စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ်ထွက်မိတာကို နောင်တရခြင်း !!!





ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဲ့ဒီ့အလုပ်ကိုလုပ်နေတုန်းတော့ စိတ်ရှုပ်စိတ်ညစ်ပြီး အဆင်မပြေဖြစ်တာတွေကများတယ်ပေါ့။ လခကလည်းထင်သလောပ်မများဘဲ သွားရတာကလည်းဝေး လုပ်ဖော်ကိုင်ဖက်တွေကလည်းကိုယ်နဲ.အစေးမကပ် ဘာမှကို အဆင်မပြေပါလားဆိုပြီးထွက်ခဲ့မိပါတယ်။ ဒါမှမဟုတ်လည်း အဲ့အချက်တွေထဲကတစ်ခုကြောင့် အလုပ်ဆက်လုပ်ချင်စိတ်မရှိတော့ဘူးဆိုပြီး ထွက်ခဲ့မိတာပါ။

တကယ်တမ်းအလုပ်လည်းထွက်ပြီးရော အလုပ်အဆင်သင့်ရှိတဲ့သူအတွက် မသိသာပေမယ့် စိတ်အလိုလိုက်ထွက်ခဲ့မိပြီးအလုပ်အဆင်သင့်မရှိတဲ့သူကျတော့ ဘာမှလုပ်စရာမရှိတဲ့အချိန်တွေကိုစရင်ဆိုင်ရပါတော့တယ်။ အစကတော့အနားယူလို.ကောင်းနေပေမယ့် တဖြည်းဖြည်းပျင်းရာကနေ စပြီးအရင်အလုပ်မှာတွေ.ခဲ့ကြုံခဲ့တာတွေကို နည်းနည်းသတိရလာပါမယ်။ အလုပ်အသစ်တွေထပ်ရှာနေပေမယ့်လည်း ရှာသမျှအလုပ်တွေက ကိုယ်နဲ.သိပ်မကိုက်လို.လက်မခံသေးတဲ့အချိန်ဆိုရင် ပိုဆိုးပါတယ်။ ဟိုအလုပ်ကထွက်ခဲ့မိတာ မှားပြီလားမသိဘူးဆိုတဲ့အတွေးက စ၀င်လာပါတော့တယ်။

အမှန်တကယ်တော့ အဲ့လိုနောင်တမရချင်ရင် တတ်နိုင်သမျှ ယခုလုပ်နေတဲ့ အလုပ်အပေါ်သည်းခံနိုင်သလောက်သည်းခံပါ။ အလုပ်တွေဘယ်လောက်ပေါတယ်ပဲပြောပြော တကယ်တမ်းအလုပ်တစ်ခုထွက်ပြီး အလုပ်တစ်ခုဝင်တယ်ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ အချိန်လည်းကုန်၊ လူလည်းပင်ပန်းပြီးရတဲ့အလုပ်က အရင်အလုပ်ထက်ပိုအဆင်ပြေတယ်ဆိုရင် အကြောင်းမဟုတ်ပေမယ့် အရင်အလုပ်ထက်ကိုပိုအဆင်မပြေရင်တော့ သင်နောင်တရရတာပဲအဖတ်တင်တော့တာပါပဲ။

အလုပ်လုပ်ခဲ့တဲ့သက်တမ်းကိုကြည့်ပြီးတော့လည်း သင့်ကိုယ်သင်သုံးသပ်သင့်ပါတယ်။ ဒီအလုပ်ကအဆင်မပြေဘူး ဘယ်လောက်ပြောပြော ကိုယ်လုပ်လာတာနှစ်ကြာနေပြီဆိုရင် ကိုယ်အလုပ်ကောက်ကာငင်ကာထွက်လိုက်တာမျိုးကတော့ မဖြစ်သင့်ပါဘူး။ သေချာအောင်စမ်းစစ်ပါ။ တခါတလေမှာ မပျော်မယ့်သာမပျော်တာ အလုပ်ထွက်ဖို.လောက်တော့လည်း သံယောဇဉ်မပြတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ကိုယ့်စိတ်ကို ကိုယ်သေချာအောင်မေးပါ။

အဓိကကတော့ ကိုယ့်ဆုံးဖြတ်ချက်ကိုနောင်တမရတတ်တာကတော့ အကောင်းဆုံးပဲမို.လို. တတ်နိုင်ရင်ဆုံးဖြတ်ချက် တစ်ခုမချခင် သေချာအောင် စမ်းစစ်စဉ်းစားစေချင်ပါတယ်။

Wilson Chan (YK)

www.work.com.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...