စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပါချုပ်ဆရာတော်ဘုရားကြီး၏ သက်တော်(၇၅)နှစ်ပြည့် မွေးနေ့သြ၀ါဒ

            


▬+▬+▬+▬+▬+▬+▬+▬+▬+▬+▬+▬+▬+▬+▬+▬+
“မွေးနေ့အမှတ်တရသြ၀ါဒပြောရမယ်ဆိုရင် ဆုံးမစကားဆိုတာအင်မတန်မှ တန်ဖိုးရှိလို့ ဘုရားရဲ့သားတော်လေး ရှင်ရာဟုလာနေ့စဉ်နှင့်အမျှ သူ့ကိုဆုံးမတဲ့သူတွေပေါပါစေဆိုပြီး လက်ခုပ်နဲ့
သဲလေးကြုံးကြုံးပြီးတော့ ဆန္ဒကိုဖော်ပြလေ့ရှိတယ်။
.
ဒါကြောင့်မို့ -
ဘယ်သူ့ဆီကပဲဖြစ်ဖြစ် အကြံကောင်း၊ ဥာဏ်ကောင်း၊ ဆုံးမသြ၀ါဒစကားလိုအပ်တယ်နော်..။ ဒါ့ကြောင့်မို့လို့အဓိကကတော့ လူတိုင်းလူတိုင်းဟာ လူယဉ်ကျေးဖြစ်ဖို့လိုအပ်တယ်။ လူလည်ခေါင်မှာ
ပွဲလည်တင့်ဖို့ဆိုရင် ယဉ်ကျေးတဲ့စိတ်နေသဘောထား၊ ယဉ်ကျေးတဲ့အပြောအဆို၊ ယဉ်ကျေးတဲ့လုပ်ရပ်တွေရှိဖို့ ဆုံးမသြ၀ါဒဆိုတာလိုအပ်တယ်။
.
ဒါကြောင့်မို့ - ဆုံးမသြ၀ါဒက မယဉ်ကျေးတဲ့အတွေးအခေါ်တွေမယဉ်ကျေးတဲ့စိတ်ဓာတ်တွေ ၊ မယဉ်ကျေးတဲ့အပြောအဆိုတွေနားထဲမဖြစ်ရအောင်၊ မယဉ်ကျေးတဲ့အမူအရာတွေ မဖြစ်ပေါ်ရ
အောင် ပညာရှင်တွေကနေပြီးတော့ ဘယ်လိုနေရမယ်၊ ဘယ်လိုတွေးရမယ်၊ ဘယ်လိုပြောရမယ် ဆိုတဲ့ ဆုံးမသြ၀ါဒတွေ ။ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတဲ့ ဆုံးမသြ၀ါဒတွေ၊
အလွန်အရေးကြီးတာမျိုး။
.
ရဟန်းပဲဖြစ်ဖြစ်၊ ရှင်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ဆုံးမသြ၀ါဒနဲ့ကင်းပြီးတော့ မကြီးပွားနိုင်ဘူး။ ကိုယ့်ထက် သိတဲ့ တတ်တဲ့ပုဂ္ဂိုလ်တွေ ၊ကိုယ့်ထက်အသက်သိက္ခာဂုဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေဆီကနေပြီး
ဆုံးမသြ၀ါဒတွေ ရယူကြပါ။
.
ဒါ့ကြောင့်မို့ ဒီနေ့ အထူးပြောချင်တာ
“ ကိုယ့်ဟာ လူ့ဘ၀ရလာတဲ့အခါ ဘ၀ရဲ့တန်ဖိုးဖြစ်တဲ့ ကိုယ်ကျင့်သီလနဲ့ အသိပညာ ရရှိအောင် လူတိုင်းလူတိုင်းကြိုးစားအားထုတ်ကြရမှာပဲ ဖြစ်တယ်။ ပညာသည်သာလျှင် လူ့တန်ဖိုး၊ ကိုယ်ကျင့်
တရားသည်သာလျှင် လူ့တန်ဖိုး။ ဒီလောကမှာပဲ ဖြစ်ဖြစ်၊ ဘယ်လောကမှာပဲဖြစ်ဖြစ် ကိုယ်ကျင့်သီလနဲ့ ပညာဟာ အရာခပ်သိမ်းကို သရဖူးဆောင်းထားနိုင်တဲ့ အရည်အချင်းနှစ်ရပ်ပဲ
ဖြစ်တယ်။ “ကိုယ်ကျင့်သီလနဲ့ပညာဟာ အရာခပ်သိမ်းကို အောင်ပွဲရနိုင်တယ်” လို့ ဆိုတဲ့အဆုံးအမဟာ မြတ်စွာဘုရားရဲ့ ပိဋကတ်ထဲမှာ ထင်ထင်ရှားရှားကို ရှိတဲ့အဆုံးအမပဲဖြစ်တယ်။
.
ဒါ့ကြောင့်မို့ အခုလိုမွေးနေ့ပွဲကျင်းပတယ်ဆိုတာလည်းပဲ -တွေ့ကြဆုံကြတဲ့အခါမှာ အခုလို သြ၀ါဒတွေပြောနိုင်တယ် ။တစ်ဦးနဲ့တစ်ဦး မေတ္တာတွေဖော်ပြတယ်။ အကြင်နာတရားတွေ
ရှိကြောင်းဖော်ပြတယ်။ ၀မ်းသာကြောင်း မုဒိတာတရားတွေကိုဖော်ပြတယ်။ ဆိုတဲ့သဘာဝတရားတွေနဲ့ ပိုပြီးတော့စည်းလုံးညီညွတ်စြွာ ဖစ်ပြီး သီလဘက်က တိုးတက်အောင်၊ ပညာဘက်က
တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်လို့ မွေးနေ့အခါသမယမှာ လူတိုင်းလူတိုင်း၊ ရှင်တိုင်းရှင်တိုင်း၊ ကိုယ်ကျင့်သီလတွေကောင်းအောင်၊ အသိပညာတွေတိုးပွားအောင်
အသက်ရှင်နေသမျှကာလပတ်လုံး ကြိုးစားအားထုတ်ကြပါလို့ ဆုံးမစကားပြောကြားလိုပါတယ်။
.
- [ #အပြည်ပြည်ဆိုင်ရာထေရဝါဒ သာသနာပြု တက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာ ဘဒ္ဒ န္တနန္ဒမာလာဘိဝံသ ]
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...