စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ့်ချစ်သူ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေ စိတ်ပျက်ရလေ့ရှိတဲ့ အချက်များ



-----------------------------------------------------------------------------------
အမျိုးသားတွေဟာ ရိုးရိုးရှင်းရှင်းပဲ တွေးတတ်ကြပါတယ်။ အမျိုးသမီးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ ဘာကြောင့်များ ကိစ္စအတော်များများကို ရှုပ်ထွေးသွားအောင် လုပ်ကြတာလဲလို့ နားလည်အောင် ကြိုးစားကြည့်ပေမယ့် ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ သူမနဲ့ချစ်ရတာ မဟာအခွင့်အရေးတစ်ခုဖြစ်ပါတယ် ။ ဒါပေမယ့်လည်း တစ်ခါတစ်လေ သူမရဲ့ စိတ်ညစ်ညူးစရာ အလေ့အကျင့်တွေက တကယ်ကို သည်းမခံချင်စရာပါပဲ။ ဒီအချက် (၇)ချက်ကတော့ ကျွန်တော်တို့တွေ သူမတို့ဆီက မလိုချင်ဆုံးနဲ့ မလုပ်စေချင်ဆုံး အရာတွေပါပဲ။

(၁) မရပ်မနား ပွားခြင်း

စကားစမြည် ပြောဆိုခြင်းက ကောင်းပေမယ့် တရစပ်အမြှောက်နဲ့ ပစ်ရင်တော့ မကောင်းတော့ ဘူးပေါ့။ တိတ်ဆိတ်မှုဆိုတာ အမျိုးသားတွေအတွက် အရမ်းအဖိုးတန်တဲ့အရာပါ။ ဘယ်ဟာက မှားတယ်၊ ဘာဟာက မှန်တယ်၊ ဘယ်သူကတော့ဖြင့် ဘယ်လိုပြောလိုက်တာ၊ ဘယ်သူ ပြောတာကဖြင့် ဘယ်လိုမှားတာ စသဖြင့် ကရားရေလွှတ် ဆိုရင်တော့ အမျိုးသားတွေအတွက် အတော်လေး စိတ်ညစ်စရာပါပဲ။

(၂) သိပြီးသား မေးခွန်းတွေမေးခြင်း

ဝတ်စုံအသစ်တစ်ခါဝတ်တိုင်း သူမတစ်ခါမေးလေ့ရှိတတ်တာက “ကျွန်မ ကြည့်ကောင်း ရဲ့လားဟင်” ၊ “ကြည့်ရတာ ၀များနေလား” ဒါတွေပါပဲ။ ကျွန်တော်တို့ကလည်း အမြဲတမ်းဖြေခဲ့ သလိုပဲ ပြန်ဖြေရတဲ့အခါ ကြာလာတော့ ငြီးငွေ့စရာ ကောင်းလာပါပြီ။

(၃)အမျိုးသားများကို ပြောင်းလဲဖို့ကြိုးစားခြင်း

အမျိုးသမီးတွေက တစ်ခါတလေမှာ သူတို့ချစ်သူတွေကို ဘာဘီရုပ်လေးတွေလို ပြောင်းလဲပစ်ချင်တတ်ပါသေးတယ်။ တကယ်လို့များ သူမတို့မှာ အလုံးစုံထိန်းချုပ်ခွင့် ရနိုင်မယ်ဆိုရင် လက်သည်းနီလေးဆိုးပေး ၊ ပါးနီလေး ရိုက်ပေးတာမျိုးတောင် လုပ်လာမလားပဲ။ သူတခါမှ စိတ်မကူးဖူးတဲ့ လူသားတစ်ဦးဖြစ်အောင် ပျော့ညံ့လာအောင် သူမက ပုံသွင်းလိုတတ်ပါတယ်။

(၄) အမျိုးသားတွေရဲ့ စိတ်ပါဝင်စားမှုကို နားမလည်ခြင်း

အမျိုးသားများမှာ သူတို့စိတ်ပါဝင်စားတဲ့ အရာတစ်ခုစီရှိတတ်ကြပါတယ်။ ဂိမ်းကစားခြင်းက သူ့ကို ကလေးကြီးတစ်ယောက်လိုမဖြစ်စေပါဘူး။ သူတို့စိတ်ထက်သန်ရာကို လုပ်တတ်ကြပေမယ့် သူတို့ရဲ့အချစ်ရေးအပေါ် အမျိုးသမီးတွေထက်မလျော့တဲ့ စိတ်ဝင်စားမှု ရှိကြပါတယ်။

(၅)လူတကာကို ဖော်ရွေတတ်ပေမယ့် သူတို့နဲ့ဆိုရင်တော့

ဖော်ရွေတယ်ဆိုတာမှာ အမှားတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် လူတကာကိုတော့ ပျူငှာစွာ ဆက်ဆံနေပြီး ကိုယ့်လူနဲ့ဆိုရင်တော့ ခပ်တည်တည်နေတတ်တဲ့ ၊ အကျောကြီးနဲ့နေလေ့ရှိတဲ့ အမျိုးသမီးတွေကိုတော့ ဘယ်အမျိုးသားမှ နှစ်သက်မှာမဟုတ်ပါဘူး။

(၆) ကိုယ်ပိုင်နေရာများကို ချိုးဖောက်ဝင်ရောက်လိုခြင်း

အမျိုးသားများအတွက် ကိုယ်ရေးကိုယ်တာနဲ့ ပုဂ္ဂိုလ်ရေးကွက်လပ်လေးတွေရှိဖို့ တကယ်လိုအပ်ပါတယ်။ ဒါကို သက်ဆိုင်သူအမျိုးသမီးအနေနဲ့ နားလည်ပေးပြီး လေးစားမှုရှိပေးဖို့ လိုအပ်ပါတယ်။ နေရာတကာ ပါဝင်စွက်ဖက်နေတတ်ခြင်းက သူ့ကို စိတ်ရှုပ်ထွေး၊ စိတ်ပျက်စေပါတယ်။

(၇) တလောကလုံးကို ကြေငြာလိုခြင်း

အမျိုးသမီးတွေဟာ ရန်ဖြစ်တာနဲ့ပတ်သက်ပြီး အလွန်ထူးဆန်းတဲ့ အပြုအမူတွေ ပြုလုပ်တတ်ကြပါတယ်။ ရန်ဖြစ်ပွဲနဲ့ပတ်သက်ပြီး ပြီးတာနဲ့တပြိုင်နက် တကမ္ဘာလုံးသိအောင် ကြေငြာလိုသလားလို့ ထင်ရတဲ့အထိ နီးစပ်ရာ ဆွေမျိုး ၊ မိဘ အသိုင်းအ၀ိုင်းမှန်သမျှကို အမျိုးသား ဘယ်လောက်ဆိုးဝါးကြောင်း လိုက်ပြောပြတော့တာပါပဲ။ ဒီလိုကိစ္စလေးတွေကို ရှောင်ကြဉ်လိုက်ရင်တော့ သည်းခံနေရတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို ယခင်ကထက် ပိုပြီး ချစ်မြတ်နိုးလာမိတော့မှာ ကျိန်းသေနေပါပြီ။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.8442

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...