စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တရုတ်မိန်းကလေးငယ်တစ်ဦး၏ ငြင်းပယ်ခံလိုက်ရသော အမေရိကန် လူငယ်လေးတစ်ဦး

တရုတ်မိန်းကလေးငယ်တစ်ဦး၏ငြင်းပယ်ခြင်းကိုခံလိုက်ရသော အမေရိကန် ဆယ်ကျော်သက်လူငယ်လေးတစ်ဦး
 
အမေရိကန်လူငယ်တစ်ဦးသည်အင်တာနက်ပေါ်တွင်ရင်းနှီးကျွမ်းဝင်ခဲ့သောတရုတ်မိန်ကလေးငယ်ကိုချစ်ခဲ့မိသည့်အတွက်မိုင်ပေါင်း၇၀၀၀ကျော်ကိုဖြတ်သန်းခဲ့ပြီး
တရုတ်နိုင်ငံကိုအရောက်လာခဲ့ပါသည်။

ကံကောင်းခြင်းတွေနဲ့လွဲချော်ခဲ့သောအမေရိကန်လူငယ်လေးသည်တရုတ်မိန်းကလေးငယ်၏ငြင်းပယ်ခြင်း
ကိုခါးခါးသီးသီးခံခဲ့ရပါသည်“ကျဲကျန်း”ပြည်နယ်မှာရှိသည့်“xu”မြစ်ကမ်းနံဘေးတွင်
လူငယ်တစ်ဦးမူးမေ့လဲနေသည့်အတွက်ရဲတွေသွားရောက်ခေါ်ဆောင်လာခဲ့ပါသည်။သူ့နာမည်ကတော့
“Patt”လို့သိရပါသည်။“သူသတိမေ့နေတယ်။သူ့အန်ဖက်တွေထဲမှာသူလဲကျနေတယ်။သူကိုကြည့်ရတာရေထဲ ပြုတ်ကျထားပုံရတယ်။အ၀တ်အစားတွေမှာရေတွေစိုနေတယ်။သူမူးနေပုံလည်းရတယ်။ရေထဲကိုပြုတ်ကျသွားတာဖြစ်ပုံရတယ်။ရေကသိပ်တော့မနက်ဘူး။”
လို့ရဲဝန်ထမ်းတစ်ဦးကတော့သူနှင့်ပတ်သတ်ပြီးပြောပြသွားပါသည်။ 

Pattသည်အမေရိကားနိုင်ငံအိုဟိုင်းအိုတွင်နေထိုင်သူဖြစ်ပါသည်။ သူနှင့်တရုတ်အမျိုးသမီးငယ်သည်အင်တာနက်တွင်စကားပြောဆိုမိရာမှခင်မင်လာခဲ့ကြတာဖြစ်ပါတယ်
လို့ပြောပြပါသည်။သူနှင့်ခင်မင်ခဲ့သောအမျိုးသမီးငယ်၏အမည်မှာ“ရှောင်ချန်း
ဖြစ်ပါသည်။မိန်းကလေးငယ်သည်သူ့ဖုန်းခေါ်ဆိုမှုတွေကိုပြန်လည်မဖြေကြားသည့်အပြင်သူ့တယ်လီဖုန်းနံပါတ်ကိုလည်းဘလော့(ခ်)လုပ်ခဲ့ပါသည်။

ရဲဝန်ထမ်းတွေကတော့တယ်လီဖုန်းခေါ်ဆိုမှုတွေနဲ့ပတ်သတ်လို့မှန်ကန် ကြောင်းစစ်ဆေးအတည်ပြုခဲ့ပါသည်။အင်တာနက်ပေါ်တွင်တင်ထားတဲ့မိန်းကလေးငယ်၏ဓာတ်ပုံသည်ချောမော
သည့်အပြင်အင်္ဂလိပ်စာလည်းအလွန်ကောင်းမွန်တဲ့အတွက်“Patt”သည်သူမအပေါ်နှစ်သက်လာခဲ့ပါသည်။
နှစ်သက်လာခဲ့သည့်သူသည်အတွက်တရုတ်နိုင်ငံအထိလိုက်လာရှာဖွေတွေ့ဆုံခဲ့တာဖြစ်ပါ သည်။

သူ့တွင်ပါလာခဲ့သောပိုက်ဆံတွေလည်းပျောက်ဆုံးသွားသည့်အတွက်ဟိုတယ်တွင်အခမဲ့တည်းခိုခဲ့ရပါသည်။
သူ့ကိုမြစ်ကမ်းနံဘေးမှာတွေ့တွေ့ချင်းဆေးရုံသို့ပို့ဆောင်ပြီးကုသပေးခဲ့ပါသည်။အသက်အန္တရယ်
စိုးရိမ်ဖွယ်မရှိတော့ပေမဲ့တည်းခိုဖို့အတွက်တော့ငွေကြေးမလုံ လောက်ခဲ့ပါဘူး။ဒါပေမဲ့စိတ်ကောင်းရှိသည့်
ဟိုတယ်မန်နေဂျာ၏အကူအညီကြောင့်ဟိုတယ်တွင်ကျန်းမာရေးကောင်းလာသည့်အထိနေထိုင်ခွင့်ရခဲ့ပါသည်။
“အချစ်ရေးမှာကံမကောင်းခဲ့ပေမဲ့သူ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့တယ်။ဟိုတယ်မှာအခမဲ့နေထိုင်
ခွင့်ရခဲ့တယ်။အခုတော့သူ့နိုင်ငံအမေရိကားကိုချောမောစွာပြန်ရောက်သွားခဲ့ပါပြီ။သူမကြာခင်ကာလမှာ
ကောင်းမွန်တဲ့မိန်းကလေးငယ်တစ်ဦးနှင့်တွေ့ဆုံခွင့်ရမှာပါ။”လို့သူ့ကိုကယ်တင်ပေးခဲ့တဲ့ရဲဝန်ထမ်းကသူ့အတွက်အားပေးစကားပြောခဲ့ပါသည်။
သက်(Sou

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...