စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြောင်နဲ့ကြွက် ကာတွန်း အဖွင့်က ခြင်္သေ့



Metro-Goldwyn-Mayer(MGM) အမည်ရ အမေရိကန် မီဒီယာ ကုမ္ဗဏီကို အတော်များများ သိကြပါတယ်။ အဓိကကတော့ ကြောင်နဲ့ကြွက် ကာတွန်းနဲ့ အခြားသော နာမည်ကျော် ရုပ်ရှင်များရဲ့ အဖွင့်မှာ ဟိန်းပြနေတဲ့ ခြင်္သေ့မို့လို့ ဖြစ်ပါတယ်။

သူ့ကို Fagan လို့ခေါ်ပြီး အိမ်မွေး တိရစ္ဆာန် တစ်ကောင်လို ဖြစ်အောင် ပိုင်ရှင် တစ်ဦးက ငယ်ငယ်လေးကတည်းက မွေးထားခြင်း ဖြစ်ပါတယ်။ သူ့ကို အဓိက ဇာတ်ကောင်မှာ ထားတဲ့ Fearless Fagan အမည်ရ ရုပ်ရှင်ကို ၁၉၅၀ ဝန်းကျင် ရိုက်ကူး ရုံတင်ခဲ့ပါသေးတယ်။ သူ့ကို Metro-Goldwyn-Mayer ပိုင်ရှင်ဟာ ကုမ္ဗဏီရဲ့ အဖွင့်မှာ ဟိန်းဟောက်တဲ့ ခြင်္သေ့အဖြစ် အသုံးပြုရန် အိုင်ဒီယာ ရရှိခဲ့ပြီး အသံကို စစ်ဆေး အသံသွင်းခြင်းကို ယခုလို ပြုလုပ်ခဲ့ပါတယ်။

ပြီးတော့ စတူဒီယိုခန်းထဲမှာ သေချာ ချိန် ရိုက်ကူးပြီး သူ့ကို ဟိန်းဟောက်အောင်လည်း လေ့ကျင့်ယူခဲ့ပါသေးတယ်။ ဘယ်လောက်ပဲ အိမ်မွေး တိရစ္ဆာန်ဖြစ်တယ်လို့ ပြောပြော ခြင်္သေ့ဆိုတာ အသားစားတဲ့ သတ္တဝါ ပါပဲ။ အင်အားလည်း ကြီးပြီး အရိုင်းစိတ်လည်း ရှိသေးတာကြောင့် အန္တရာယ် ကြားမှာ ကုမ္ဗဏီ အမှတ်အသား တစ်ခုဖြစ်အောင် ယူခဲ့ကြတဲ့ Metro-Goldwyn-Mayer ကုမ္ဗဏီကို သြချခဲ့ကြ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...