စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ဝန်ထမ်းများကိုစိတ်တက်ကြွပြီး အလုပ်ပိုကြိုးစားအောင် လှုံ.ဆော်နည်း (၃၇)နည်း - အပိုင်း (၃)




၁၉။ အလုပ်အကိုင်အသက်မွေးဝမ်းကြောင်းလမ်းကြောင်းချပြီးဆွေးနွေးပေးပါ။
- ၀န်ထမ်းတစ်ယောက်ကသူရာထူးတိုးသထက်တိုးအောင်ကြိုးစားပြီး ဘယ်လိုနေရာထိရောက်အောင်ကြိုးစားမယ်လို. သန္နိဌာန်ချ ရည်ရွယ်ထားတာမျိုး သေသေချာချာရေရေရာရာမရှိခဲ့ရင် သင်ကလမ်းကြောင်းချပြီးကြိုးစားချင်စိတ်ရှိအောင်ပြောပြ ဆွေးနွေးပေးပါ။ အဲ့လိုမှသင့်ရဲ.လက်ရှိဝန်ထမ်းတွေကလည်း သူတို.ဘယ်လိုကြိုးစားပြီးတိုးတက်အောင်လုပ်ရမလဲ သေသေချာချာသိပြီးအားတက်လာနိုင်သလို ၀န်ထမ်းအသစ်တွေကလည်း ၀န်ထမ်းဟောင်းတွေရဲ.ကြိုးစားမှုအပေါ် အတုယူလို.ရပါမယ်။

၂၀။ ဓလေ့ထုံးစံလေးတွေလုပ်ပါ။
- ကြီးကြီးမားမားအထိမ်းအမှတ်ရုံးပိတ်ရက်တွေဆိုရင် ၀န်ထမ်းတွေရော၊ ဖြစ်နိုင်ရင်ဝန်ထမ်းမိသားစုတွေပါ ပါဝင်ဆင်နွှဲလို.ရမယ့် အထိမ်းအမှတ်ဓလေ့ထုံးစံလေးတွေ လုပ်ပေးပါ။ ဥပမာ- ခရစ်စမတ်ရုံးရက်ရှည်မပိတ်ခင် ညစာစားပွဲလုပ်တာမျိုး၊
တခြားရုံးပိတ်ရက်တစ်ခုခုမှာ ခရီးတိုထွက်ပြီးအပန်းဖြေတဲ့ အစီအစဉ်မျိုးပေါ့။

၂၁။ ကိုယ်ပိုင်ရေးရာတွေကိုလည်းသိနိုင်ပြောနိုင်အောင်ကြိုးစားပါ။
- Personal ကိစ္စတွေဆိုတာမေးမြန်းပြောဆိုတာမျိုးလုပ်လို. မကောင်းပေမယ့် ဖြစ်နိုင်ရင်သူတို.ရဲ.ဘ၀၊ သူတို.နဲ.သက်ဆိုင်တဲ့အပြင်ကိစ္စလေးတွေလည်း သူတို.ပြောပြရင်ဖွင့်ချင်တာမျိုးရှိရင်ကြိုဆိုလက်ခံပေးပါ။

၂၂။ ဦးနှောက်ကိုအမြဲဖွင့်ထားပါ
- အသစ်အသစ်သော အကြံဥာဏ်၊ အစီအစဉ်တွေကိုလက်ခံနိုင်အောင် အမြဲတံခါးဖွင့်ထားပါ။

၂၃။ ရယ်မောပါ။
- ရယ်မောခြင်းဟာကောင်းတဲ့အလေ့အကျင့်ပါ။ ခင်မင်ရင်းနှီးမှု၊ စိတ်ကြည်လင်ပေါ့ပါးမှုတွေကိုပေးနိုင်တဲ့ရယ်မောခြင်းမျိုးကို ကူးစက်ပျော်ရွှင်စေပါ။

၂၄။ အပြောင်းအလဲတွေနဲ.လဲရင်းနှီးပါစေ။
- ပြောင်းလဲခြင်းတွေကိုသည်းခံရတာထက်၊ ပြောင်းလဲခြင်းနဲ.အတူရင်းနှီးကျွမ်းဝင်အောင်နေရတာကပိုခက်ပါတယ်။ ဒီလိုတိုးတက်တဲ့ခေတ်ကြီးမှာ အဲ့ဒီ့လိုနေနိုင်အောင်လေ့ကျင့်ဖို.ကလွယ်ကူပေမယ့် သင့်ဝန်ထမ်းတွေနေထိုင်တတ်အောင်လည်း အကြံပေးလေ့ကျင့်ပေးဖို. လိုပါတယ်။

၂၅။ အခြေအနေကိုလှုပ်ရှားထူးခြားအောင် လှုပ်ခါပေးပါ။
- နေ.တိုင်းစိတ်ဝင်စားစရာကောင်းအောင်လုပ်ပေးဖို.ဆိုတာကတော့ မလွယ်ပါဘူး။ အဲ့တော့တခါတလေမှာ အခြေအနေတွေကို လှုပ်ခါအောင်လုပ်ပေးနိုင်ဖို.လည်းလိုပါတယ်။ ဥပမာ- နွေရာသီရုံးပိတ်ရက်ကိုလကုန်မှစပေးရင် ဒီတစ်ခါလဆန်းကစပေးကြည့်ပါ။ တစ်နှစ်တစ်ခါမှလုပ်တဲ့ Meeting ကြီးကို မနက်စောစောမှာလုပ်လေ့ရှိရင် ဒီတစ်ခါတစ်နေကုန် ရုံးပိတ်ပေးပြီး ညနေကနေညထိဆွေးနွေးကျင်းပတာမျိုးလုပ်ပေးပါ။

၂၆။ အားသာချက်တွေကိုရှာဖွေပါ။
- ၀န်ထမ်းတွေရဲ.အဓိကအားသာချက်တွေကို ထုတ်ဖော်ရှာဖွေနိုင်တာက ခေါင်းဆောင်ကောင်း၊ အလုပ်ရှင်ကောင်းတို.ရဲ. အရည်အချင်းပါပဲ။

၂၇။ အချိန်အားအောင်လည်းစီစဉ်ပါ။
- အလုပ်ရှင်ခေါင်းဆောင်တစ်ယောက်အဖို. အလုပ်အားလပ်ချိန်ရှိဖို.ဆိုတာခဲယဉ်းလွန်းပေမယ့် တတ်နိုင်ရင်နေ.စဉ် ကိုယ်နဲ.စကားပြောတိုင်ပင်မယ်လို.ကြိုမစီစဉ်ထားတဲ့ ၀န်ထမ်းမျိုးအတွက် အချိန်သီးသန်.လေးအားလပ်အောင်လုပ်ပါ။

Wilson Chan (YK)

Credit : Startupcollective

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...