စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆံပင်တွေ ဘာကြောင့်ဖြူ လာရတာလဲ?မဖြူ အောင် ဘယ်လိုလုပ်မလဲ?


                               
Melanocytes ခေါ်၊ ဆံပင်အိတ်များအတွင်းမှာရှိတဲ့ ဆံပင်အရောင်ခြယ် ကလာပ်စည်းများမှ ဆံပင်ရဲ့အရောင်ကို ထုတ်လုပ်ပေးပါတယ်။ကျွန်တော်တို့ အသက်ကြီးလာတဲ့အခါမှာ ၎င်းဆံပင်အိတ်တွေရဲ့ စွမ်းဆောင်ရည် တဖြေးဖြေးချင်း ကျဆင်းလာတာဟာ၊နောက်ဆုံး လုံးဝကို အရောင်ခြယ်ပစ္စည်းများ မထုတ်လုပ်နိုင်တော့သည်အထိအောင်ပါဘဲ။အဲဒီလို အရောင်ခြယ်ပစ္စည်း မရရှိတော့တဲ့အချိန်မှာ ထွက်လာတဲ့ဆံပင်တွေဟာ ဆံပင်ဖြူ တွေ ဖြစ်လာရပါတော့တယ်။

လူတစ်ဦးချင်းစီမှာ ဘယ်အသက်အရွယ်မှာ စပြီးဆံပင်ဖြူ မလဲဆိုတဲ့ မျိုးရိုးဗီဇ သတ်မှတ်ချိန်လည်း ရှိပါတယ်။ဗီဇပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဆံပင်ဖြူ ချိန် မတူညီဘူးဆိုတဲ့ သဘောပါဘဲ။ဆံပင်တွေဖြူ လာတာကို ဘယ်အရာကမှ ရပ်တန့် မပစ်နိုင်ပေမယ်လို့ ၊ပုံမှန်မဟုတ်ပဲ ဆံပင်တွေကို စောစောနဲ့ မြန်မြန်ဖြူ စေတဲ့ အခြေအနေ အရပ်ရပ်ကတော့ ရှိနေပါတယ်။ အဲဒါတွေကတော့ -

(၁)လည်ပင်းအကြိတ်(Thyroid)ရောဂါများဖြစ်တဲ့၊
-သိုင်းရွိုက်ဟော်မုန်း အထွက်နည်းသောရောဂါ(Hypo thyroid)
-သိုင်းရွက်ဟော်မုန်း အထွက်လွန်သောရောဂါ(Hyper thyroid)
-မျက်လုံးပြူး လည်ပင်းကြီးရောဂါ(Grave’s disease)နှင့်
-ဟာရှီမိုတို လည်ပင်းအကြိတ်ရောဂါ(Hashimoto’s disease)တို့ ဖြစ်ကြပါတယ်။၎င်းရောဂါများ ရှိ/မရှိ စစ်ဆေးပြီး၊ကုသမှု ခံယူနိုင်ပါတယ်။

(၂)ဗိုက်တာမင် B-12 ဓာတ်ချို့ တဲ့သော သွေးအားနည်းရောဂါကြောင့်လည်း ဆံပင်တွေကို စောစောနဲ့ မြန်မြန်ဖြူ စေပါတယ်။အစာအိမ်နှင့်အူလမ်းကြောင်း အခြေအနေ အမျိုးမျိုးကြောင့် B-12 ဓာတ်ကို အစာအိမ်မှ ကောင်းကောင်းမစုပ်ယူနိုင်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့်လည်း အသက်(၄၀)ကျော်လာသူတွေမှာ၊အူတွေက စုပ်ယူနိုင်တဲ့အားက မကောင်းတော့ပါဘူး။၎င်းကဲ့သို့  B-12 ဓာတ်ချို့ တဲ့ခြင်းမျိုး မဖြစ်ရအောင်၊B-12ဆေးပြားကို လျှာအောက်မှာထားပြီး စုပ်ယူခြင်းဖြင့် သွေးကြောထဲသို့ B-12 များ ဒါရိုက်ရောက်စေနိုင်တဲ့၊B-12 ငုံဆေးပြား(Sublingual B-12)များကို သောက်သုံးပေးနိုင်ပါတယ်။

