စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘာဘီရုပ်ပေါင်း ၁သောင်းခွဲ ပိုင်ဆိုင်သူ


                
ပုံမှာ မြင်တွေ့ နေရတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ဟာ ကမ္ဘာပေါ်မှာ ဘာဘီ အရုပ်အများဆုံး ပိုင်ဆိုင်သူအဖြစ် ၂၀၁၁ ခုနှစ်ကတည်းက စံချိန်တင်ထားသူ ဖြစ်ပါတယ်။

အရုပ်ပေါင်း ၁သောင်းခွဲကျော်ကို ပိုင်ဆိုင်ပြီး သူမ အသက် ငါးနှစ်သား အရွယ် ၁၉၆၆ ခုနှစ်လောက်ကတည်းက စစုခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဆုံး ပေါ်တဲ့ Doll တွေတောင် ရှိပြီး သူမမှာ မရှိတဲ့ အရုပ်ဆိုတာ ရှားပါတယ်။ ပထမ တစ်ရုပ်စရပြီး စုလိုက်တာ အသက် ၁၈ နှစ်ပြည့်တဲ့အချိန်မှာကတည်းက သူမပိုင်ဆိုင်တဲ့ အရုပ်ဟာ အခန်း ပြည့်နေပါပြီ။ ဒီလိုပဲ ဝယ်ပြီးတော့ စုလိုက်တာ အိမ်ထောင်ကျတဲ့ အချိန်တောင် အဝယ်မရပ် ပါဘူးတဲ့။

ခင်ပွန်းကိုယ်တိုင် အံ့သြပေမယ့် သူမရဲ့ အကျင့်ကို လက်ခံပေးခဲ့ပြီး ၂၀၁၁ ခုနှစ် အရောက်မှာ သူမရဲ့ အရုပ်ဟာ ဂင်းနစ် စံချိန်တင်ရလောက်အောင် များသွားခဲ့ ပါတယ်။ သူမလက်ရှိ ပိုင်ဆိုင်ထားတဲ့ အရုပ်များကို ပေါင်းလိုက်ပြီး လက်ရှိ ဈေးနဲ့ တန်ဖိုးဖြတ်ရင်တောင် ဗြိတိန်ပေါင်း ၂ သိန်းအထက်မှာ ရှိကြောင်း သိရပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)

 https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...