
အရမ်းပူတဲ့ နွေရာသီမှာ အပြင် ထွက်တာပဲ ဖြစ်ဖြစ်၊ အိမ်ထဲမှာ နေတာပဲ ဖြစ်ဖြစ်
သနပ်ခါး လိမ်းထားခြင်းက မျက်နှာကို အထူးပင် အေးမြစေမှာ ဖြစ်ပါတယ်။
အထူးသဖြင့် နေ့စဉ် အပြင်ထွက်တဲ့ သူတွေအတွက် ကတော့ နွေရာသီမှာ သနပ်ခါး ထူးထူးလိမ်ခြင်းဖြင့် ကျန်းမာရေး အတွက် သာမကဘဲ အလှအပ အတွက်ပါ
ကောင်းမွန်စေပါတယ်။
သနပ်ခါးဟာ မျက်နှာတစ်ခုထဲ မဟုတ်ဘဲ ခြေတွေလက်တွေ လိမ်းရင်လည်း အပူဒဏ်ကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် သနပ်ခါးကို စားရင်လည်း ဝမ်းတွေ အပူများကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။ ကလေးငယ်လေးတွေ နွေရာသီမှာ အရမ်းပူနေရင် တကိုယ်လုံး သနပ်ခါး လိမ်းပေးခြင်းက သက်သာစေနိုင်ပါတယ်။
သနပ်ခါး တစ်ပင်ဖြစ်ဖို့ အတွက်လည်း နှစ်ရှည်လများ စောင့်စားရပြီး အလွန်လည်း တန်ဖိုးရှိပါတယ်။ သနပ်ခါဟာ ကျန်းမာရေး အတွက်ရော အလှအပ အတွက်ပါ
ကောင်းမွန်စေပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/posts/856159654427288
No comments:
Post a Comment