(၃)အဖြူ ကွက်ပေါ်ရောဂါ(Vitiligo)ဖြစ်ပွားပါကလည်း အရေပြားမှာ ဆံပင်အိတ်(Melanocytes)များ ဆုံးရှုံးရလို့  ဆံပင်ဖြူ များ ထွက်ပေါ်လာစေပါတယ်။

(၄)ကျား/မ ဟော်မုန်းဓာတ်ကျဆင်းလာလို့ ၊သွေးဆုံးချိန်စောလျှင်လည်း ဆံပင်တွေကို စောစောနဲ့  မြန်မြန်ဖြူ စေပါတယ်။၎င်းကဲ့သို့ မဖြစ်ရအောင် အရွယ်ရလာတဲ့ အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ OG နှင့်တိုင်ပင်ပြီး သဘာဝဟော်မုန်းအစားထိုးကုသမှု ခံယူသင့်ပါတယ်။DHEA ခေါ် ဟော်မုန်းဆေးကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

(၅)ဆေးလိပ်သောက်ခြင်း၊စီးကရက်သောက်ခြင်းဟာလည်း ဆံပင်ဖြူ ခြင်းနှင့် ဆက်စပ်နေပါတယ်။

တရုတ်နှင့်အိန္ဒိယ တိုင်းရင်းဆေးပညာများတွင်တော့ ဆံပင်ဖြူခြင်းဟာ သွေးရဲ့အရည်အသွေး၊ ကျောက်ကပ်၏စွမ်းဆောင်ရည်တို့ နှင့်လည်း သက်ဆိုင်သည်ဟု ဆိုထားပါတယ်။၎င်းကဲ့သို့  သွေးနှင့်ကျောက်ကပ်ကောင်းဘို့ အတွက် စားသောက်ပေးရမည့် အစားအစာများကတော့-
-Hijiki seaweed(ကျောက်ပွင့်)
-Blackstrap molasses(ကြံသကာ စစ်ရည်)
-Black sesame seeds(နှမ်းအနက်စေ့)
-Nettles(ဖက်ယားပင်)
-Wheatgrass(ဂျုံ မြက်) နှင့်
-Chlorophyll(အစိမ်းရောင် ကလိုရိုဖီး)တို့  ဖြစ်ကြပါတယ်လို့  ဆိုထားပါတယ်။သို့ သော် ၄င်းတို့ ကို အလွန်အကျွံကြီးတော့ မစားသုံးသင့်ပါဘူး။

တရုတ်တိုင်းရင်းဆေးတွင်၊ဆံပင်ဖြူ ခြင်း မဖြစ်ရအောင်၊အသား/နို့ ထွက်ပစ္စည်းများနှင့်ဆားတို့ ကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်သင့်တယ်လို့ လည်း ဆိုထားပါတယ်။

တရုတ်တိုင်းရင်းဆေးတွင်၊ဆံပင်ဖြူ ခြင်းအတွက် He Shou Wu(Polygonum multiflorum or Fo-Ti)ခေါ် သစ်ခေါက်ကို စားဆေးအနေနဲ့  သွေးနှင့်ကျောက်ကပ်ကောင်းရန် အသုံးပြုကြပါတယ်။ အိန္ဒိယ တိုင်းရင်းဆေးတွင်လည်း Bhringaraj ခေါ် သစ်ခေါက်နှင့် Amla ခေါ် သစ်ခေါက်များကို စားဆေး လိမ်းဆေးများအဖြစ် အသုံးပြုကြပါတယ်။

အိန္ဒိယတိုင်းရင်းဆေးပညာတွင်၊ဆံပင်ဖြူ ခြင်းဟာ စိတ်ဖိစီးမှုများခြင်းနှင့်လည်း သက်ဆိုင်တယ်ဟု ဆိုထားပါသေးတယ်။

မှတ်ချက်။ ။ဆံပင်ဆိုးဆေးများတွင်ပါဝင်သော ဓာတုပစ္စည်းအချို့ ဟာ သွေးကင်ဆာ၊ ရိုးတွင်းချင်ဆီကင်ဆာ၊ဆီးအိမ်ကင်ဆာ၊ရင်သားကင်ဆာ စသည့်ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုနဲ့  ဆက်စပ်နေပါတယ်။

အားလုံး သက်ရှည်ကျန်းမာစွာဖြင့် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝအောင် ဆောင်ရွက်နိုင်ကြပါစေ ---

Ref;About.com's Medical Review Board.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...