စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Presentation ကောင်းကောင်းတင်ဆက်နိုင်ဖို.အဓိကအချက် (၁၀)ချက်


               
၁။ လူအများနားလည်တဲ့စကားအသုံးအနှုန်းတွေနဲ.ပြောပါ။

- အကြောင်းအရာအများကြီးတင်ဆက်ရတာပဲဖြစ်ဖြစ်၊ အကြောင်းအရာနည်းနည်း တင်ဆက်ရတာပဲဖြစ်ဖြစ် နားလည်ရလွယ်တဲ့စကားအသုံးအနှုန်းတွေနဲ.ပဲပြောပါ။ ဒါမှနားထောင်တဲ့သူတိုင်း လွယ်လွယ်ကူကူနဲ.သဘောပေါက်နိုင်မှာလေ။

၂။ မတ်တပ်ရပ်ပြီးပြောပါ။

- ထိုင်ပြောနေတာထက်စာရင် မတ်တပ်ရပ်လိုက်၊ ဟိုဘက်ဒီဘက်နည်းနည်းလျှောက်လိုက်နဲ. လှုပ်ရှားမှုရှိရှိပြောတာကပိုအဆင်ပြေပါတယ်။

၃။ ပြောရတဲ့အကြောင်းအရာပေါ်မူတည်ပြီး အသံအနိမ့်အမြင့်အတက်အကျမှန်မှန်ရှိပါစေ။

- လူပရိသတ်ကိုကြည့်ပြီး အသံသြဇာကောင်းကောင်းနဲ.ပြောနိုင်ဖို.လိုသလို သူ.နေရာနဲ.သူအသံအနိမ့်အမြင့်အတက်အကျရှိမှ ပရိသတ်ရဲ. စိတ်ဝင်တစားနားထောင်မှုကိုရနိုင်မှာပါ။ အသံအနေအထားတစ်မျိုးတည်းနဲ. အသံသေထားပြီးပြောတာမျိုးက ကြာလာရင် ပရိသတ်ကိုပျင်းရိငြီးငွေ.သွားစေနိုင်ပါတယ်။

၎။ လူပရိသတ်ကို မျက်လုံးအကြည့်နဲ.လည်းထိတွေ.ပေးပါ။
- ကိုယ့်ခြေထောက် (သို.) ကြမ်းပြင် ကိုပဲအသေကြီးကြည့်နေတာမျိုး၊ လူတစ်ယောက်တည်းကိုပဲကြည့်ပြီး ပြောဆိုနေတာမျိုးတွေကိုရှောင်ပါ။ ဖြစ်နိုင်လူတစ်ဦးချင်းစီ ဒါမှမဟုတ် လူအတော်များများကို ဖြန်.ကြက်ပြီး အကြည့်နဲ.ထိတွေ.တာမျိုးလုပ်ပေးပါ။

၅။ ကြည့်စရာရှိအောင် ရုပ်ပုံကားချပ်များကိုအသုံးပြုပါ။

- ဂရပ်ဖ်တွေ၊ ပုံကားချပ်တွေ၊ ဇယားပုံတွေ၊ ဓါတ်ပုံရုပ်ပုံတွေ၊ ဗီဒီယိုပိုင်းတွေကို အသုံးပြုပေးပါ။ အလွန်အကျွံကြီးတော့မဖြစ်ပါစေနဲ.။ သင်အသုံးပြုလိုက်တဲ့ကြည့်စရာတွေက သင်တင်ဆက်မယ့်အကြောင်းအရာတွေကို ပိုစိတ်ဝင်စားစရာကောင်းပြီး နားထောင်ချင်အောင် အထောက်အကူပြုတာမျိုးပဲဖြစ်ပါစေ။ အနှောင့်အယှက်ဖြစ်တာမျိုး မဖြစ်ပါစေနဲ.။

၆။ သင့်ပြောစကားတွေကိုကြိုတင်ပြောဆိုလေ့ကျင့်ပြီး အချိန်ကိုတိုင်းတာပါ။

- သင်တင်ဆက်ပြောကြားရမယ့်အရာတွေကို အချိန်မှီပြောကြားနိုင်အောင်ကြိုးစားပါ။ ဖြစ်နိုင်ရင် မေးခွန်းတွေမေးလာနိုင်အောင်ပါ အချိန်ပိုအောင်ပြင်ဆင်ထားပါ

၇။ သင့် Presentation ကိုသေချာရေးဆွဲပြင်ဆင်ပါ။

- အရင်ဆုံးပြောမယ့်အကြောင်းအရာကိုမိတ်ဆက်ပါ။ ဘယ်အချက်တွေကို အဓိကသိစေချင်တာလဲဆိုတာ လည်းရှင်းပြပါ။ နောက်ဆုံးမှာ သင့်အကြောင်းအရာကို အကျဉ်းချုံးပြီးပြန်ပြောပြပါ။

၈။ တင်ဆက်ပြောကြားနေစဉ်တောက်လျှောက်လည်း အဓိကအကြောင်းအရာကို အာရုံစိုက်ထားပါ။

- သင့်အဓိကအကြောင်းအရာနဲ. မကိုက်ညီ မလိုအပ်တဲ့ အသေးစိတ်အကြောင်းအရာတွေကိုလည်း မပြောမိအောင်အာရုံစိုက်ထားပါ။

၉။ စိတ်လှုပ်ရှားမှုတွေကလျော့ချပါ။

- စိတ်အရမ်းမလှုပ်ရှားပါနဲ.။ အားမာန်အပြည့်နဲ.တင်ဆက်နိုင်ဖို.ပဲအာရုံစိုက်ထားပါ။ သတိတော့ရှိပါစေ။

၁၀။ မေးခွန်းတွေကို အတိကျအရိုးရှင်းဆုံးနဲ. တိုတိုနဲ.လိုရင်းရောက်အောင် ဖြေကြားပေးပါ။

- တကယ်လို.မေးခွန်းရဲ.အဖြေကို မဖြေနိုင်တော့ရင် နောက်တစ်ရက်သေချာ ရှင်းလင်းဖြေကြားပေးပါ့မယ်လို.ပြောပါ။

Wilson Chan (YK)

Credit : Pinterest

https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...