စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆီးသွားစဉ် နာကျင်ခြင်းအတွက် အိမ်တွင်းကုထုံး


ဆီးသွားချိန် အရမ်းနာကျင်တယ်လို့ ခံစားရရင် Urinary Tract Infection အတိုကောက် UTI လို့ သုံးပါတယ်။ ဆီးလမ်းကြောင်း ကူးစက်ရောဂါ လို့ ဆိုသဗျ။ ဆီးသွားဖို့တောင် ခပ်လန့်လန့်။ ရုတ်တရက် ဆီးသွားရတာ နာကျင်တယ်လို့ ခံစားရရင် လွယ်ကူ အစွမ်းထက် နည်းလမ်းတွေလဲ လက်တကမ်းမှာ လက်လှမ်းမီပါတယ်။
(၁) Vitamin C ၅၀၀၀ မီလီဂရမ်ကျော် လိုအပ်ပါတယ် တဲ့။ ဆီးမှာ acidic ချဉ်တဲ့ အက်ဆစ်ဓာတ် ဖြစ်အောင် လုပ်ပေးဖို့ပါ။ ဒါမှ ဆီးအိမ်ထဲကို နာကျင်ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေ ၀င်မလာနိုင်အောင် ထိန်းသိမ်းပေးဖို့ ဗစ်တာမင် စီ ရှိနေဖို့ပါ။

(၂) ရေ။ ရေ မှန်မှန် သောက်ပေးရင် ဆီးသွားစေပါတယ်။ ဆီးသွားနေချိန်မှာ ဆီးကနေတဆင့် ဘက်တီးရီးယားတွေကို စွန့်ထုတ်ပေးပါတယ်။ ဆီးသွားရ နာကျင်နေပြီဆိုရင် ရေသာ ပိုသောက်ပေးပါ။ နာကျင်မှု သက်သာအောင် အပူထုပ် (ကြပ်ထုပ်) ကပ်ပေးလို့ရပါတယ်။

(၃) နာနတ်သီး။အင်ဇိုင်း ဘရိုမီလိန်း ကြွယ်ဝလှတဲ့ နာနတ်သီးထဲက Bromelain ဓာတ်ဟာ ရောဂါကူးစက် မ၀င်လာအောင် ကူညီ တိုက်ထုတ်ပေးနိုင်ပါတယ်။ နာနတ်သီး တစ်ပန်းကန်စာလောက်ဟာ infection ကို ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။

(၄) Cranberry Juice ။ ခရမ်ဘယ်ရီမှာ ပဋိဇီဝ အရည်အသွေးတွေ ရှိပါတယ်။ ခရမ်ဘယ်ရီဖျော်ရည် ၄ အောင်စ လောက်ဟာ ဆီးအိမ်ထဲ ရောဂါပိုး မကူးစက်အောင် ထိန်းပေးထားနိုင်ပါတယ်။ ဆီးသွားရင် နာကျင်နေပြီ ဆိုရင်တော့ ခရမ်ဘယ်ရီဖျော်ရည်ကို ၄ ခွက်ကနေ ၈ ခွက် အထိ သောက်ပေးလို့ရပါတယ်။ ဆရာဝန် ညွှန်းထားတဲ့ ဆေးတွေကိုဖယ်ပြီး Cranberry ပဲ စားသောက်တာတော့ မလုပ်နဲ့ပေါ့။

(၅) Blueberry ။ ဘလူးဘယ်ရီကလဲ ခရမ်ဘယ်ရီလိုပဲ ရောဂါပိုး ဖြစ်စေတဲ့ ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ ဘလူးဘယ်ရီဟာ ဆီးသွားစဉ် နာကျင်တဲ့ ဝေဒနာ ဖြစ်ပွားခြင်းကို ကောင်းကောင်း ကာကွယ်နိုင်တယ်လို့ သုတေသီတွေကလဲ ပြောကြပါတယ်။ ဘလူးဘယ်ရီကို morning cereal လို့ခေါ်တဲ့ မနက်ပိုင်း စားတတ်ကြတဲ့ မုန့်ကြွပ်တွေနဲ့ တွဲစားနိုင်ပါတယ်။

(၆) Baking Soda ။ မုန့်ဖုတ်ဆိုဒါ လ္ဘက်ရည်ဇွန်း ၁ ဇွန်းကို ရေ ၁ ဖန်ခွက်ထဲ ရောသောက်။ ဆီးကို ပုံမှန်အတိုင်း ဖြစ်စေပြီး အပျောက်လဲ မြန်ပါတယ်။ နာကျင်မှု နဲနဲလောက် စ ခံစားရပြီ ဆိုတာနဲ့ ရေထဲ မုန့်ဖုတ်ဆိုဒါ ထည့်သောက်လိုက်ပါ တဲ့။ ၂ ရက်လောက် မသက်သာသေးပဲ နာကျင်နေသေးတယ် ဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားလိုက်ပါတော့။

ဆောင်ရန်/ရှောင်ရန်
- ဆီးသွားချင်စိတ် ရှိနေရင်၊ ဆီးသွားလိုက်ပါ။ ဆီးမသွားသေးပဲ ထိန်းထား အောင့်ထားရင် ရောဂါ ဖြစ်စေမယ့် ဘက်တီးရီးယားတွေကို စုထားသလို ဖြစ်တတ်ပါတယ်။
-အမျိုးသမီးတွေကတော့ သက်တောင့်သက်သာရှိဖို့ အောက်ခံ၊ အတွင်းခံဘောင်းဘီကို ချည်သား ၀တ်ဆင်ပေးပါ။ အမျိုးသားတွေကတော့ လက်ဝှေ့ထိုး ဘောင်းဘီမျိုး ၀တ်ပေးပါ။
-ဆီးအိမ်ကို စပ်ဖျဉ်းဖျဉ်း ကျိန်းစပ်စပ် ဖြစ်တတ်တဲ့ အရက်ကို ရှောင်ကြဉ်ပါ။
-လိင်မဆက်ဆံခင် သန့်ရှင်းရေးလုပ်ပါ။ ပြီးသွားရင် ဆီးသွားလိုက်ပါ။ ကွန်ဒွမ် သုံးစွဲရင် UTI ကာကွယ်ဖို့ ပိုကောင်းပါတယ်။
- နာကျင်မှု သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။
-ကဖင်း ကိုတော့ လုံးဝ ရှောင်ပါ။ ကဖင်းကတော့ ဆီးအိမ်ကို စပ်ဖျဉ်းစေပါတယ်။

ဆီးသွားစဉ် နာကျင်တဲ့ဝေဒနာက အကြောင်းတစ်ချက်မက ဖြစ်တတ်ပါတယ်။ အရေးအကြီးဆုံးကတော့ ရောဂါဖြစ်စေတဲ့ အစားအသောက်၊ အပြုအမူတွေကို ရှောင်ဖို့ပါပဲ။ ကျန်းမာစေမယ့် နေထိုင်စားသောက်တဲ့ ပုံစံကသာ အကောင်းဆုံး ကာကွယ်ပေးတဲ့ ကုသနည်းဖြစ်ပါတယ်။

စောနွဲ့နေဆိုင် (ပူတာအို)
ကျန်းမာရေးသတင်းများ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...