စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Interview မှာ လခ (Salary) နဲ.ပတ်သက်ပြီးစကားပြောရတဲ့အခါ.....





သင် Interview ဖြေတဲ့အခါ သင့်ကိုသင့်မျှော်မှန်းလစာဘယ်လောက်လဲ၊ ဒါမှမဟုတ် လစာနဲ.ပတ်သက်ပြီး ဘယ်လိုစဉ်းစားထားတာရှိလဲ စသဖြင့်မေးတာမျိုးကြုံလာရင် နားထောင်လို.လည်းကောင်း၊ဆွေးနွေးလို.လည်း အဆင်ပြေမယ့် နမူနာစကားလေးတွေ ဝေမျှပေးလိုက်တယ်နော်.....

၁။ အတိအကျတော့ပြောလို.မရဘူးခင်ဗျ။ ပြီးခဲ့တဲ့နှစ်ကတော့ တစ်လ၀င်ငွေ ××× ကနေ ××× တော့ရှိပါတယ်။

၂။ လခကတော့ ကျွန်တော်တို. ညှိနှိုင်းလို.ရပါတယ်။ သင့်လျော်အဆင်ပြေမယ့်လခမျိုးဆိုလက်ခံနိုင်ပါတယ်။

၃။ ကျွန်တော့်ရခဲ့တဲ့အတွေ.အကြုံတွေနဲ. လုပ်ဖူးတဲ့လုပ်ငန်းတွေပေါ်မူတည်ပြီးတော့ ××× နဲ. ××× အတွင်းဆိုရင်တော့ အဆင်ပြေပါတယ်။ (သင့်အနည်းဆုံးမျှော်မှန်းလစာက သူတို.အများဆုံးပေးနိုင်တဲ့ နှုန်းမျိုးဆိုရင်တော့ပိုအဆင်ပြေပါတယ်)

၎။ ဒါကတော့ ကျွန်တော်တို.မဆွေးနွေးရသေးတဲ့ Company ရဲ.အကျိုးခံစားခွင့်တွေနဲ. တခြားအကြောင်းအရာတွေအပေါ် မူတည်ပြီးတော့စဉ်းစားရဦးမှာပါ။ လူကြီးမင်းတို.ဖက်ကရော ဘယ်လောက်ဆိုရင် အလုပ်ခန်.လို.အဆင်ပြေနိုင်တာပါလဲ ???

၅။ လစာကိုမပြောခင် ကျွန်တော်ယူရမယ့်တာဝန်တွေနဲ. လုပ်ရမယ့်အလုပ်အသေးစိတ်ကို ပြောပြပေးရင်ရော အဆင်ပြေမလား???

အဲ့လိုစကားမျိုးပြောတာက Interview မှာအဆင်ပြေနိုင်ဆုံးမို.လို.မှတ်ထားရင် သင့်အတွက်အကျိုးရှိနိုင်မှာပါ။

Wilson Chan (YK)

Credit : Pinterest
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...