတွက် ကာယဗလ အားကစား ဆော့ပါတယ်။ အသက် ပြီးတော့ ပြေးခြင်းကိုပါ ကျင့်လာပြီး Indoor sprint လို့ခေါ်တဲ့ မိုးလုံ လေလုံကွင်းထဲမှာ ပြေးခြင်းကို သေချာ လေ့ကျင့်ယူခဲ့ပါတယ်။ အသက် ၉၅ နှစ် ရှိတဲ့ သာမန်လူတစ်ယောက်ဟာဆိုရင် အသက်ရှင်ရင်တောင်မှ လှုပ်ရှားမှု အင်မတန် နှေးကွေးတော့မယ့် အရွယ်တစ်ခု ဖြစ်ပါတယ်။ Charles Eugster လို့အမည်ရတဲ့ ယင်းအမျိုးသားဟာ ဆွစ်ဇာလန်နိုင်ငံသား တစ်ဦး ဖြစ်ပြီး ဗြိတိန်မှာ နေထိုင် လေ့ကျင့်နေခြင်း ဖြစ်ပါတယ်။

သူဟာ ယခုတော့ ကမ္ဘာ့စံချိန်ကို British Masters Athletics မှာ ပြသနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုလို အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဘာသာစကား သုံးဘာသာတတ်ပြီး ဆရာဝန်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ယခုတော့ အနားယူပြီးတော့ အားကစားကို လုပ်ခဲ့တာပါ။ အသက် ၆၅ နှစ်ပြည့်ရင် ဘဝဆိုတာ ဆုံးပြီးလို့ မိုင်းတိုက် ခံထားတဲ့ ပတ်ဝန်းကျင်မှာ သူဟာ ဘဝရဲ့ အောင်မြင်မှုအချိန်တစ်ခု ဖြစ်ကြောင်းကို ယခုလို သက်သေခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: telegraph
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...