စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရန်ကုန်တက္ကသိုလ်၏ အစဉ်အလာနှင့် ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရန်


7337
အာရှတွင် အကောင်းဆုံးနှင့် အကြီးကျယ်ဆုံး တက္ကသိုလ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ခဲ့သော ရန်ကုန်တက္ကသိုလ်၏ အစဉ်အလာနှင့် ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရန် ပြည်သူ့သို့အိတ်ဖွင့်ပေးစာ ထွက်ရှိခဲ့ပြီး အဆိုပါ အိတ်ဖွင့်ပေးစာအား စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း၏ အဖွဲ့ ခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်သမ္မတ ၏ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဦးမြင့်က ၂၀၁၂ ခုနှစ် မေလ ၁၉ ရက် နေ့ရက်စွဲဖြင့် နိုင်ငံတော် သမ္မတထံသို့ လည်းကောင်း၊ ပြည်သူလူထုထံသို့ လည်းကောင်း အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအိတ်ဖွင့်ပေးစာအရ ရန်ကုန်တက္ကသိုလ်အား ဧရာဝတီမြစ်နှင့် နှိုင်းယှဉ်ပြထားပြီး ဧရာဝတီမြစ်ကဲ့ သို့ပင် ရန်ကုန်တက္ကသိုလ်ကို ပြည်သူလူထုတစ်ရပ်လုံးက ပိုင်ဆိုင်ကြောင်း၊ မြန်မာလူမျိုးများ၏ အမျိုးသားအမွေ အနှစ်လည်း ဖြစ်ကြောင်းနှင့် အနာဂတ် မျိုးဆက်သစ်အတွက် ရန်ကုန်တက္ကသိုလ်ကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိအခြေအနေ၌ အပန်းဖြေ နားနေစရာ အဆောက်အဦများ၊ အားကစားခန်းမများလည်း ရှိနေသော်လည်း ရန်ကုန်တက္ကသိုလ်နယ်မြေသည် နယ်မြေကျယ်ဝန်းပြီး အဆောက်အဦများ ဟာလာဟင်းလင်းဖြစ်နေ ကြောင်း၊ ထို့အတူ ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင်  အိမ်ယာမြေဈေးများ ထောင်တက်နေသောကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် တက္ကသိုလ်နယ်မြေက မျက်စိကျစရာ ဖြစ်နေကြောင်း၊ ထို့အတွက်သည်အန္တရာယ်များကို ကာကွယ်ရန် ကျောင်းသူကျောင်းသား များနှင့်အတူ ရန်ကုန်တက္ကသိုလ်ပြန် လည်စည်ကားလာရန် အလေးထား လုပ်ဆောင်ရမည့်  အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း ဖော်ပြပါရှိသည်ဟု သိရှိရသည်။
ထို့အတူ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာ ယခင်အတိုင်း ပြန်လည်မြင့်မားအောင် ဆောင်ရွက်ရေးတွင် အရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်သော ကျောင်းသားသမဂ္ဂ အဆောက်အအုံပြန်လည် တည်ဆောက်ရေးကို ဆောင်ရွက်ရန် တိုက်တွန်းထားသည်ကို တွေ့ရှိရပြီး ရန်ကုန်တက္ကသိုလ် ပင်မ၀န်းထဲမှ စာသင်ခန်းများ တွင် ဘွဲ့ကြို၊ ဘွဲ့လွန် ပုံမှန်သင်တန်းများ ပြန်သင်ကြားနိုင်ရေးတို့ပါဝင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...