စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“သဘောသိတာ တရား”




•••••••••••••••••••••••••
တရားဆိုတာ အဝေးကြီးမှာ လိုက်ရှာနေရတာမျိုး မဟုတ်ပါဘူး။ တရားရှာ ကိုယ်မှာတွေ့တဲ့ ဒီခန္ဓာမှာ တရားမပြတဲ့နေ့ရယ်လို့ မရှိပါဘူး။တရားက အချိန်တိုင်းပြနေတာ၊ မကြည့်လို့ မသိကြတာ။

ဆိုပါစို့ . . .
ထန်းလျက်စားရင်းလည်း ထန်းလျက်ကထန်းလျက်တရား ဟောသွားတာပဲ။
ထန်းလျက်က ချိုတယ်ဆိုတဲ့သဘောကလေး ဟောသွားပါတယ်။
အဲဒီသဘောကလေးဟာ တရားပါပဲ။ ငရုပ်သီးကလည်း စပ်တယ်ဆိုတဲ့သဘော ဟောပါလိမ့်မယ်။ ဒါပေမယ့် လူတွေက ချိုတဲ့၊ စပ်တဲ့သဘောကို မမြင်မသိကြဘဲ ၊ထန်းလျက်ကိုစွဲ၊ ငရုပ်ကိုစွဲနဲ့
အစွဲသာ အဖတ်တင်ကျန်ခဲ့ပါတယ်။

သဲနဲ့ပစ်တာနဲ့ ခဲနဲ့ပစ်တာ ခံရပုံချင်းမတူသလိုချိုတာစားတာ နဲ့ စပ်တာစားတာ
လျှာကိုတိုက်ခိုက်ပုံချင်း မတူပေဘူး။ တစ်ခါလောက် စိတ်ဝင်စားကြည့်စမ်းပါ။
ချိုချဉ်ငန်စပ် သဘောသတ္တိကလေးတွေ နောက်ဆုံးဘယ်လိုဖြစ်သွားတယ်ဆိုတာ သတိထားကြည့်စမ်းပါ။
သဘောသိတာ တရားပါပဲ။ တရားနဲ့နေပြီး၊တရားလုပ် နေပြီး၊တရားမှန်းမသိကြပါလား။
-【မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး】
Posted by►
www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...