စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၁၀ နှစ်မက မျက်စိကွယ်ရာကနေ ဇနီးကို ပြန်မြင်ရသူ



ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသားဟာ မျက်စိကွယ်တာ ၁၀ နှစ်မက ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှ ဖြစ်ပြီး Mayo Clinic လို့ အမည်ရတဲ့ ကိုယ်ကျိုးမဖက် ဆေးပညာ ကုသ အဖွဲ့ရဲ့ ကြိုးစား ဖန်တီးပေးမှုကြောင့် မျက်လုံး ပြန်မြင်ခဲ့ရပါတယ်။

သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက မျက်စိကို ကွယ်စေအောင် ဆိုးရွားတဲ့ ရောဂါဝေဒနာကို ခံစားရပြီး ဆယ်နှစ် အကြာမှာတော့ တကယ်ပဲ ကွယ်ခဲ့ပါတယ်။ ဒီတော့ ၁၀ နှစ်လုံးလုံး မျက်စိမမြင်ပဲ နေထိုင်ရပါတယ်။ Mayo Clinic မှ နေပြီးတော့ bionic eye လို့အမည်ရတဲ့ ဇီဝ မျက်လုံး တစ်မျိုးကို ဖန်တီးလိုက်ပါတယ်။ မျက်လုံးရဲ့ အနောက်မှာ ကွန်ပျူ တာ Chip ပြားလည်း ပါဝင်ပါတယ်။ ယင်းမျက်လုံးကို မြင်ရစေဖို့က မျက်မှန်လည်း တစ်ထပ် တပ်ရပါသေးတယ်။ စမ်းသပ်နေစဉ်မှာပဲ မမျှော်လင့်ပဲ သူ့ရဲ့ ဇနီးကို မြင်တွေ့ခဲ့တာကြောင့် ဝမ်းနည်းဝမ်းသာ မျက်ရည်နဲ့ပဲ ပွေ့ဖက်ခဲ့ပါတယ်။

ဒါကြောင့်မို့ May Clinic က ဖန်တီးလိုက်တဲ့ မျက်စိ ပြန်မြင်ရစေမယ့် နည်းပညာဟာ ဘယ်သူ့ကိုမှ မျက်လုံး လှူစေစရာ မလိုတော့ပဲ နည်းပညာ မျက်လုံးနဲ့ ပြန်မြင်ရစေမယ့် နည်းလမ်း ဖြစ်ပါတယ်။ သာမန်လူ တစ်ယောက်ရဲ့ မျက်လုံးလို ကောင်းအောင် ဈေးလည်း သက်သာအောင် ဆက်လက် ပြု လုပ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...