စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အတတ်ပညာတစ်ခုဖြင့် အသက်မွေးသည်



 အတတ်ပညာဟူသည် သေးငယ်သော်လည်း တစ်ဖက်ကမ်း ခတ်အောင် တတ်မြောက်ပါက အသက်မွေးလို့ ရနိုင်ပါသည်။ မိမိလည်း စိတ်ချမ်း သာသလို မိမိကို မြင်ရသူလည်း စိတ်ချမ်းသာမည်။ မိမိနှစ်သက်မြတ်နိုးပြီး ဝါသနာပါသော အလုပ်ဆိုက ပို၍ပို၍ပင် ပျော်ရွှင်ရပါမည်။

သူသည် တတ်ကျွမ်းသော ပန်းချီပညာဖြင့် အသက်မွေး ပါသည်။ ပုဂံရှိ သမိုင်းဝင် ပုံများကို ပန်းချီအဖြစ် ပြောင်းလဲခဲ့ပါသည်။ ထို့နောက်
ဘုရားဘေးတွင် ညီညာပြန့်ပြူးစွာ ခင်းကျင်းကာ ရောင်းချလျှက် ရှိပါသည်။ နိုင်ငံခြား ဧည့်သည်တွေကို ပြောပြ ရှင်းပြ နိုင်သော အင်္ဂလိပ်စာလည်း
ကောင်းစွာ ပြောတတ်ပါသည်။

သူ၏ လက်ရာများကို မြင်သူတိုင်းကလည်း နှစ်သက် ကြသည်။
ကောင်းမွန်သော အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ ဘုရား
စောင်းတန်းမှ ပန်းချီဆရာကြီးကို လေးစာမိပါသည်။ ဒါကြောင့် မိမိဘဝတွင် အသက်မွေး ဝမ်းကြောင်း ဖြစ်စေမယ့် ပညာရပ် တစ်ခုခုကိုတော့ လူတိုင်းလူတိုင်း တတ်ကျွမ်းသင့်ပါကြောင်း အကြံပြုရေးသားလိုက် ရပါသည်။

ကျော်လင်းနိုင် (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/pcb.860874230622497/8

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...