စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက် ၄၀ ပြည့်ရင်


ဘဝသက်တမ်းရဲ့ တဝက်ရောက်ရင် ဘယ်လိုဖြစ်နိုင်သလဲ။

အသက် ၄၀ ပြည့်ရင် ...

၀၁. ကိုယ်ကျွမ်းကျင်ပြီးသား လုပ်ငန်းခွင်ကနေ နေရာသစ်ကိုရောက်ကောင်းရောက်လိမ့်မယ်။

၀၂. ကိုယ့်ရဲ့အလုပ်သက်တမ်းမှာ အလုပ်စဝင်တုန်းအချိန်ကလို စိုးရိမ်မှုတွေ၊ ပူပန်မူတွေနဲ့ ပြည့်နှက်နေလိမ့်မယ်။

၀၃. အလုပ်ထဲမှာ လက်အောက်ငယ်သားတွေရဲ့ထိုးနှက်မူတွေကြောင့် ဒဏ်ရာတွေအပြည့်ရှိနေလိမ့်မယ်။

၀၄. ကိုယ်ကိုထိန်းချုပ်ထားသောသူက ဘယ်သူဖြစ်မလဲဆိုတာကို သိလာလိမ့်မယ်။

၀၅. အလုပ်ကို သေလောက်အောင်လုပ်ရမှာလားဆိုပြီး တွေးကြောက်နေလိမ့်မယ်။

၀၆. ကိုယ်က ကြိုးစားပြီး မကျော်ဖြတ်နိုင်သော အတားအဆီးတခုက ရှိနေလိမ့်မယ်။

၀၇. သူတပါးရဲ့ အကျိုးယုတ်စေမဲ့ အမိန့်တွေကို ပေးသင့်ရင်ပေးရပါလိမ့်မယ်။ နောက်ပြီး တစ်ယောက်ယောက်ကို သစ္စာဖောက်လိမ့်မယ်။

၀၈. ရုံးကလူငယ်တွေနဲ့ အပြင်မှာ ထမင်းသွားစားတဲ့အခါ ကိုယ့်ရဲ့လက်ကျန်ပိုက်ဆံလေးကို ကြည့်ပြီး စားချင်တဲ့ဟာကို မစားနိုင်။

၀၉. သမီးကလည်း ကိုယ့်ကို အလေးထားတော့မှာ မဟုတ်ပါ။

၁၀. အိမ်ပြန်လာရင် ကိုယ်ကိုစောင့်နေမဲ့သူက ရှိချင်မှလည်း ရှိလိမ့်မယ်။

၁၁. သီချင်းတွေ၊ ရုပ်ရှင်တွေကိုလည်း ငယ်ငယ်ကလောက် ကြည့်ချင်တော့မှာ မဟုတ်ပါ။

၁၂. ကိုယ်လည်း အဖေနဲ့ တပုံတည်းပါလားလို့ သတိထားမိလိမ့်မယ်။

၁၃. ပြေးစရာ ထွက်ပေါက်မရှိဘူးဆိုတာကိုလည်း သိလာလိမ့်မယ်။

၁၄. လက်ရှိနေရာက ကိုယ်ကတွေးထားခဲ့တဲ့ အတိတ်က ရည်မှန်းချက်တွေနဲ့ ဝေးကွာနေလိမ့်မယ်။

၁၅. ကြိုးစားရင်လည်း ဘာမှမဖြစ်နိုင်တော့ဘူးဆိုတာကို သိလာပြီး သူတပါးနဲ့ ပခုံးယှဉ်တဲ့အလုပ်ကို မလုပ်တော့ပါ။

၁၆. အိမ်မက်တွေ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေလည်းမရှိတော့ပဲ ကိုယ်က တကယ်လိုချင်တဲ့အရာကို ရယူဖို့ ဘဝခရီးသစ်ကို ထွက်လိမ့်မယ်။

၁၇. အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခုကိုချလိမ့်မယ်။ ဒီနေရာမှာ ဆက်ပြီးနေမလား။ နောက်တနေရာကို သွားမလားဆိုတာကို။

၁၈. အသက် ၅၀ ရောက်ရင်၊ ကျန်းမာရေး ချို့ယွင်းတာတဲ့ မိဘကို ဂရုစိုက်မယ်။

၁၉. အသက် ၅၀ ရောက်ရင်၊ ညနေခင်းမှာ လမ်းလျှောက်ထွက်ရတာကိုပဲ စိတ်ထဲမှာ ပျော်နေလိမ့်မယ်။

၂၀. အသက် ၅၀ ရောက်ရင်၊ သားသမီးတွေက ကိုယ့်ကိုဂရုစိုက်လာလိမ့်မယ်။ သမီးဖြစ်သူကလည်း အိမ်ထောင်ဘက်ကို အိမ်ကို ခေါ်လာလိမ့်မယ်။

၂၁. အသက် ၅၀ ရောက်ရင်၊ မိန်းက ရှင်ကျွန်မထက် ရှင်အရင်သေရင် ဘယ်လိုလုပ်ရမလဲလို့ ပြောလာလိမ့်မယ်။

၂၂. အသက် ၅၀ ရောက်ရင်၊ ဘဝမှာ နောင်တဆိုတာ မရှိတော့ပါ။ ဒီလမ်းက ကိုယ်ရဲ့လမ်းပဲဆိုတာကို သိလာလိမ့်မယ်။

၂၃. အသက် ၅၀ ရောက်ရင်၊ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့အရမ်းတွေ့ချင်လာလိမ့်မယ်။ ပြီးတော့ သူတို့နဲ့ တွေ့ကြုံခဲ့ရတဲ့ ဒုက္ခတွေ အတွေ့အကြုံတွေကို ဝေမျှနိုင်လိမ့်မယ်။

အသက် ၄၀ ကျော်လာရင် အသက်နဲ့ထပ်တူ ဘဝမှာ ပျော်ရွှင်မူတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းနေပါတယ်။

Chelmo Team

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...