စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဧ၀ရက်တောင်ထိပ်ကို ပထမဆုံး ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအောင်မြင်စွာ တက်ရောက်နိုင်ခဲ့

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ထိပ်ကို ပြီးခဲ့တဲ့ စနေနေ့က Nishet Majumder ဆိုသူ အမျိုးသမီးက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး
ဒါဟာ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး တစ်ဦးအနေနဲ့ ဧ၀ရက်တောင်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူမနဲ့အတူ ဘင်္ဂလားဒေ့ရှ် တောင်တက်သမား MA Muhit၊ လမ်းပြသမား ၃ဦးကို အဖော်လိုက်ပါသွားခဲ့ကြပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ Nishet ဟာ စာရင်းကိုင်တစ်ဦးဖြစ်ပြီး သူမရဲ့ ဧ၀ရက်တောင် ခရီးစဉ်ကို ဧပြီလ ၉ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။
ဧ၀ရက်တောင်ထိပ်ပေါ်ကို ဘင်္ဂလားဒေ့ရှ်စံတော်ချိန် နံနက် ၉နာရီ ၃၉မိနစ်မှာ ရောက်ရှိခဲ့တဲ့အကြောင်း နီရက်ဟာ မြေပြင် အခြေစိုက်စခန်းသို့ မိုဘိုင်းဖုန်းနဲ့ သတင်းပို့ ခဲ့ပြီး တောင်ရဲ့ အမြင့်ဆုံးနေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အလံကို စိုက်ထူခဲ့ပါတယ်။ ဒီနောက် ဧ၀ရက်တောင်ထိပ်မှာ ခေတ္တနေထိုင်ပြီး နီရှက်နဲ့ အဖွဲ့ဟာ တောင်ထိပ်မှ ပြန်လည် ဆင်းသက်လာခဲ့ကြပါတယ်။
သူမတို့အဖွဲ့ဟာ တောင်ခြေရှိ အခြေစိုက်စခန်းကို တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ပြန်လည် ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပြီး လာမယ့် သောကြာနေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အရောက်ပြန်ပို့နိုင်ဖို့ စီစဉ်ထားပါတယ်။ သူမရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာနဲ့ အတိုက်အခံ ခေါင်းဆောင်တို့ကလည်း ဂုဏ်ပြုချီးကျူးခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတစ်ဦး ဖြစ်တဲ့ Wasfia Nazreen ဟာ ဧ၀ရက်တောင်ကို တက်ရောက်ဖို့အ တွက် တောင်ခြေက အခြေစိုက်စခန်းကို ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။


MRTV-4

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...