စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စာအုပ်စင်မှ. .



မိုးဖွဲဖွဲရွာသော တနင်္ဂနွေနေ့ တစ်နေ့တွင် ကျွန်ုပ်ထံသို့ ရန်ကုန်မှ မိတ်ဆွေတစ်ဦးနှင့် သူ၏သားတို့ ရောက်လာကြလေ၏။ ထိုမိတ်ဆွေတို့မှာ ကျွန်ုပ်တို့ နယ်စပ်ဒေသမှ ကုန်ပစ္စည်းများအား ရန်ကုန်မြို့ကြီးသို့ ကုန်သွယ် ရောင်းချသူများ ဖြစ်ကြပြီး ရိုးသာစွာ လုပ်ကိုင် ကြသဖြင့် နာမည်ကောင်းရပြီး အဆင်ပြေနေသူများဖြစ် လေ၏။

ထိုမိတ်ဆွေများနှင့် စကားပြောဆိုရင်း မိတ်ဆွေ၏သား အသက် ၂၀ ခန့် တက္ကသိုလ် ကျောင်းသားမှ ငွေရှာခြင်း ပညာနှင့် ပါတ်သက်သော အကြောင်းအား ကျွန်ုပ်ကို မေးလေ၏။ "ပညာတွေ ကတော့ လောကမှာ ငါအတတ်ဆုံး ဆိုတာမျိုး ဆရားကြီး ဆိုတာတော့ မရှိပါဘူး ဒါပေမယ့်လို့ ဘယ်ပညာမဆို ဇွဲ လုံးလ ဝိရိယနဲ့ လေ့လာရင် တတ်မြောက်တာဘဲ မဟုတ်ပါလား။ ဒါပေမယ့် တစ်ကယ့် လူလောကမှာ လက်တွေ့ ဘဝတွေထဲက အသုံးချ နယ်ပယ် မှာပေါ့ . . ခက်ပြီး ပရိယယ်များတဲ့ ပညာက ဘာလည်း ဘယ်သူ့ဆီမှာ သင်ယူရမလည်း ဆရာက ဘယ်သူလည်း ဒါကို ပြောပြပေးပါလား'' ဟု ကျွန်ုပ်အား မေးမြန်းလေ၏။ ကျွန်ုပ်အား အတည်မေး မြန်းနေခြင်း ဖြစ်ကြောင်း ကောင်းစွာ သိရာက ဘဝနှင့်ရင်းပြီး သိလာရသည့် အဖြေ တစ်ခုအား အဆိုပါ ဘီအေ ကျောင်းသားလေး နားလည်စေရန် ရှင်းပြရလေသည်။

''ဒီလိုရှိပါတယ် အများက လက်ခံထားတာက အခြား ပညာ တစ်ခုခု ဖြစ်ချင် ဖြစ်မှာပါ ဒါပေမယ့် ဘဝမှာ ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့ သမာအာဇီဝ လုပ်ပြီး မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ချမ်းသာအောင် ငွေရှာရတဲ့ ပညာကတော့ ကျွန်ုပ်၏ ဘဝ အတွေ့အကြုံအရ လက်တွေ့ ဘဝထဲက အခြား ပညာလေးတွေထက် သူက အတော်ကို ပိုခက်ခဲတယ်လို့ ထင်တာပါဘဲ။ ဘာလို့လည်းဆိုတော့ ရိုးသားစွာ သမာအာဇီဝဖြင့် ငွေရှာခြင်း အတတ်ပညာဟာ အရမ်း လွယ်နေခဲ့ရင် လူအားလုံး အရမ်းချမ်းသာနေမှာ ဖြစ်တယ်။ သမာအာဇီဝ မဟုတ်တဲ့ အလုပ်တွေဖြစ်တဲ့ ခိုး ဆိုး တိုက် စတဲ့ ရာဇဝတ်တွေလည်း ရှိလာမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါက ကျွန်ုပ်၏ အယူအဆ သက်သက်ဖြစ်ပြီး ငွေရှာခြင်းထက် အဆပေါင်းများစွာ နက်နဲ ခက်ခဲသော ပညာရပ်များ စွာလည်း ရှိပါသေးတယ်။ ဒါပေမယ့်လို့ မိမိ လိုအပ်တဲ့ ပညာတွေကို အတိုင်းအတာ တစ်ခု အထိ သင်ပြလမ်းညွှန်း ပေးနိုင်တဲ့ ဆရာတော့ ရှိတယ် အဲဒီဆရာက စာအုပ်ဘဲ" ဟု ကျွန်ုပ်လည်း စာအုပ်စင်ကို လက်ညိုးထိုးပြရလေ၏။

ဘီအေ ကျောင်းသားလည်း ဘာမှ ပြန်မပြောဘဲ စာအုပ်စင်ကို လှမ်းကြည့်နေလေရာ ကျွန်ုပ်က စာအုပ်တွေက လာတဲ့ ဒသနတွေ ပညာတွေဟာ ဘဝအတွက် လမ်းညွှန်ကောင်းများ ဖြစ်ကြောင်း စာအုပ်များမှ အလေ့အကျင့်ကောင်းများနှင့် အောင်မြင်ရန် အတွက် လမ်းညွှန်ပြီး ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းနိုင်ရန် နည်းလမ်းများလည်း ပေးကြောင်း စာဖတ်ခြင်းဖြင့် ဘဝ တစ်စစ တိုးတက်လာမည်ဖြစ်ကြောင်း ထပ်ရှင်းပြ ရလေသည်။

မိုးကလည်း တိပ်သွားပြီးဖြစ်၏ မိတ်ဆွေနှင့် သူသားလေးလည်း အချိန်မရသဖြင့် နုတ်ဆက်ထွက်ခွာလေပြီဖြစ်တော့သည် . .

Lazy Cat (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...