စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Apple Cider Vinegar ပန်းသီးအရက်ရှာလကာ



ဘာတွေ ကောင်းသလဲ တဲ့။ ကောင်းကျိုးတွေ အများကြီး လို့ ပြောရမှာပါပဲ။ ကြို့ထိုးတာကအစ အအေးမိရောဂါတွေအထိ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်သလို တချို့လူတွေကလဲ ဆီးချို၊ ကင်ဆာ၊ နှလုံးရောဂါတွေ၊ ကိုလက်စထရော များနေတာတွေနဲ့ ကိုယ်အလေးချိန် ၀ိတ်ချတာတွေအထိပါ ဒီပန်းသီးအရက် ရှာလကာရည်ကို သုံးစွဲကြပါတယ်။

(၁) ပန်းသီးအရက် ရှာလကာရည်ကို ရေကလေးနဲ့ ရော ငုံသောက်။ ဘက်တီးရီးယား ကူးစက်လို့ ၀မ်းလျှောဝမ်းပျက် ဖြစ်စပြုနေရင် ပဋိဇီဝ ဂုဏ်သတ္တိတွေ ပါနေတဲ့ ဒီ Cider က ကူညီပေးနိုင်ပါတယ် တဲ့။ တချို့ ကျေးလက်ကုထုံးပညာရှင်တွေ ပြောတာကတော့ ပန်းသီးအရက် ရှာလကာရည် မှာ intestinal spasms လို့ခေါ်တဲ့ အူတွင်းမှာ ဆတ်ကနဲ အကြုံ့အဆန့် ဖြစ်သွားတာမျိုးကို သက်သာစေတဲ့ pectin ဓာတ် ပါဝင်တယ် လို့ ဆိုပါတယ်။ အဲဒါကြောင့် ပန်းသီးအရက် ရှာလကာရည်ကို လ္ဘက်ရည်ဇွန်း ၁ ဇွန်း ၂ ဇွန်းစာလောက်ကို ရေနဲ့ရောသောက် (သို့မဟုတ်) ပန်းသီးဖျော်ရည် ရိုးရိုး သောက်လဲ ရပါတယ်။

(၂) တအေ့အေ့ တအွတ်အွတ် ကြို့ ထိုးနေရင် Apple Cider Vinegar စတီးဇွန်း တဇွန်းစာလောက် သောက်လိုက်ပါ။ သူ့ရဲ့ ချဉ်တဲ့အရသာက လေပြွန်ချောင်း လမ်းကြောင်းထဲ ကြို့ထိုးတာကို ရပ်သွားပါစေလိမ့်မယ်။

(၃) Apple Cider Vinegar က အစာမကြေတာကိုလဲ ကာကွယ်ပေးပါသတဲ့။ ကိုယ်စားမယ့် အစာက လွယ်လွယ် မကြေနိုင်တဲ့ အစာဆိုတာ သိနေရင် အစာမစားခင် တငုံလောက် သောက်ထားလိုက်ပါတဲ့။ အစာမစားခင် နာရီဝက်လောက် ကြိုတင်ပြီး Apple Cider Vinegar စတီးဇွန်း တဇွန်းစာလောက်+ ပျားရည် တဇွန်းကို တဖန်ခွက်စာ ရေနွေးနွေးလေးထဲ ထည့်မွှေပြီး သောက်ရတာပါ။

(၄) Apple Cider Vinegar အရည် စတီး ၁ ဇွန်းစာ ကို ရော ထည့် သောက်ရင် နှာစေး နှာပိတ်တာလဲ ပျောက်တယ်တဲ့နော်။

(၅) လည်ချောင်းပြွန်ထဲ တဖျဉ်းဖျဉ်းနဲ့ လည်ချောင်း စ နာပြီ ဆိုတာနဲ့ Apple Cider Vinegar အရည်ကို ခွက်ရဲ့ ၄ ပုံ တပုံလောက်+ ရေနွေးနွေးကို ခွက်ရဲ့ ၄ ပုံ တပုံလောက် ရောထည့်ပြီး တစ်နာရီ တစ်ခါလေက် ပလုတ်ကျင်းလိုက် ထွေးလိုက် လုပ်ပေးရပါမယ်။ တချို့ ရောဂါပိုးတွေက ရှာလကာရည်နဲ့ ဖန်တီးထားတဲ့ အက်ဆစ်ဓာတ် ပါဝင်တဲ့ ပတ်ဝန်းကျင်မှာ မပျော်ပါဘူး တဲ့လေ။

(၆) မောပန်းနွမ်းနယ် အားအင်ကုန်ခမ်းနေသလိုမျိုးကိုလဲ Apple Cider Vinegar က ကောင်းကောင်း ပြန်ဖြည့်ပေးနိုင်ပါသတဲ့။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေနဲ့ စိတ်ဖိစီးမှု အရမ်းများနေရင် ကိုယ်ခန္ဓာထဲက မောပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့ လက်တစ် အက်ဆစ်ကို ဖြစ်ပေါ်စေပါတယ်။ Apple Cider Vinegar မှာက ပိုတက်ဆီယမ်နဲ့ မောပန်းမှုကို သက်သာစေမယ့် အင်ဇိုင်းတွေ ပါဝင်နေတာပါ။ နောက်တခါ ခြေကုန်လက်ပန်းကျ မောပန်းနွမ်းနယ်နေတယ် လို့ ခံစားရရင် ရေအေးအေး သို့မဟုတ် သစ်သီးဖျော်ရည် အေးအေးလေး တဖန်ခွက်ထဲကို Apple Cider Vinegar တဇွန်း ၂ ဇွန်းစာလောက် ထည့်သောက်ပေးပါတဲ့။

(၇) ညဘက် ခြေထောက် ကြွက်တက်တတ်သူတွေအတွက် ဆေးနည်း တစ်ခုရှိပါတယ်။ ကျေးလက်နည်းလို့လဲ ပြောကြပါတယ်။ Apple Cider Vinegar ၂ ဇွန်း+ ပျားရည် ၁ ဇွန်း+ ရေတခွက်ထဲ ရောထည့်သောက်တာပါ။

(၈) နောက်ဆုံးတစ်ချက်ကတော့ သွားကို ဖြူဖွေးစေတာပါ။ မနက်ပိုင်း Apple Cider Vinegar နဲ့ ပလုတ်ကျင်းပေးပါတဲ့။ သွားချေးတွေကို သန့်စင်စေပြီး သွားကို ဖြူစေပါတယ်။ ပါးစပ်နဲ့ သွားဖုံးမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်။ ပလုတ်ကျင်းပြီးရင် ပုံမှန်အတိုင်း သွားတိုက်လို့ရပါတယ်။ ပြီးတော့ တပတ်တခါလောက် Baking Soda မုန့်ဖုတ်ဆိုဒါနဲ့ သွားတိုက်ပေးမယ် ဆိုရင်လဲ သွားချေးတွေ ကွာပြီး သွားကို ဖြူဖွေးစေပါသတဲ့။ သွားတိုက်ဆေးနဲ့တိုက်တဲ့ပုံမျိုးပါပဲ။ ဒါ့အပြင် သွားကို ဖြူစေအောင် ဆားနဲ့လဲ တိုက်လို့ရတာပဲနော်။

စောနွဲ့နေဆိုင် (ပူတာအို)
ကျန်းမာရေးသတင်းများ

https://www.facebook.com/231741783686751/photos/a.231751513685778.10

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...