စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် ညောင်ရေ သွန်းပွဲးတော်


Vesak နေ. ဗုဒ္ဓနေ့အကြောင်းမှတ်သားစရာ (ကဆုန် ညောင်ရေသွန်းပွဲ)


    နိုင်ငံတိုင်းတွင် မိမိတို. ၏ ရိုးရာ အစဉ်အလာ အတိုင်း နေ.၊ ရက်၊ လ၊ နှစ် အမျိုးမျိုးကို သတ်မှတ် ကြသည် ဖြစ်ရာ ပြက္ခဒိန် အမျိုးမျိုး ရှိလေသည်။ Vesak Day နေ.ကို မြန်မာ နိုင်ငံတွင် နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြပါသည်။
မည်သို.ပင် ပြက္ခဒိန် သက္ကရာဇ် တွေ ကွဲပြား သော်လည်း ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ် အဖြစ် ကျင်းပ ပြုလုပ် ခြင်းဖြစ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ရည်ညွှန်းခြင်းပင် ဖြစ်ပေသည်။

မြန်မာတို. ၏ လတကာတွင် ကဆုန်လသည် အမြတ်ဆုံး ဟု အသိ အမှတ်ပြုကြသည် ။ ဤသို. အသိအမှတ် ပြုရာ၌ အကြောင်းတရား လေးပါးရှိ ပါသည်။
(၁)ပထမ အကြောင်းမှာ ဂေါတမ မြတ်စွာ ဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာ ဘုရားထံမှ နိယတ ဗျာဒိတ်ကို ခံယူသည်မှာ ကဆုန် လပြည့်နေ. ဖြစ်သည် ဟူသော အကြောင်းဖြစ်၏ ။




(၂)ဒုတိယ အကြောင်းမှာ နိယတ ဗျာဒိတ်ကို ခံယူ ခဲ့ပြီးနောက် ဤဘဒ္ဒ ကမ္ဘာတွင် မဟာ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ၌ ဂေါတမ မြတ်စွာဘုရား အလောင်း သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်တော် မူ၏ ။

(၃)တတိယ အကြောင်းမှာ မဟာ သက္ကရာဇ် ၁၀၃ ခု ကဆုန် လပြည့် နေ.တွင် ဂေါတမ မြတ်စွာ ဘုရားလောင်း တော်သည် ဗောဓိ မဏ္ဍိုင်၌ သဗ္ဗညုတ ဥာဏ်တော် ကိုရ၍ ဘုရားဖြစ်တော် မူ၏ ။

(၄)စတုတ္ထ အကြောင်းကား မဟာ သက္ကရာဇ် ၁၄၈ ခု ကဆုန် လပြည့်နေ.တွင် မလ္လာမင်း တို.၏ အင်ကြင်း ဥယျဉ်ဝယ် ဘုရားရှင် ပရိနိဗ္ဗာန် စံတော် မူခြင်း အကြောင်းဖြစ်၏။

ဤကဲ.သို. ကဆုန်လ၌ ထူးကဲသော အဖြစ်တို.ကို ဖြစ်တော်မူခြင်းကြောင့် ကဆုန်လကို အမြတ်ဆုံးလဟု မှတ်ယူ ကြပြီးလျှင် ကဆုန် လပြည့်နေ.၌ ညောင် ရေသွန်း ပွဲတော်ကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပကြသည်။
ညောင်ရေ သွန်းလောင်းခြင်းကား မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်တော်ရရာ ဗောဓိ ညောင်ပင်ကို ရည်စူး၍ ပူဇော်ခြင်း ဖြစ်သည်။ ထိုဗောဓိ ညောင်ပင်ရှိရာ ဌာနကို ဗောဓိ မဏ္ဍလ ဗောဓိ မဏ္ဍိုင် ဟုခေါ်ဆိုပါသည်။

“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်” အစချီသော စာဆိုတော်ကြီး လက်ဝဲသုန္ဒ၏ ရတုကဗျာ ရှိလေသည်။
“တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံး ကာလ၊ ရေအခန်း ခြောက်ဆုံး အချိန်၊ ရေပြတ်လပ် သော ကာလဖြစ်သည်။
ထို.ကြောင့် သစ်ပင် ပန်းမန် တို.သည် ညိုးနွမ်း ကြကုန်သည် ဖြစ်၏ ။ ဗောဓိ ပင်သည်လျှင် ရေရှား ပြတ်လပ် ညိုးလျော် သော်ကြောင့်
ယင်းကို လန်းဆန်း စိုပြည် လေအောင် ရေသွန်းလောင်း ကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ အမှီသဟဲ ပြု၍ ပွင့်တော်မူရာ ဗောဓိ ညောင်ပင်ကို ရေသွန်းလောင်း ခြင်းဖြင့် ညောင်ရေ သွန်းပွဲတော် ပေါ်ပေါက်လာရသည်။

လက်ဝဲသုန္ဒရ အမတ်ကြီးသည် မင်းမျက် သင့်၍ မဲဇာသို. ရောက်နေခိုက်ဝယ် “ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ” အစချီသော ရတုပိုဒ်စုံဖြင့် နေပြည်တော်ကို တမ်းတ ခဲ့ဖူးသည်။

Vesak နေ. တည်းဟူသော နေ.ထူးနေ.မြတ်ကို ဗုဒ္ဓဘာသာဝင် အပေါင်းတို.က ကဆုန်လပြည့်နေ. ဗုဒ္ဓနေ. ဟူ၍ အထိမ်း အမှတ်ကို ကျင်းပခဲ့ကြသည်မှာ မြန်မာ နိုင်ငံ၌သာမက စင်္ကာပူ၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံ တို.၌ လည်း ယင်းတို. ၏ သဘာဝ နှင့် အညီ စည်ကားစွာ ကျင်းပခဲ့ ကြပါသည်။

ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဖာန် စံဝင် တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ လူမျိုးတို့ အမွန်အမြတ် ထားသော ပွဲတော် တစ်ရပ် ဖြစ်ပါသည်။

Vesak နေ. ဗုဒ္ဓနေ. ဆိုတဲ့ အကြောင်းလေးကို ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ Clementi ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ၊ ၏ ကျောင်း တော် ၌ ( Vesak Day )နေ. တွင် ကျင်းပ ပြုလုပ်မည့် မြတ်ဗုဒ္ဓ၏ မွေးနေ. မင်္ဂလာ အတွက် လှူဒါန်းရေးသား ကုသိုလ်ပြု ပါသည်။

ကျန်းကိုး - မောင်ထင်၏ မြန်.မာ့ ဆယ့်နှစ်လရာသီ

မှတ်ချက်။ ။ အောက်ပါ လင့်မှ ကူးယူဖော်ပြ ပါသည်။
http://www.anantametta.org/2012/05/blog-post_02.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...